မြိုလူမျိုးသမိုင်းနှင့် ရိုးရာလေ့
မြိုတိုင်းရင်းသားမျိုးနွယ်စု (ရခိုင်ဌာနေ)
မြိုလူမျိုး
တိဗက်- မြန်မာ အစုမှ ရခိုင်အုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် ရှေးဟောင်းမြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန် ပြည်၊ စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင် စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ် များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ် ရှည် ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီး စပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်း နှောင် ၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကို င် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက် ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။ မြိုလူမျိုးတို့သည် တချိန် က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက် ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဲ့ဖူသော မြိုလူမျိုးတို့မှာ ယခု အခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။ ဤ ဆောင်းပါးတွင်ဖော်ပြသည့်မြိုလူမျိုးများဆိုရာတွင် ရခိုင်လူမျိုးတို့က မြို(mro) ဟုလည်းကောင်း၊ မီဇိုးချင်းတို့က မီရီယား (Miria) ဟုလည်းကောင်း၊ ခူမီးချင်းတို့က လောင်ဟူး(Lawnghu) ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်မှခမီတို့က ဒါက်(Dak) ဟုခေါ်ဆို သောလူမျိုးများဖြစ်သည်။ ဘင်္ဂလီတို့က မူရုန်,မြုံ(Murung) ဟုလည်းကောင်းခေါ်ဆိုပြီး ၎င်းတို့ကိုယ်တိုင်၏ မိခင်ဘာသာစကားဖြင့် မရူ၊ မရူစား (Mru, Mrucha) အဖြစ်ခေါ်ကာ စာပေရေး သားရာတွင်လည်း မြို နှင့် မြူ (Mro and Mru) နှစ်မျိုးစလုံးဖြင့်အသုံးပြုရေးသားသည့် လူမျိုးများကိုဆိုလိုခြင်းဖြစ်သည်။ ချင်းပြည်နယ်မီးချောင်းနှင့် ရခိုင်ပြည် နယ်အတွင်းမှ အခြားလူမျိုးများနှင့်ကွဲပြား စွာ သိနိုင်ပေသည်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်ထောင်စုသန်ခေါင်စာရင်း ကောက်ယူရာ၌ ကုတ်နံပါတ်တွင် (၇၀၆) အဖြစ်ဖော်ပြထားသော မြိုတိုင်း ရင်းသားလူမျိုးစုဖြစ်သည်။
ပထဝီနယ်မြေ
မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု များဖြစ်သည့် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို(မရူ)၊ သက် ဟုဆိုခါ လူမျိုးစု ၇ စုတွင်ပါ ရှိသည်။ ယခုအခါတွင် မောင်တောခရိုင်၊ မေယုတောင်တန်း၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်(စိုင်းဒင်ရေတံခွန်)ချောင်းဖျား အထက်ပိုင်းတွင်အများဆုံးနေထိုင်ကြသည်။ပုဏ္ဏားကျွန်းမြို့နယ် ၊စမ်းပတီးချောင်းတစ်လျှောက်၊ ကျောက်တော်မြို့နယ် နှင့် ချင်းပြည်နယ် ချင်းလက်ဝတွင် အနည်းငယ် ပျံ့ နှံ့နေထိုင်ကြသည်။ နေထိုင်ရာဒေသ ပျံ့နှံ့ သွားပုံ ကို သမိုင်း၊ နုတ်ရာဇဝင် မှတ်တမ်းများအရ ဤသို့ ဆိုသည် လွန်ခဲ့ သောနှစ်ပေါင်းထောင်ကျော်ခန့်ကမဇ္ဈိမဒေသတစ်နေရာတွင် ကုသဝတီပြည်ရှိလေသည် ။ ထိုပြည်တွင် ဝါရဓမ္မတူအမည်ရှိ ဘုရင်အုပ်ချုပ်စိုးစံလေ၏။ အခြားမင်းသားတစ်ပါးသည် ဝါရဓမ္မတူမင်းအား စစ်သည်ဗိုလ်ပါများစွာဖြင့် ဝင်ရောက်တိုက်ခိုက် လေရာ အရေးနိမ့်ပြီး မင်းညီမင်းသားဆွေတော်မျိုးတော်အပေါင်းတို့ ကစဥ့်ကရဲပြိုကွဲ၍ အသက်ဘေးမှ လွတ်မြောက်ရန်ခြေဦးတည်ရာ ထွက်ပြေးတိမ်းရှောင်ကြရသည်။ ကုသဝတီပြည့်ရှင် ဘုရင် ဝါ ရဓမ္မတူ၏ သားတော် ခွာဇုပုတိမင်းသားသည် အပေါင်းအဖော်နောက်လိုက် တစ်သောင်းခန့်နှင့် အာသမ်နယ်ဘက် တွင် အချိန်အတော်ကြာရပ်နား၍ မိမိတို့၏ ဘဝတစ်သက်သာအတွက် အခြေစိုက် နေ ထိုင်ရန် စီစဉ်ကြသည်ဟု ဆို၏။ သို့ရာတွင် အာသမ်ဘုရင်သည် ခွာဇုပုတိမင်းသားခြောက်လ၊ တစ်နှစ်စသည်ဖြင့်လောက်သာ ခေတ္တ ခိုလှုံရန် ခွင့်ပြုသည်။ အမြဲ တမ်းအခြေစိုက်နေထိုင်ရန် ခွင့်မပြုပေ။ ထို့ကြောင့်ခွာဇုပတိတို့အုပ်စုသည် အာသမ်နယ်ဘက်မှ ကစ္ဆပနဒီ မြစ်ဘက်သို့ တရွေ့ရွေ့ ပြောင်းရွှေ့လာကြသည်။ ထိုတစ်သောင်းခန့်သော လူအုပ်စုသည် အရှည်ကြာမြင့်စွာစခန်းချနေထိုင်မည့်နေရာတွင် တစ်စုတစ်စည်းတည်းနေထိုင်ကြကာ အကာအရံ ခုနှစ်ထပ်ဖြင့် ပြုလုပ်နေထိုင်ကြသည်။ ထိုခုနှစ်ထပ်သော ခြံဝိုင်း၊ ခြံစည်းရိုးများမှာ ဝါးလုံးကြီးများဖြင့် ထူထပ်စွာ ဆောက်လုပ်ထားသော ခံတပ်ကြီး သဖွယ်ခိုင်လုံသည့် အကာအရံတစ်ခုဖြစ်သည်ဟု သမိုင်းကဆိုသည်။ ခြံစည်းရိုးထိုးကြပုံမှာ အမြင့်(၈)တောင် ရှိပြီး အပေါ်ထက်မှာ အချွန်၊ ဝါးခြမ်းပြား အစိတ်ကို အဖျား၊အရင်း အချွန်ထားကာ၊အချွန် သည်အပြင်ဘက် ဟ ပြီး ခြံစည်းရိုးဝိုင်းကြီးကို ကာရံထိုးပါသည်။ ထိုခေတ်ကာလသည် တိုင်းပြည်မငြိမ်မသက်ဖြစ်နေရကား ဘုရင်စနစ် သူရဲကောင်းစနစ် ကျင်းသုံးကာ တစ်ပါးနှင့် တစ်ပါး တိုင်းပြည် နေရာလုနေကြသည် ဟုမှတ်ယူနိုင်သည်။ တစ်ပါးနှင့်တစ်ပါး စစ်တိုက်သည်ကို မြိုဘာသာစကားဖြင့်(ဟိယာရို့)ဟုခေါ်ပါသည်။ မြိုလူမျိုးကို စစ်လာတိုက်သည့် စစ်အမည်မှာ (Hὓm Pok Hie-ဟုန်မ် ပေါက်ဟိယာ၊ Maih Bown Hie-မာမ် ဘင်န်ဟိယာ) ဟူ၍ဖြစ်သည်။ မြိုလူမျိုးတို့၏ စစ်အမည်သည် (Hoi Kong Hie-ဟွေခေါင်ဟိယာ)ဟုခေါ်သည်။ (Hὓm Pok Hie –ဟုန်မ်ပေါက်ဟိယာ) စစ်ရန် ကြောင့် မြို လူမျိုးသူရဲကောင်း ဖြစ်သည့် (ထင်းလောင်း-ဟိယာရန့်) သည်အသတ်ခံခဲ့သည်ဟု ဆိုသည်။ ရှိသမျှသော လူတို့မှာ ထိုခြံစည်းရိုးဝိုင်းတွင်သာ နေကြရ၍ ဝင်ပေါက်တစ်ပေါက် နှင့် ထွက် ပေါက်တစ်ပေါက်သာရှိလေသည်။ ဤခြံစည်းရိုးဝိုင်းကြီးထဲတွင် နေကြသောသူများအနက် မိမိသဘောအလျောက်ဘုရင်မှတစ်ပါး မည်သူမျှ ထွက်၍ သီးခြားရပ်ရွာအိုးအိမ်တည်ဆောက်၍ မနေကြရဘဲ၊ ခြံဝိုင်းကြီးထဲမှာပင် အချိန်အကန့်အသတ်မရှိ နေကြရပေသည်။ ထိုသို့ ခြံဝိုင်းကြီးထဲတွင် နေထိုင်ကြရသော သူများကို ယင်းတို့ဘာသာစကားဖြင့် မရုပ်နေဘရီးကအဲဒတ်ဟုခေါ်ကြသည်။ သို့သော် ဤ တစ်သောင်းမျှသော လူစုလူဝေးကြီးတစ်ခုလုံး၏ စားသောက်သွားလာနေထိုင်မှု ကိစ္စ မှာ အလွန်ကြီးကျယ်သောကြောင့် စစ်ပြေးချိန်မှတစ်ပါး အမြဲတမ်းတစ်သမတ်တည်း တစ်သောင်း လုံးစုဝေး၍ နေထိုင်ရေးမှာ မလွယ်ကူတော့ပေ ။ အုပ်ချုပ်သူဘုရင်အနေဖြင့်လည်း ထိုသူတို့၏ ရိက္ခာဖုံလုံရေးတာဝန်ကိုယူရသည်မှာမသေးငယ်လှပေ။ ထို့ကြောင့် ဘုရင်သည် မိမိအုပ်စုကြီးအားကစ္ဆပနဒီ မြစ်ဖျား အရပ်ရှိ စိမ်းလန်းစိုပြည်၍ အသီးအနံ ဖြစ်ထွန်းမည့်နေရာ ဒေသအသီးသီးသို့ ခြံဝိုင်းကြီးမှ ခွဲထွက်စေပြီး နေရာသီးခြားပြုကာ နေထိုင်ခွင့်ပေးလေသည်။ ဘုရင်၏ အမိန့်တော်အရခြံစည်းရိုးအတွင်းမှ သီး ခြားအုပ်စုခွဲအဖြစ် နေထိုင်ရန်ထွက်လာသူကို မရူ မရုပ်ဟူသော အခေါ်မှ မရို ဟု ပြောင်းလဲ လာခဲ့ပေသည်။ မရို ဟူသော အသုံးအနှုန်းမျသည် ယခုအခါ တွင် မြို ဟူ၍ ပြောင်းလဲ ဖြစ်ပေါ်လာသည်ဟု ဆိုသည်။ မြို တို့သည် ဥဒလင်း၊ မီးချောင်း၊ကလပ်ချောင်း၊ စသည့် ဒေသများတွင် အုပ်စုခွဲကာ နေထိုင်ကြလေသည်။ ထို့ကြောင့် မြို သို့မဟုတ် ခြံစည်းရိုးအတွင်းမှ လူသားများသည် အာသမ်နယ်ဘက်မှ ဆင်းသက်လာပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရခိုပြည်နယ်၊ ကဇ္ဈပနဒီ မြစ်ဝှမ်းဒေသ၌ အထင်အရှားရှိနေပြီး ဖြစ်ကြောင်း ပါးစပ်ရာဇဝင် များအရလေ့လာ သိရှိရပေသည်။။ အနောက်မဇ္ဈိမမှ စစ် ဘေးဒဏ်ကြောင့် မြို တို့သည် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာ စကား၊ တေးလင်္ကာပုံပြင်၊ ဝတ္ထုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း အာသံ၊ မဏိပူရမှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ ကြ သည်။ တဖန် ၁၄ ရာစု နှင့် ၁၇ရာစုကြားကာလတွင် မြို လူမျိုးများကို ခူမီး လူမျိုးတို့က