ကယားလူမျိုးစုသမိုင်းနှင့်ရိုးရာဓလေ့


ကယားလူမျိုးစု နောက်ခံသမိုင်းနှင့်ဖြစ်တည်လာပုံ



ကယားလူမျိုးတို့သည် လူနှင့်ငှက်အမျိုးအနွယ်ဖြစ်သော ကိန္နရီ ကိန္နရာ တို့မှဆင်းသက်ပေါက်ပွားလာ သောလူမျိုးများဖြစ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ကိန္နရီ၊ ကိန္နရာတို့ပျော်မြူးရာဒေသဖြစ်သည့် ငွေတောင်ပြည်သို့ ရောက်ရှိရန်ဆုတောင်းခဲ့ကြသည်။ ကယားလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သော ကယားပြည်နယ်၌အများဆုံးနေထိုင် ကြသူများဖြစ်ပေသည်။ ကယားလူမျိုးတို့ကို ပြည်နယ်၏ အရှေ့ပိုင်း လွိုင်ကော်မြို့ အရှေ့တာင်ဘက်ဒေသ ကန္တဝတီနယ်သံလွင်မြစ်ကမ်းနှစ်ဖက်တို့၌ အများဆုံး တွေ့ရသည်။ ၁၉၃၁ခုနှစ်သန်းခေါင်စာရင်း ကောက်ယူချက်အရ ကယားလူမျိုး (၃၁၅၀၀) ကျော်မျှရှိသည်ဟုသိရသည်။ ပြောဆိုသော စကားများ၏ နီးစပ်မှုကိုထောက်၍ ကယားလူမျိုးတို့မှာ တိဗက်မြန်မာစုဝင် ကရင်စုခွဲ၌ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်ဟု ဘာသန္တရပါရဂူတို့ကဆုံးဖြတ်ခဲ့ကြသည်။




ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....

လူမျိုးစုအားဖြင့် ထိုင်းတရုတ်အနွယ်ဝင်ဖြစ်ပြီး ကရင်လူမျိုးစုတွင်ပါဝင်သည်။ အင်္ဂလိပ်လက်ထက်မှစပြီး ကရင်နီဟုခေါ်ခဲ့သည်။ မင်းတုန်းမင်းသည် အနောက်ကရင်နီနယ်ကို သိမ်းပိုက်ရန်ကြိုးစားသဖြင့် ဗြိတိသျှတို့က ကန့်ကွက်သည်။ သို့ဖြင့် မင်းတုန်းမင်းနှင့် အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဖယ်ရာတို့၏ သဘောတူစာချုပ်အရ ကရင်နီနယ်ကို သီးခြားလွတ်လပ်သောနယ်မြေအဖြစ် အသိအမှတ်ပြုသည်။ ကရင်နီနယ်သည် အင်္ဂလိပ်ကိုလိုနီခေတ်တွင် လွတ်လပ်သော ကြားနယ်မြေ ဖြစ်ခဲ့သည်။ သို့ရာတွင် ဗြိတိသျှတို့သည် ကရင်နီနယ်တွင် ဝင်ရောက်စွက်ဖက်မြဲ စွက်ဖက်ခဲ့သည်။ ဗြိတိသျှတို့သည် ကရင်မျိုးနွယ်စုများအား ဝတ်သည့် အင်္ကျီကိုကြည့်ပြီး ကရင်ဖြူ၊ ကရင်နီ၊ ကရင်နက်၊ ကရင်ကြားဟု သတ်မှတ်ခေါ်ဆိုသောကြောင့် ဖြစ်သည်။  Archived 13 January 2012 at the Wayback Machine.


တောင်တန်း ပြည်မပေါင်းစည်းရေးကိစ္စ၌ ပထဝီနိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ်ခေါင်းဆောင်များက လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ကရင်နီပြည်နယ်ကို သက်သက်အဖြစ် ကယားပြည်နယ်ဟူ၍ မဲခွဲ သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ (၁) (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ် ဟု ပြင်ဆင် ပြဋ္ဌာန်းပေးရန် ၁၉၅၀ ဖေဖော်ဝါရီတွင် ကျင်းပသည့် လွှတ်တော်၌ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးစိန်က အဆိုပြုချက်တင်သွင်းခဲ့သည်။ အထူးစုံးစမ်းရေးကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တိုဘာတွင် ကရင်နီမှ ကယားဟူ၍ ပြောင်းလဲခဲ့သည်။


ကရင်နီတို့က ဒါဟာ မြန်မာအစိုးရက တစ်ချိန်က ကရင်နီပြည်နယ်ရဲ့ လွတ်လပ်မှုကို ပြည်ဖုံးကားချချင်လို့ ကယားဆိုပြီး အမည်ပြောင်းဖြစ်တယ်ဟူ၍ သူတို့၏ သမိုင်းတွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သူတို့သည် ကယားဆိုသည်ကို မကြိုက်။ ကရင်နီဟု ခေါ်သည်ကိုသာ ကြိုက်နှစ်သက်သည်။  Archived 13 January 2012 at the Wayback Machine.


