Posts

Showing posts from May, 2023

α€”α€”်းα€œုံးα€€ြိုင်၏ ဆေးα€–α€€်ဝင်α€‘α€žုံးဝင်ပုံα€™ျား

Image
 α€”α€”်းα€œုံးα€€ြိုင်၏ ဆေးα€–α€€်ဝင်α€‘α€žုံးဝင်ပုံα€™ျား ထဓိကဆေးα€–α€€်ဝင်ပုံ α€žွားα€”ာ α€žွားα€–ုံးα€›ောင်α€›ောဂါ ပြα€Š်α€α€Š်α€›ောဂါα€™ျား α€žွေးα€šိုα€…ီးα€žော α€›ောဂါα€™ျား ဝမ်းထရေα€žွား α€›ောဂါα€™ျား α€Šောင်းα€€ျα€žောα€›ောဂါα€™ျားထတွα€€် α€‘α€žုံးပြုα€žα€Š်။ ဆေးα€–α€€်ဝင်ထစိတ်ထပိုင်း ထခေါα€€်၊ ထရွα€€်၊ ထမြα€…်α€–ြα€…်ပီး α€”α€”်းα€œုံးα€€ြိုင်ပင်၏ ထခေါα€€်α€‘α€›α€žာα€žα€Š် ခါး၍ ပူ၏။ စပ်၏။ ထဆိပ်α€€ို α€•α€š်တတ်၏။ α€žွေးα€–ောα€€်ပြα€”်ခြင်းα€šားα€šံခြင်း၊ ထနာပေါα€€်α€›ောဂါတို့၌ ထကျိုးပြု၏။ထစေးα€žα€Š်ချို၏။ ခွα€”်ထားα€€ို α€–ြα€…်α€…ေ၏။ α€€ာα€™α€€ို ထားပေး၏။ ထခေါα€€်α€€ို ဆန်ဆေးα€›α€Š်α€”ှင့်α€žွေα€žောα€€် ထားα€€ို α€–ြα€…်α€…ေ၏။ ထခေါα€€်α€€ို α€žα€”α€•်ခါးα€”ှင့်α€›ော၍ α€œိင်ထင်္ဂါα€€ို α€œိα€™်းα€€ြံပေးခြင်းα€–ြင့် α€€ာမထမှု ထောင်α€™ြင် α€…ေ၏ α€Ÿု α€”α€”်းတွင်းဆေးα€€ျα€™်း ပေα€…ာα€™ျားတွင် တွေ့α€›ှိα€›α€žα€Š်။ ဆေးα€–α€€်ဝင်α€‘α€žုံးပြုပုံ ၁။ α€Šောင်းα€€ျα€›ောဂါ၊ ဆီးပူα€›ောဂါα€™ျားα€–ြα€…်α€œျှင် α€”α€”်းα€œုံးα€€ြိုင်ထရွα€€်α€”ုα€€ို α€€ြိတ်၍ ဆီးα€žီးထကင်းခန့်α€œုံးပြီး α€”ံα€”α€€်၊ α€Š တစ်α€œုံးα€…ီ α€žောα€€်ပေးပါ။ ၂။ ဝမ်းα€‘α€›α€Š်α€žွားα€œျှင် ဝမ်းပျα€€်α€œျှင် α€”α€”်းα€œုံးα€€ြိုင်ထခေါα€€်ပြုပ်α€›α€Š်α€€ို မတ်ခွα€€်တစ်α€œုံα€…ာ တစ်α€–ြα€Š်း α€–ြα€Š်းခြင်း α€žောα€€်ပေးပါα€€ ဝမ်းရပ်α€…ေα€žα€Š်။ ၃။ α€žွားα€”ှင့် α€žွားα€–ုံးα€›ောဂါα€™ျား α€žွားα€”ာα€€ျင်ခြင်း၊ α€žွားα€–ုံးα€›ောင်ခြင်း၊ ပြα€Š်α€α€Š်ခြင်း၊ α€žွေးα€šိုα€…ီးခြင်း α€™ျားα€–ြα€…် α€œျှင် ထခေါα€€ိုထဖန်α€›α€Š

