ကသော့ပုပ်ပင် ( ကစော့ပုပ်ပင် ) နှင့် ကျန်းမာရေးဆေးအသုံးဝင်ပုံ

 ကသော့ပုပ်ပင် ( ကစော့ပုပ်ပင် ) နှင့် ကျန်းမာရေးဆေးအသုံးဝင်ပုံ




~ မိုးရာသီမှာ သဘာဝပေါက်ပင်အဖြစ်တွေ့ရတဲ့ ကသော့ပုပ် ပင်လေးတွေဟာ ဆေးဖက်ဝင်လှတဲ့ အပင်လေးတွေဖြစ်လို့ သူ့အကြောင်းလေး လေ့လာကြည့်ရအောင်။


• ရုက္ခဗေဒအမည် - Cassia Occidentatis Linn


• မျိုးရင်း - CAESAPINIACEAE


• မြန်မာအမည် - ကသော့ပုပ်ပင်(ကစော့ပုပ်ပင်)


• ENGLISH NAME - Negro Coffee


• ဟိန္ဒီအမည် - ကဆောန္ဒီ


~ ပင်ငယ် ပင်ပုမျိုးဖြစ်ပြီး နေရာဒေသမရွေး ပေါက်တတ်ပါသည်၊ ရွက်ဆိုင်ထွက်၍ အရွက်ဝိုင်းပြီး အဖျားသို့ အနည်းငယ်ရှူးသွားသည် ဒန့်ကျွဲပင်နှင့် ပုံစံတူပြီး ဒန့်ကျွဲပင်ထက်ကြီးသည်၊ အကိုင်းမှာ နူးညံ့ပြီးအမွှေးနုလေးများ ရှိသည်၊အဝါရောင်အပွင့်များ အဆုတ်အခိုင်လိုက် ပွင့်သည်၊ အသီးမှာ ၄လက္မ ၅လက္မ ခန့်ရှည်ပြီး အသီးတောင့်တခုတွင် အစေ့ ၁၀စေ့မှ အစေ့ ၂၀ ခန့်ပါရှိပါသည်။


~ ကသော့ပုပ်ပင်တွင် အကြီး၊ အသေး ၂မျိုးရှိပြီး အရွယ်ကွဲပြားသော်လည်း ဆေးဖက်အာနိသင်တူသည်၊ ကသော့ပုပ်ပင်ကို အချို့ဒေသတို့၌ ဟင်းပုပ်ပင် ဟု၄င်း ကစော့ပုပ်ပင် ဟု၄င်း ခေါ်ကြပါသည် အပင်၏ ပဥ္စငါးပါးလုံးသုံးရသော်လည်း အထူးသဖြင့် အရွက်နှင့် အစေ့ကိုအသုံးများကြသည်။


~ ကသော့ပုပ်ပင်၏ အသီး၊ အခေါက်၊ အရွက် ၃မျိုး ဆတူရောစပ်ပြီး ဝမ်းသက်စေသော ဆေးအဖြစ်အသုံးပြုနိုင်ပါသည်၊ အရွက်မှုန့်တခုတည်းကို ဝမ်းသက်ဆေးအဖြစ် သုံးလိုပါက ၅ ပဲသားခန့်အသုံးပြု၍ ရပါသည်။


~ ကသော့ပုပ်ပင်၏ အမြစ်ခေါက်ကို လက်ဖက်နှင့်ရောပြီး ဆတူအမှုန့်ပြုလုပ်ပါ ၄င်းအမှုန့်ကို မှီဝဲခြင်းဖြင့် ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသည်၊ အစေ့မှုန့်ကို ပျားရည်နှင့် တေပြီးစားပေးပါကလည်း ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေပါသည်။


~ ကသော့ပုပ် ပင်ကြီးအရွက်ကို ရေနှင့်ပြုတ်ပါ ၄င်းရွက်ပြုတ်ရည် နွေးနွေးဖြင့် ရေချိုးပေးပါက ခါးနာ၊ ခါးကိုက်၊ ခါးအောင့်၊ အညောင်းအကိုက်၊ အဖေါအရောင်များ သက်သာ ပျောက်ကင်းစေသည်၊ အဆစ် အဆက်များရောင်ပါက ကသော့ပုပ် ပင်ကြီး၏ အရွက်ကို ထုချေပြီး အုံပေး၊ စီးပေးရပါသည်။


~ #အကြောကပ်ခြင်း၊ အကြောအားနည်းခြင်း ဖြစ်၍ လက်ခြေမလှုပ်နိုင်ပါက ကသော့ပုပ်ကြီးရွက်ကို ကြက်

သွန်နီနှင့် ရောကြိတ်ပြီး လိမ်းပေးခြင်း ဆေးစီးထားခြင်းများ ပြုလုပ်ပေးက သက်သာပျောက်ကင်းစေသည်။


~ #ကင်းမြီးကောက်ကိုက်ပါက ကသော့ပုပ်မြစ်ကို ထောင်း၍ အုံပေးရသည်၊ ခရုသင်း၊ သမင်ဖြူ ဖြစ်ပါက