တိုက်ခိုက်၍ လည်းကောင်း၊ နိုင်ငံရေး မတည်ငြိမ်မှု လည်းကောင်း စစ်တကောင်းတောင်တန်း ဒေသ ဘန်ဒရာဘင်(Bandarban )၊ အိန္ဒိယနယ်စပ် ဘဂ်ါ (Bengal ) နှင့် အရှေ့ ပါကီစတန် အထိ ပျံ့ နှံ့ ရောက်ရှိသည်။ ယခုတိုင် ၎င်း နေရာများတွင်နေထိုင်ကြသည်။ အချို့ တို့သည် ပီချောင်း၊ မီးချောင်း၊ ကုလာတန်မြစ်ကြော မှ ယင်းမှတစ်ဆင့် အချို့သည် ကစ္ဆပနဒီ(ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံ့စွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရစ္ဆာန်ရန်မှလည်းကောင်း၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲ တိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို ရှေးပညာရှိများက မြို ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ် တမ်း များ တင်ခဲ့ကြသည်။
သမိုင်း
မြိုးတိုင်းရင်းသားလူမျိုးများ' ရခိုင်ဒေသသို့စတင်အခြေချမှုနှင့်ပတ်သက်၍ ရခိုင်သမိုင်းများတွင်လည်းခြေရာကောက်ယူနိုင်သည်။ ကစၦပန ဒီမြစ် ဝှမ်းဒေသသို့ ရခိုင်လူမျိုးများ မြောက်ဘက်မှ ဝင် ရောက်လာရာ မြိုတို့သည် အဆိုပါဒေသတွင်ရှိနှင့်နေပြီးဖြစ်ကြောင်း၊ပထမဓညဝတီကို တည် ထောင်ကာ ရခိုင်မင်းဆက်ကို တည်ထောင်ခဲ့သော သူရဲကောင်း မရယုမင်း သည် "မြို"အကြီး အကဲတစ်ဦး ၏သမီး မပိန်နှင့် လက်ထပ်ထိမ်းမြား ခဲ့ကြောင်း၊ ထို့နောက် "မြို"လူမျိုးတို့နှင့် ပူးပေါင်းကာ ထိုစဉ်က ကစၦပနဒီ မြစ်ဝှမ်းတစ်ဝိုက် မင်းမှုဆိုးသွမ်းနေကြသော ဘီလူးများကို တိုက် ခိုက် အောင်မြင်ခဲ့ကြောင်း ရခိုင် သမိုင်းများက ဆိုသည်။ ထိုအကြောင်းကို အဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်းအပိုဒ်(၆) တွင် 'မာရယုလျှင်၊ ဘဖြူမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာဒေဝီ၊ သမီးဘီနှင့် ယှဉ်မှီတကွ' ဟူ၍ စပ် ဆိုထားသည် ရခိုင်မဟာမုနိဘုရားသမိုင်းစာအုပ်တွင် 'မာရယုသည် စွမ်း ရည်သတ္တိနှင့် ပြည့်စုံသည်ဖြစ်၍ မြိုလူမျိုးခေါင်းဆောင်ရအောင်လာ၏ သမီးနှင့်လက်ထပ်သည်' ဟုဖော်ပြထားသည် ။ဤ အဖြစ်အပျက်ကို နှောင်း ပိုင်းသုတေသီတို့က ခရစ်နှစ်အဖြစ် နန်းစဉ် နန်းဆက် သမိုင်းပြု၍ ဖော်ပြရာ ဘီစီ-၃၃၂၅ သည် မာရယု၏ နန်းတက်နှစ်ပင်ဖြစ်သည်။ သို့ဖြစ်၍ ရခိုင်သမိုင်းဦး ကာလကပင် ရခိုင် ပြည်နယ်၌ "မြို"တိုင်းရင်းသားတို့ရှိနှင့်ပြီဖြစ်ကြောင်း ယေဘုယျ မှတ်ချက်ယူနိုင်သည်။ မြိုတို့သည် ရခိုင်နှင့်အတူ တကွ နေထိုင်လာခဲ့ကြရာ ဝေသာလီခေတ်ကုန်ခါနီးတွင် မြို လူမျိုးသုံးဦးဘုရင် ဖြစ်လာ ခဲ့သော