ဒန့်သလွန်အရွက် ဆေးဖက်ဝင်ပုံနှင့် အံ့ဖွယ်ကျန်းမာရေးအကျိုးကျေဇူး
ဒန့်သလွန်အရွက် ဆေးဖက်ဝင်ပုံနှင့် အံ့ဖွယ်ကျန်းမာရေးအကျိုးကျေဇူး
ကျွန်တော်ကတစ်ပတ်ကို ဒန့်သလွန်ရွက်လက်တစ်ဆုပ်စီကို၂ခါလောက်စားဖြစ်ပါတယ်။ဒီနေ့ဒန့်သလွန်ရွက်လက်တစ်ဆုပ်ကြော်စားရင်းနဲ့အမျိုးတွေကိုလည်းသတိရပြီးမျှဝေချင်တဲ့စိတ်ဖြစ်လာတဲ့အတွက်ဒန့်သလွန်ရွက်ရဲ့အံ့သြဘွယ်ရာကောင်းကျိုးတွေတန်းစီပြီးပြောပြပါမယ်။
ကျွန်တော်ငယ်ငယ်တုန်းကနို့ကောင်းကောင်းမထွက်တဲ့ကလေးမိခင်တစ်ယောက်ကိုတွေ့ဖူးပါတယ်။အဲဒီကလေးအမေဟာဒန့်သလွန်ရွက်ဟင်းချိုသောက်ပြီးနောက်မှာအဖြူရောင်နို့ရည်တွေပန်းပြီးထွက်လာတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။
ရန်ကုန်မြို့၊ရွှေဘုံသာလမ်းကသူဌေးကြီးတစ်ယောက်ဆိုရင်သွေးတိုးဆီးချိုအကြီးအကျယ်ဖြစ်တာ။သွေးက၁၈၀လောက်တက်တယ်၊ဆီးချိုက၄၀၀လောက်တက်တယ်။ဘယ်လိုလုပ်သက်ဆိုးရှည်နိုင်ပါ့မလဲ။သို့သော်ဒန့်သလွန်ရွက်ကိုထောင်းပြီးသောက်လိုက်တော့ သွေးတိုး
ရော ဆီးချို ပါပုံမှန်ပြန်ဖြစ်သွားတာကိုအံ့သြစွာတွေ့ခဲ့ရပါတယ်။အခုဆိုရင်အသက်၉၀နီးပါးရှိနေပါပြီ၊ကျန်းမာဆဲပါပဲ။
တောရွာတွေမှာဆောင်းတွင်းမိုးတွင်းဆိုရင်ကလေးလူကြီးအများစုနှာစေးနှာမွှန်အအေးမိကြလေ့ရှိတယ်။ဟတ်ချိုးဆိုတဲ့အသံဟာရွာလုံးကျွတ်ပဲ။ဒန့်သလွန်ဟင်းခါးပူပူလေးတွေပေးသောက်လိုက်တော့အချိန်တိုအတွင်းမှာပျောက်ကင်းသွားကြတယ်။
ရေရှားတဲ့တောရွာလေးတစ်ခုကိုရောက်စဉ်ကလည်းအဲဒီရွာကရေတွေကနောက်လွန်းတဲ့အတွက်သောက်လို့မရပါဘူး။ဒါပေမဲ့ဒန့်သလွန်စေ့ကိုအမှုန့်ထောင်းပြီးခပ်လိုက်တဲ့အခါမှာတော့ရေကြည်ရေသန့်ကိုရပါတယ်။အံ့သြစရာကြီးပါ။
အဲဒီတောရွာကလူတွေပြောပြချက်အရဒန့်သလွန်ပင်ဟာဘယ်လောက်အံ့သြစရာကောင်းလဲဆိုရင်အပင်ကိုဘယ်လိုသတ်သတ်မသေပါဘူးတဲ့။သူ့အစေးနဲ့သူပြန်လည်ပတ်ဖွဲ့ပြီးအပင်ပြန်လည်ရှင်သန်အောင်သူ့ဟာသူပြန်လုပ်တယ်ဆိုတာကိုလည်းအံ့သြဘွယ်ရာကြားသိခဲ့ရပါတယ်။
ကမ္ဘာပေါ်မှာဒန့်သလွန်နဲ့ပတ်သက်လို့ကင်ဆာရောဂါကိုပျောက်ကင်းအောင်လုပ်ပေးနိုင်တယ်ဆိုတာအနောက်နိုင်ငံကပညာရှင်တွေသိရှိလာကြပြီဖြစ်ပါတယ်။ကင်ဆာကိုတောင်နိုင်တယ်ဆိုတဲ့အတွက်ဒန့်သလွန်ကိုသေချာသုတေသနပြုကြပါတယ်။