ကသော့ပုပ်ကြီးပင်၏ အမြစ်နှင့် အစေ့ကို ကြိတ်ပြီးလိမ်းပေးပါက သက်သာ ပျောက်ကင်းစေသည်။


~ #ပွေးနာ၊ ယားနာဖြစ်ပါက ကသော့ပုပ်ကြီးရွက် သတ္တရည်သက်သက်ကို ၄င်း နံ့သာဖြူရည်နှင့်၄င်း၊ သံပုရာရည်နှင့်၄င်း ရောစပ်လိမ်းပေးပါက သက်သာ ပျောက်ကင်းစေသည်၊ လတ်တလော ထိခိုက်ရှနာဖြစ်ခဲ့လျှင် ကသော့ပုပ်ကြီးရွက် လတ်လတ်ဆတ်ဆတ်ကို ကြိတ်ပြီး လိမ်းပေးနိုင်ပါသည်။


~ ကသော့ပုပ်ကြီးရွက်ကို ဟင်းချက်စားပေးပါက ချောင်းဆိုး၊ ချောင်းခြောက်ဆိုးခြင်း တို့ပျောက်ကင်းပါသည်၊ ကသော့ပုပ်ငယ်၏ အမြစ် ( သို့ ) အစေ့ကို ကန့်နှင့်ရောသွေးပြီး လိမ်းပေးလျှင် ပွေးနာ၊ ယားနာများပျောက်ကင်းပါသည်။


~ #သံပိုးရောဂါဖြစ်ပါက အရွက်ကို ငါးခွက် တခွက်တင်ကျိုပြီးသောက်ပေးရသည်၊ ဆီးအောင့်ဝေဒနာ ခံစားရပါက ကသော့ပုပ်ငယ်၏ အရွက်မှုန့် ၁ ကျပ် ၈ ပဲသားနှင့် ငရုတ်ကောင်း ၅စေ့ကို ရောကြိတ်ပြီးသောက်ပေးပါက သက်သာ ပျောက်ကင်းပါသည်။


"အားလုံး မင်္ဂလာပါ ကျန်းမာကြပါစေ"


☯☯☯☯☯☯☯☯☯☯☯☯


#ကစော့ပုပ်ပင် ၏ ဆေးဖက်ဝင်ပုံ

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜


၁။ကစော့ပုပ်၏အရွက်ကိုဟင်းချိုချက်သောက်လျင်၊အသက်ကြီးသူများ၊နာလန်ထလူနာများ၊မီးဖွားပြီးစမိန်းမများကိုအင်အားဖြစ်စေပါသည်။


၂။သွေးပုပ်၊လေပုပ်ဆီးပုပ်များအားကျဆင်းစေပါသည်။


၃။တြိဒေါသ ဟူသည့်သွေး၊ သည်းခြေ၊ သလိပ် ဖောက်ပြန်ခြင်းကို နိုင်နင်းပါသည်။


၄။ချောင်းခြောက်ဆိုးနေပါက အရွက်ကို သုံးခွက်တစ်ခွက်တင် ကျို၊ဆားစိမ်းအနည်းငယ်ထည့်သောက်ပါကချက်ခြင်းပျောက်ပါသည်။


၅။ဆီးပူ၊ဆီးအောင့်၊ညောင်းကျခြင်းတို့ဖြစ်ပါက သုံးခွက်တစ်ခွက်တင် ကျို ပြီး လေး၊ငါးကြိမ်ခန့်သောက်ပါကချက်ခြင်းပျောက်ပါသည်။


၆။သန်၊တုတ်ကောင်များထိုးပါက ဟင်းချိုချက်သောက်ပါ။


၇။လည်ချောင်းကွဲခြင်း၊နာခြင်းတို့ကိုလည်း ဟင်းချိုချက်သောက်ပါ။


၈။ကင်းသုံးကင်းအကိုက်ခံရခြင်း၊ပင့်ကူရှပ်ခြင်း၊ခူ၊ဘောက်ဖတ်ထိခြင်းတို့ကို ၄င်း၏အမြစ်အား ဆန်ဆေးရည်နှင့်သွေးပြီးလိမ်းပါက ချက်ခြင်းသက်သာစေပါသည်။


၉။ထိခိုက်သွေးထွက်သောအနာများကိုလည်း အရွက်သတ္တုရည် ထည်ပေးပါက လျင်မြန်စွာကျက်စေပါသည်။


၁၀။ပွေး၊ဝဲ၊ဂျွတ်၊ဒက်၊ယားနာများအားနံ့သာဖြူနှင့်အမြစ်ရောသွေးပြီးလိမ်းပါ။


၁၁။အမြစ် ၇ ပဲသားခန့်အားအခြောက်လှမ်း၊အမှုန့်ပြုပြီးပျားရည်နှင့်တေပြီးသောက်ပါ။ပြီးလျင်နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါက ပန်းသေ၊ပန်းညှိုး ရောဂါများ ပျောက်ကင်းပြီး ပုံမှန် ယောက်ျားများအတွက် အထူးအားရှိစေသည်။


၁၂။အမျိုးသမီးများ မီးယပ်ဖြူဆင်းလျင် ပဉ္စငါးပါးကိုအမှုန့်ပြုလုပ်ပြီး သွေးဆေးအေး ဖြင့်သောက်ပါ။ပဉ္စငါးပါးကို နုတ်နုတ်စင်းပြီး သုံးခွက်တစ်ခွက် ကြိုသောက်ပါကလည်းရပါသည်။ ။


အထောက်အထား – (၁)ရှုတော်မူဆေးကျမ်း၊ (၂) ဥတုဘောဇနကျမ်း

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