ကယားလူမျိုးစု

မြန်မာနိုင်ငံရှိ တိုင်းရင်းသား ကယားလူမျိုးစု (၉)စု ရှိသည်။


ကယန်း (သို့) ပဒေါင်


ကယန်းသည် မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော လူမျိုး တစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် လူမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကယန်း (ကခေါင်း) ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။


ကယား (သို့) ကရင်နီ



ဂေခို (ကဲ့ခို) (ကယန်း ကယ်ခို)

ဂေခိုလူမျိုး သို့မဟုတ် ကဲ့ခိုလူမျိုး (ခေါ်) ကယန်းကယ်ခို သည် တောင်ပေါ်ကရင်အနွယ်ဝင် ဖြစ်သည်။ ရမည်းသင်းနှင့်တောင်ငူခရိုင် တောင်တန်းများတွင် နေထိုင်ကြသည်။ လူဦးရေ မှာ ၁၉၈၃ ခုနှစ် စာရင်းများအရ ၉၅၀ဝ ဖြစ်သည်။ ဂေခိုလူမျိုးများသည် ကယားပြည်နယ် အတွင်းရှိ လွိုင်ကော်၊ ဒီးမောဆို၊ နှင့် ဖားဆောင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။ ဂေခိုလူမျိုးများ၏ ထင်ရှားသော ပွဲတော်များမှာ တောင်ယာ မီးရှို့ပွဲ၊ စပါးပျိုးကြဲပွဲ၊ ကောက်ရိတ်သိမ်းပွဲနှင့် ကယ်ဒီးခူး (ခေါ်) စပါးဦး စားပွဲ တို့ ဖြစ်သည်။

ဂေဘားလူမျိုး

ဂေဘားလူမျိုး သည် တောင်ပေါ်ကရင်အနွယ်ဝင် ဖြစ်ပြီး ကရင်ဖြူဟုလည်း ခေါ်ကြသည်။ ကယားပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တွေ့ရသည်။ လူဦးရေမှာ ၂၀၀၀ ခုနှစ် စာရင်းများအရ ၁၀ဝ၀ဝ ခန့် ဖြစ်သည်။ ဂေဘားတိုင်းရင်းသားများသည် ကယားပြည်နယ် အတွင်းရှိ လွိုင်ကော်၊ ဒီးမောဆို၊ ဖရူးဆိုးမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။ ဂေဘား တိုင်းရင်းသားများ၏ ထင်ရှားသော ပွဲတော်များမှာ စပါးစူးထိုးပွဲ၊ စပါးပုတ်ပွဲ၊ စပါးသယ်ပွဲနှင့် ကောက်သစ်စားပွဲတို့ ဖြစ်သည်။

ဇယိန်းလူမျိုး (ကယန်းလထာ)



ဇယိန်(ကယန်းလထာနွယ်)ကယန်းလူမျိုးသည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၏ အရှေ့ဘက်တောင်ပေါ်ဒေသ၊ ကယားပြည်နယ်တို့တွင် နေထိုင်သော လူမျိုးစုတစ်စုဖြစ်သည်။ ထိုဒေသများရှိ ကျေးရွာပေါင်း ၆၅ ရွာတွင်နေထိုင်လျက်ရှိပြီး လူဦးရေအားဖြင့် ၂၀၁၃ ခုနှစ်စာရင်းအရ ၁၅,၂၄၅ ဦးရှိသည်။ ကယန်းလူမျိုးစုများဖြစ်သော ကယန်းလဟွီ၊ ကယန်းလထာ၊ ကယန်းကငန်နှင့် ကယန်းဂေခိုတို့ထဲတွင် လူဦးရေပိုနည်းသော အစုဖြစ်သည်။

ပရဲလူမျိုး (ကယော)


ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်၊

မနူမနောလူမျိုး


ယင်းတလဲလူမျိုး



ယင်းတလဲလူမျိုးတို့သည် ကယားပြည်နယ်၊ ဘောလခဲနယ်၌ နေထိုင်ကြသော တောင်ပေါ်ကရင်လူမျိုးစု ဖြစ်လေသည်။ ဘောလခဲနယ်၏ မြို့တော်၊ ဘောလခဲမြို့တွင် ယင်းတလဲအမျိုးသားတို့ အများဆုံး နေထိုင်ကြလေသည်။ ကယား၊ ယင်းဘော်၊ ပဒေါင်၊ ဗရဲ့၊ မနု မနော အမျိုးသားတို့ကိုလည်း နယ်တွင်း နေရာအနှံ့အပြား၌ တွေ့နိုင်လေသည်။ ရှေးအခါက ကယားပြည်နယ်ကို ကရင်နီ ပြည်နယ်ဟူ၍လည်းကောင်း၊ ပြည်နယ်သားတို့ကို ကရင်နီလူမျိုးဟူ၍လည်းကောင်း ခေါ်ဝေါ်ခဲ့ကြလေသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်၊ ၁၉၅၁ ခုနှစ်တွင် နိုင်ငံအစိုးရတို့က ကရင်နီဟူသော အမည်အစား ကယားဟူသော အမည်ကို သုံးစွဲရန် ဥပဒေဖြင့် ပြဋ္ဌာန်းခဲ့လေသည်။

ယင်းဘော်လူမျိုး (ကယန်းကငန်



တို့ ဖြစ်သည်။

ကယားပြည်နယ်ယဉ်ကျေးမှုပြတိုက်အတွင်းမှ တိုင်းရင်းသားလူမျိုးစု ဝတ်စားဆင်ယင်မှုများ


ကယားနှင့် ကရင်နီ အခေါ်အဝေါ်

ဝတ်ဆင်သော အဝတ်အထည်တို့၏ နီသော အရောင်အသွေးကို လိုက်၍ မြန်မာတို့က ကယားလူမျိုးတို့ကို ရှေးအခါက ကရင်နီဟု ခေါ်ဝေါ်ကြသည်။ အသားရောင်နီမြန်းခြင်းကြောင့် ကရင်နီဟု ခေါ်ဆိုခြင်းမဟုတ်ပါ။ ကယားလူမျိုးတို့ကမူ သူတို့ကိုယ်သူတို့ ကယား သို့မဟုတ် ကယားလိဟု ခေါ်ဝေါ်ကြသည်။ ကယားဟူသော အဓိပ္ပာယ်မှာ ကယားဘာသာစကားအရ လူဟု အဓိပါယ်ရ၍ ကယားလိဟူသော ဝေါဟာရ အဓိပ္ပာယ်မှာ လူနီဟု အဓိပ္ပာယ်ရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့အစည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇) နှစ်တွင် ကရင်ပြည်နယ် ဖွဲ့စည်းသောအခါ၌ ကရင်နီနယ်ကိုပါ ထည့်သွင်းရန် ရည်မှန်းချက်ရှိခဲ့သည္။၁၉၅၁ခုနှစ် အတွင်းက အမည်ပြောင်းလဲရေးနှင့် ကယားပြည်နယ် သီးသန့်တည်ရှိရေးတို့အတွက် ပါလီမန်မှ အက်ဥပဒေပြုလုပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် လိုအပ်သော ပုဒ်မများကို ပြင်ဆင်ခွင့်ရရှိခဲ့သည်။