သမိုင်းကြောင်းသည် ရခိုင်ရာဇဝင်တွင် ထင်ရှားခဲ့ပါ သည။ ဝေသာလီကျောက်လှေကားခေတ်တွင် စူဠစန္ဒားမင်းနတ်ရွာစံပြီးနောက် မင်းဆက်ပြတ်ခဲ့ရာ စန္ဒာဒေဝီမိဘုရားသည်ဘုရင်ကြီးမှာခဲ့အတိုင်း မိမိလက်စွပ်ဖြင့်တန်သူကို ရှာဖွေခဲ့ရာ မတွေ့ရ၍ချောင်းဖျား၊မြောင်းဖျား၊တောတောင်အနှံ့အပြားရှာဖွေစေသည်။ ထိုအခါအဆင်း၊ခွန်အား၊စွမ်း အားဖြင့်ပြည့်စုံသောမြိုလူမျိုးသုံးဦးဖြစ်သည့် အမြတူ၊ အမြကူ၊ပဲဖြူ တို့နှင့် လက်စွပ်တန်သည်ဖြစ်၍ဝေသာလီမြိ့တော်သို့ခေါ်ယူခဲ့သည်။ ယင်း နောက်အစ်ကိုကြီး အမြကူကို အိမ်ရှေ့အရာအပ်နှင်းကာ သားဖြစ်သူပဲဖြူကို မြောက်ဦးမြို့အားစားစေသည်။ ထိုအကြောင်းကို ရခိုင်မင်း သမီး ဧချင်းအပိုဒ်(၁၄)တွင် 'မြိုတွင် ထင်ရှား၊ သင်းကြီးသားလျှင်၊ ရည်သွားလုံးရပ်၊ စည်းကြပ်ကျစ်ကြော၊ ချောမောဆင်းရောင်၊ ညီနောင်သားဘ သုံးယောက်ရ၍၊ အစတည်တုံ၊ အမြတူနှင့်၊ တူစုံသားမောင်၊ထီးနန်းဆောင်၍ နောင်တလစ်မှု၊ သားပဲဖြူနှင့်၊ ရိပ်ဖြူဆောင်းချုပ်၊ ပြည်ရွာအုပ်လျက်' ဟုမှတ်တမ်းတင်ခဲ့သည်။[၆] ပဲဖြူမင်း မြောက်ဦးမြို့တည်၍နေစဉ် မြောက်ဘက်မှ မွန်ဂိုလီယံများ ဝင်ရောက်တိုက်ခိုက်၍ပျက်စီးသည်ကို 'တုံလှုပ်မစွမ်း၊ ခဲ့ယိုယွင်းတွင် ရှမ်းလိမ်းဘုန်းရှင်၊ သိုခင်ဘွားကြီး၊ တောင်ရိုးစီး၍ဖျက်ဆီးလေသော၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်' ဟူ၍ ရခိုင် မင်းသမီးဧချင်းအပိုဒ်(၁၄)၌ပင်ဖော်ပြထားသည်။ ရခိုင်ဘုရင်ကောလိယမင်း၏သားတော်ဿရာဇာလက်ထက်တွင်ပျောက်ဆုံးနေသော မဟာ မြတ်မုနိရုပ်ပွားတော်ကြီးအား အမတ်ကြီးလကျၤာကို ဆုလာဘ်ပေး၍ ရှာဖွေစေသည်။ နောက်ဆုံးတွင်ချောင်းဖျား၊ မြောင်းဖျား၊ တောနားတောင်နားတွင် နေထိုင်စားသောက်ကြသော မြိုလူမျိုးရ ဟောင်လာနှင့် အပေါင်လာညီအစ်ကို နှစ်ဦး၏ အကူအညီ လမ်း ညွန်မှုဖြင့် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးကို ချောင်းဖျားငယ်တစ်ခုတွင် လည်တော်တိုင် မြေဖုံး၍ တွေ့ရသည် ဟုဆိုသည်။ ယင်းအကြောင်းကို ရခိုင်မင်းသမီးဧချင်းအပိုဒ်(၁၉)တွင် 'ကောလိယမင်း၊ အ ရင်းသည်းခြာ၊ ဿရာလျှင်၊ မဟာမုနိ၊ ရှိသည့်အကြောင်း၊ ပေါင်လောင်မြို့ထီး၊ သင်းကြီးညွန်ပြ'ဟူ၍ ဖော်ပြထားသည်။ သို့ဖြစ်၍ ရခိုင်သမိုင်းများ၏ အဆိုအရ တစ်နည်းနည်းဖြင့် ရခိုင်ဒေသသို့ ရောက် ရှိခဲ့မည် ဖြစ်သော "မြို"တိုင်းရင်းသားများသည် ရခိုင်ပြည်မြောက်ပိုင်း ကစ္ဆပနဒီ နှင့် လေးမြို့မြစ် ဝှမ်းသို့ တစ်သုတ် ပြီးတစ်သုတ် အခြေချခဲ့ကြောင်း တွေ့ရှိရသည်။ ထိုကစ္စပနဒီနှင့်လေးမြို့မြစ်ဝှမ်းသို့ အခြေချလာပုံနှင့်ပတ်သက်၍ ဤသို့ဆိုသည် BC-၃၃၀၀ ကျော်က အဆိုပါ မြိုလူမျိုးများသည် အိန္ဒိယတောင် တန်းအရပ်ဒေသနှင့်တရုတ်ပြည် ယူနန်အရပ်ဒေသတွင်နေထိုင်ခဲ့လေ၏။ ထိုအရပ်ဒေသမှ တစ်ဆင့် ကစ္စပနဒီ (မြိုဘာသာခေါ်ယာမ်မာစေ) လေးမြို့မြစ် နှင့်ကုလာတန်မြစ် ဝှမ်းပီချောင်း၊ မီးချောင်း အရပ်ဒေသ၌အခြေချ လာရာထိုအရပ်၌ပင်ရခိုင်တိုင်းရင်းသားများနှင့် ရင်းနှီးစွာနေထိုင်ရင်း ရခိုင် မင်းဆက်သုံးဆက်မျှ အုပ်စိုးခဲ့ကြသည်။" ၁၉၄၃၊ စစ်အတွင်းကမြန်မာနိုင်ငံအစိုးရက ဆင်းလား မြို့တွင် ပုံနှိပ်ထုတ်ဝေခဲ့သော မြန်မာနိုင်ငံလက်စွဲစာအုပ်တွင် ချင်းအမျိုးအနွယ်ဝင် 'မြို'တိုင်းရင်းသားတို့ မြန်မာပြည်တွင်းသို့ ဝင်ရောက်လာပုံနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြခဲ့ပသည်။ တိဗက်-မြန်မာ မျိုးနွယ်အုပ်စုသည် သုံးစုခွဲ၍ လမ်းကြောင်းဖြင့်တောင်ဘက်သို့ ဆင်းလာခဲ့ရာ ဧရာဝတီ မြစ်ဖျား ခံရာ အရပ်ဒေသများမှဖြတ်ကျော်ခဲ့ကြသည်။ ထိုနေရာမှချင်းအမျိုးသား တို့သည် အနောက်ဘက် တောင်တန်းများသို့ တက်ခဲ့ကြလေသည်။ ဆင်းသက်လာသောသုံးစု အနက်အများစုတွင် မြန်မာနှင့် ရှေး မြန်မာများပါဝင်သည်။ တောင်ဘက်သို့ဆက်၍ ဆင်းသက်လာရင်း လမ်း တစ်လျှောက်တွင် အချို့က အတည်တကျစွဲမြဲနေထိုင်ရစ်ကြရာ မြန်မာပြည်မြောက်ပိုင်းနေ မျိုးနွယ်စုများဖြစ်သွားကြသည်။ ရခိုင် ရိုးမတောင်တန်းများ၌ နေကြသော ချင်း၊ ဒိုင်းနက်၊ မြို၊ တောင်သား၊ ခမီးတို့သည်လည်း တိဗက်မြန်မာအုပ်စုဝင်များဖြစ်ကြသည်။ ချင်း၊ ကချင်နှင့် မျိုးနွယ်ချင်းဆက်စပ်သော နာဂတို့သည် မြန်မာနိုင်ငံ မြောက်ဘက် တောင်တန်းများ၊ ဟူးကောင်းတောင်ကြားနှင့် ချင်းတွင်းမြစ်အနောက်ဘက်တို့တွင် နေထိုင်ကြသည်ဟုရေးသားထားသည်။ ထို့အပြင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာ ဇဝင်တော်ကြီး ဓညဝတီရာဇဝင်သစ် မရယုနှင့် ဗေဒါရှင်းတမ်း စသည့်ကျမ်းကန်များတွင်လည်းကောင်း၊တချို့သောစာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးကိုရေးသားကြရာတွင်မြိုဟူသောဝေါဟာရ အပြင် မြိုဟူ၍လည်းကောင်း မြုန်"ဟူ၍လည်းကောင်း "မြို့"ဟူ၍လည်းကောင်း မှုကွဲစာလုံးပေါင်းဖြင့်ရေးသားထားသည်။ မြို၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ဟူသော အရေးအသားသည် "မြို"လူမျိုးတစ်မျိုးကိုပင်ရေးသားထားဟုမှတ်ယူနိုင်သည်။ အိန္ဒိယလူမျိုးများက မြိုလူမျိုးများကို "မြုံဂျာ"ဟုခေါ်ဝေါ်နေကြသည်။ မှုလ "မြူ" "မရု"စကားလုံးကို ရခိုင် တိုင်းရင်းသားတို့က "မြို" ဟုခေါ်ပြီး