α€…ားတော်ပဲပြုတ်ကပေးα€žော α€€ျα€”်းα€™ာα€›ေးထကျိုးα€€ျေး​ဇူးα€™ျား

Image
 α€…ားတော်ပဲပြုတ်ကပေးα€žော α€€ျα€”်းα€™ာα€›ေးထကျိုးα€€ျေး​ဇူးα€™ျား 1. ပဲပြုတ်ထဲတွင် ထဆီဓာတ် α€”ှင့် α€€α€š်α€œိုα€›ီပါဝင်α€™ှု α€™α€›ှိα€žα€œောα€€်α€œွα€”်α€…ွာ α€”α€Š်းပါးα€žော်α€œα€Š်း၊ ထာα€Ÿာα€› ဓာတ်α€€ြွα€š်α€α€žောα€€ြောင့် α€€ိုα€š်ခန္ဓာα€‘α€œေးချိα€”် ပုံα€™ှα€”်ထိα€”်း α€žိα€™်းα€œိုα€žူα€™ျား α€™ှီဝဲα€…ားα€žုံးα€žα€„့်ပါα€žα€Š်။ 2. ပဲပြုတ်ထဲတွင်ချေα€–ျα€€်α€œွα€š်α€žောထမျှင်ဓာတ် ထမြောα€€်ထများပါα€›ှိ၏။ ထိုထမှြှငျဓာတျα€™ြားα€žα€Šျ ထစာခြေ α€œα€™်းα€€ြောင်းထတွင်း ထစာα€€ိုα€œှုပ်α€›ှားα€›ွေ့α€œျားα€…ေα€žα€Š့် α€‘α€œိုα€‘α€œျောα€€်α€€ြွα€€် α€žားα€œှုပ်α€›ှားα€™ှု α€€ို ထားပေး α€žα€–ြင့် ဝမ်းမချုပ်α€…ေပါα€˜ူး။ 3. α€…ားတော်ပဲပြုတ်ထဲတွင် nicotinic ထက်ဆစ် ပါα€›ှိα€žα€–ြင့်၊ α€žွေးထဲα€›ှိα€™α€€ောင်းα€žော α€€ိုα€œα€€်စထရော α€€ို α€œျော့ချပေးα€”ိုင်၏။ 4. α€…ားတော်ပဲα€žα€Š် α€žံဓာတ်ထရင်းထမြα€…်α€–ြα€…်ခြင်းα€€ြောင့် α€žွေးα€”ီα€₯ဆဲα€œ်α€™ျား α€€ို α€€ောင်းα€…ွာ α€α€Š်ဆောα€€်α€…ေ α€€ာ၊ α€žွေးထားα€”α€Š်း α€›ောဂါ α€”ှင့် α€‘α€œွα€”်ထမင်းα€™ောပမ်းခြင်းတို ့α€™ှ α€€ာα€€ွα€š်ပေးα€”ိုင်ပြီး၊ α€€ိုα€š်ခံα€…ွα€™်းထား α€€ိုတိုးတက်α€™ြင့်α€™ားα€œာα€…ေပါα€žα€Š်။ ထို့ပြင် ထဆုတ်ထဲα€›ှိ ထောင်α€…ီဂျင်α€€ို ခန္ဓာα€€ိုα€š် ထနှံ့ပို့ဆောင်ပေး၏။ 5. α€…ားတော်ပဲထဲတွင် lutein α€”ှင့် carotenoid တို့ပါα€›ှိα€žα€–ြင့်၊ ပဲပြုတ်α€€ို ပုံα€™ှα€”်α€…ားα€žုံးα€žော α€žူα€™ျားα€žα€Š် α€‘α€žα€€်ထရွα€š်α€€ြီးရင့် α€œာခြင်းα€€ြောင့် α€™ျα€€်α€…ေ့α€›ောဂါထမျိုးα€™ျိုးα€”ှင့် α€™ျα€€်α€…ေ့α€›ေတိ