ရန်ကုန်တိုင်းရင်းသားကျေးရွာတွင် တွေ့ရသော ကယားလူမျိုးစု ရုပ်တုများ


ဝတ်စားဆင်ယင်ပုံ

 ကယားလူမျိုးများသည် အရပ်အမောင်း (5)ပေကျော်ခန့်ရှိပြီး မျက်လုံးမျက်ခုံ ကောင်း၍ ရိုးမြင့်သည့်နှာတံ အနေတော်ဖြစ်ပြီး မေးရိုးဝိုင်းသည်အသားညိုသည် ဆံပင်နက်၍ အနည်းငယ်ကြမ်းပုံပေါ်သည် ယောက်ျားများက ဆံထုံးထုံးကြ၍ အဖြူရောင် ခေါင်းပေါင်းကို ပေါင်းသည်။ အနီရောင်ဘောင်းဘီ နှင့်အင်္ကျီ ရင်ကွဲကိုဝတ်ကြသည်။ အမျိုးသမီးများက လည်း ဆံထုံးထုံး၍ အနီရောင်ပုဝါကိုပေါင်းသည်။ အနီ သို့မဟုတ် အနက်ရောင် လက်ပြတ်အင်္ကျီ များကိုဝတ်ဆင်၍အနီရောင် သို့မဟုတ် အနက်ရောင် ခြုံထည်လွှမ်းခြုံထားလေ့ရှိသည်။ (5)ပေခန့်ရှည်သည့် အဖြူရောင်ခေါင်းခါးစည်း ကိုလည်း စဉ်းစားကြလေ့ရှိသည် နက်ရောင် သင်းတိုင်းကိုဝတ်၍ ခြေသလုံးတွင်သစ်ဆေးသုတ်သောကြိုးခွေများ ပတ်လေ့ရှိသည်။ ငွေနားဆွဲ။ နားတောင်းများကို ဆွဲကြသည်။ ငွေလက်ကောက်အလုံးများကိုဝတ်ဆင်ကြသည်။ ငွေဆံထိုး များကိုထိုးပြီး ခြေကျင်းဝတ် တွင် ပုတီစေ့များကိုစီတန်း၍ ဆွဲလေ့ရှိသည် ငွေလက်ကောက်များ အလုံးများကိုလည်းဝတ်ဆင်ကြသည် ငွေဆံထိုးများကိုထိုးပြီး ခြေကျင်းဝတ်တွင်ပုတီးစေ့များကိုစီတန်း၍ သီကုံးပတ်ထားလေ့ရှိသည်။





ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ကယားတို့သည် ရိုးရာနတ်နှင့်ဗုဒ္ဓဘာသာကိုကိုးကွယ်သည့် တံခွန်တိုင်နတ်ကွန်းသည်အဓိကဖြစ်သည့်ရာသီပွဲများနေဖြင့် ကောက်ညှင်းထုပ်ပွဲ၊ ကူးထိုဘိုးခေါ် တံခွန်တိုင်ပွဲ၊စပါးပုတ်ပွဲ၊အိမ်တက်မင်္ဂလာပွဲ နှင့် တောလိုက်ပွဲများရှိကြသည်။ ဗုံတို၊ ဗုံရှည်၊မောင်း၊လင်းကွင်း၊ပုလွေ၊ဖားစည် စသည့်တူရိယာများကိုသုံးပြီး တံခွန်တိုင်အက၊အိမ်တက်မင်္ဂလာအက၊ဒီကူးအက၊ဝါးညှပ်အက ဆွမ်းယင်အကနှင့်နိုင်ငံအကများ ကိုကခန့်လေ့ရှိကြသည်။ ကွယ်လွန်သူ၏ဦးခေါင်းကိုလည်းငွေတောင်ပြည်ဘက်သို့ ဦးလှည့်၍ထားတတ်ကြသည်။ ကယား ပြည်နယ်၏ထူးခြားသော အထိမ်းအမှတ်ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေးနက်စည်ကြီးကိုလည်း ငွေတောင်ပြည်၌သွန်းလုပ်ခဲ့သည် ဟုဆိုသည်။




ကယား တို့သည်ရှေးယခင်က မြန်မာများနှင့်အတူ စစ်ရေးစစ်ရာတွင်အတူလက်တွဲ၍တိုက်ခိုက်ခဲ့ဖူး သည့် အထောက်အထားများကိုလည်းရှိနေပါသေးသည်။ "ပျိုလေးတို့အိမ်မိုး ထိုးလာတဲ့ပေဖူးလွှာ၊ဘာစာတဲ့ မေး။ မေးပါနဲ့အေ။ ယိုးဒယားငယ်နဲ့ ကုလားကို စစ်ချီတော့ ကရင်နီအောင်တပ်က ဆံဖြတ်မောင်စီလိုကရေ လွမ်းစာတဲ့လေ" ဟူသော ရှေးဟောင်း တွေ သားလေမှာစစ်သားဘဝ ၏ချစ်ရေးချစ်ရာ များကိုလွမ်းစဖွယ်ကောင်း အောင် ဖော်ပြထားရုံမက ရှေးဟောင်းကာလကတည်းက ကယားလူမျိုး တိုသည် မြန်မာတို့နှင့် စစ်ရေး တွင်အတူလက်တွဲတိုက်ခိုက်ခဲ့ကြဖူးသည်ဆိုသော သာဓကကိုပါထင်ရှားစွာဖော်ပြထား ခြင်းဖြစ်သည်။ 

Source - Wikipedia & Google

#thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