သူတို့ရဲ့လေ့လာချက်တွေအရဒန့်သလွန်မှာလူ့အကျိုးပြုဗီတာမင်တွေသတ္တုဓာတ်တွေအများကြီးပါဝင်ပြီးအောက်ပါအကျိုးကျေးဇူးတွေကိုပေးစွမ်းပါတယ်။
🍎(၁)စိတ်ကြည်လင်လန်းဆန်းစေခြင်း
🍎(၂)သွေးတိုးကိုချပေးနိုင်ခြင်း
🍎(၃)ကင်ဆာအဖုအကျိတ်များကိုဖယ်ရှားပေးခြင်း
🍎(၄)အနုဇီဝပိုးများကိုဆန့်ကျင်ခြင်း
🍎(၅)နှလုံးသွေးလည်ပတ်မှုကောင်းခြင်း
🍎(၆)သွေးအားကောင်းခြင်း
🍎(၇)အင်စူလင်ကဲ့သို့အာနိသင်ရှိခြင်း
🍎(၈)အဆီချပေးခြင်း
🍎(၉)ရောင်ကိုင်းခြင်းကိုလျှော့ချပေးခြင်း
🍎(၁၀)အင်နာဂျီတိုးတက်စေခြင်း
🍎(၁၁)ကော်လက်စတြောချပေးခြင်း
🍎(၁၂)ကိုယ်တွင်းကိုယ်ပဒဏ်ရာများကိုပျောက်စေခြင်း
🍎(၁၃)ကိုယ်တွင်းအဆိပ်များကိုထုတ်ပေးခြင်း
🍎(၁၄)နှာစေးနှာမွှန်ခြင်းကိုပျောက်စေခြင်း
🍎(၁၅)ဂေါက်ရောဂါကိုသက်သာစေခြင်း
🍎(၁၆)ကလီစာလုပ်ငန်းများကိုကူညီခြင်း
🍎(၁၇)အဆိပ်အတောက်ပြေခြင်း
🍎(၁၈)ဆီးချိုချပေးခြင်း
🍎(၁၉)ဆံပင်သန်စေခြင်း
🍎(၂၀)ဖက်ခွက်နာပြည်တည်နာကိုပျောက်စေခြင်း
🍎(၂၁)အသားပိုမထွက်အောင်တားဆီးခြင်း
🍎(၂၂)ကာမအားတိုးပွားစေခြင်း
🍎(၂၃)ကိုယ်ခံအားတက်ခြင်း
🍎(၂၄)မျက်စိအမြင်ကြည်လင်စေခြင်း
🍎(၂၅)စိတ်ကျရောဂါကာကွယ်ပေးခြင်း
🍎(၂၆)အသားရေလှပခြင်း
🍎(၂၇)ခံနိုင်ရည်အားကောင်းခြင်း
🍎(၂၈)အဆစ်အမျက်နာကျင်မှုကိုသက်သာစေခြင်း
🍎(၂၉)မှိုရောဂါကိုဖယ်ရှားပေးခြင်း
🍎(၃၀)အင်တီအောက်ဆီ့ဒင့်ကြွယ်ဝခြင်းစသည်ဖြင့်ကောင်းကျိုးတွေအများကြီးဖြစ်ပါတယ်။
အဲလောက်ဆိုရင်တော့ဒန့်သလွန်ရွက်ကိုစားဖို့သင့်ပြီပေါ့။နိုင်ငံတကာမှာဒန့်သလွန်ဆေးတွေကစျေးသိပ်ကြီးပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာတော့နေရာအနှံ့တွေ့ရပါတယ်။မြေရှိသူများအပင်စိုက်ထားဖို့ကောင်းပါတယ်။ပေါများစွာရနေတဲ့အတွက်တစ်ပတ်ကိုတစ်ကြိမ်နှစ်ကြိမ်လောက်စားပေးကြပါ။အများကြီးစားစရာမလိုပါဘူး။တစ်ခါစားရင်လက်တစ်ဆုပ်လောက်ပါပဲ။စားတာကတော့လက်တစ်ဆုပ်ဆိုပေမဲ့ရရှိမယ်အကျိုးကျေးဇူးတွေကတော့မရေတွက်နိုင်အောင်ပဲဖြစ်ပါလိမ့်မယ်လို့.....
ကိုယ်ကျန်းမာ စိတ်ချမ်းသကြပါ စေ။🙏
Source -စာရေး ဆရာ မင်းကျော်ဝင်း
Comments
Post a Comment