α€€α€žော့ပုပ်ပင် ( α€€α€…ော့ပုပ်ပင် ) α€”ှင့် α€€ျα€”်းα€™ာα€›ေးဆေးα€‘α€žုံးဝင်ပုံ

Image
 α€€α€žော့ပုပ်ပင် ( α€€α€…ော့ပုပ်ပင် ) α€”ှင့် α€€ျα€”်းα€™ာα€›ေးဆေးα€‘α€žုံးဝင်ပုံ ~ α€™ိုးα€›ာα€žီα€™ှာ α€žα€˜ာဝပေါα€€်ပင်ထဖြα€…်တွေ့ရတဲ့ α€€α€žော့ပုပ် ပင်α€œေးတွေα€Ÿာ ဆေးα€–α€€်ဝင်α€œှတဲ့ ထပင်α€œေးတွေα€–ြα€…်α€œို့ α€žူ့ထကြောင်းα€œေး α€œေ့α€œာα€€ြα€Š့်ရထောင်။ • α€›ုα€€္ခဗေα€’α€‘α€™α€Š် - Cassia Occidentatis Linn • α€™ျိုးရင်း - CAESAPINIACEAE • α€™ြα€”်α€™ာα€‘α€™α€Š် - α€€α€žော့ပုပ်ပင်(α€€α€…ော့ပုပ်ပင်) • ENGLISH NAME - Negro Coffee • α€Ÿိα€”္α€’ီα€‘α€™α€Š် - ကဆောα€”္α€’ီ ~ ပင်α€„α€š် ပင်ပုα€™ျိုးα€–ြα€…်ပြီး α€”ေα€›ာα€’ေα€žα€™α€›ွေး ပေါα€€်တတ်ပါα€žα€Š်၊ α€›ွα€€်ဆိုင်ထွα€€်၍ ထရွα€€်ဝိုင်းပြီး ထဖျားα€žို့ α€‘α€”α€Š်းα€„α€š်α€›ှူးα€žွားα€žα€Š် α€’α€”့်α€€ျွဲပင်α€”ှင့် ပုံα€…ံတူပြီး α€’α€”့်α€€ျွဲပင်ထက်α€€ြီးα€žα€Š်၊ ထကိုင်းα€™ှာ α€”ူးα€Šံ့ပြီးထမွှေးα€”ုα€œေးα€™ျား α€›ှိα€žα€Š်၊ထဝါα€›ောင်ထပွင့်α€™ျား ထဆုတ်ထခိုင်α€œိုα€€် ပွင့်α€žα€Š်၊ α€‘α€žီးα€™ှာ α„α€œα€€္α€™ α…α€œα€€္α€™ ခန့်α€›ှα€Š်ပြီး α€‘α€žီးတောင့်တခုတွင် ထစေ့ ၁၀စေ့α€™ှ ထစေ့ ၂၀ ခန့်ပါα€›ှိပါα€žα€Š်။ ~ α€€α€žော့ပုပ်ပင်တွင် ထကြီး၊ α€‘α€žေး ၂မျိုးα€›ှိပြီး ထရွα€š်α€€ွဲပြားα€žော်α€œα€Š်း ဆေးα€–α€€်ထာα€”ိα€žα€„်တူα€žα€Š်၊ α€€α€žော့ပုပ်ပင်α€€ို ထချို့α€’ေα€žα€ို့၌ α€Ÿα€„်းပုပ်ပင် α€Ÿု၄င်း α€€α€…ော့ပုပ်ပင် α€Ÿု၄င်း ခေါ်α€€ြပါα€žα€Š် ထပင်၏ ပα€₯္စငါးပါးα€œုံးα€žုံးα€›α€žော်α€œα€Š်း ထထူးα€žα€–ြင့် ထရွα€€်α€”ှင့် ထစေ့α€€ိုα€‘α€žုံးα€™ျားα€€ြα€žα€Š်။ ~ α€€α€žော့ပုပ်ပင်၏ α€‘α€žီး၊ ထခေါα€€်၊ ထရွα€€် ၃မျိုး ဆတူα€›ေ