ဗမာတိုင်းရင်းသား တို့ကမှု "မြို"ကို "မျို"အသံထွက်သည်။ မြို လူမျိုးကို တစ်ခြားတိုင်းသားများက သူ့လျာသံနှင့်မည်သို့ပင်ခေါ်စေကာမှု မိမိကိုယ်ကို "မြူ""မရု"ဟု ယနေ့တိုင်ခေါ်ဝေါ် ကြသည်။ မြိုတိုင်းရင်းသားလူမျိုးများမှာ မှုလ "မြူ"နာမည် ရှိသလို ရခိုင်လူမျိုး၊ ဗမာလူမျိုး စသည့်တိုင်းရင်းတို့မှာလည်း"Burma ဘာမာ"ဟုတွေ့ရပြီး၊ရခိုင်တိုင်းရင်းသားတို့မှာလည်း"Arakan အာရကန်"ဟုတွေ့ရသည်။ မြိုတိုင်းရင်းသားတို့သည် မိမိကိုယ်ကိုယ် "မြူ"ဟူ၍အပြင် "မြိုစာ Mro-cha"ဟူ၍၊ မရိုစာ Mo-roo-sa ဟူ၍လည်းခေါ်ပါသည်။ "မြူ"အသုံးနုန်း သည် အများဆိုင် 'နာမ်'ကိုလည်းသုံးပါသည်"မြိုစာ"အသုံးနုန်းသည်မိမိကိုယ် ကိုယ်စားပြုပါသည်။ ထို့အပြင် "မရိုစာ Mro-cha"ဟူ၍လည်းကောင်း၊ "မရုစာ Mru- chaဟူ၍ လည်းကောင်းခေါ်ဆို သည်။ လူ၊ လူသားဟု အဓိပ္ပာယ်ရသည်။
ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကား
မြိုတိုင်းရင်းသား လူမျိုးများသည် ယခင် ယခင် ကဆိုလျှင် နတ်ဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ ယင်းတို့မှာ ဘုရား (သုံး)ပါး ကို ကိုးကွယ် ယုံကြည်ကြောင်း THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOL. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon, စာမျက်နှာ -၄၂၅ တွင် ဤသို့ ဖော်ပြသည် "They have Three gods , Too-ra-ee, the the father, Tsoon-toon, the nat of the hills and Oo-rengs, the nat of the streams" by (Sir, Arthur Phayre)" ယင်းတို့မှာ ဘုရား သုံးပါး ရှိသည် ထူရိုင်းဘုရား -Too-ra-ee , ဆုန်တောမ်း နတ်-Tsoon-toon,နှင့် အော်နှာမ့်နတ် - Oo-rengs ဟူ၍ ဖော်ပြထားသည်။ မြိုတို့ ဘာသာစကားဖြင့် စက်ြာဝဌာ တစ်ခုလုံးကို အုပ်စိုးသော ဘုရား ကို "ထူရိုင်း"(သို့)"ထိုရိုင်း" ဟု ခေါ်ဆိုသည်။ တောင် စောင့်နတ် ကို ကား " "ဆုန်တောင်မ့်" (သို့) "ဆုန်နှာမ့်" ဟုခေါ်၍ ချောင်းစောင့်နတ် ကိုမူ "အော်နှာမ့်" ဟုခေါ်ဆိုသည်။ "ထူရိုင်း "ဘုရားသည် ဘုရားတကာတို့ထက် ကြီးမားသည် ကောင်းကင်ဘုံမှာ နေသည်ဟု ယုံ ကြည်ကြသည်။ "ဆုန်တောမ်း" (သို့) "ဆုန်နှာမ့်" နတ်ဘုရားသည် ကုန်းမြေကို အုပ်စိုး၍ ကုန်းမြေရှိသမျှအရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်သည်။ "အော်နှာမ့်" နတ် ဘုရားသည် မြစ်၊ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုတ္တရာ တို့ကို အုပ်စိုး၍ ရေရှိသော အရပ်ရပ်တွင် ရှိသည်ဟု ယုံကြည်ကြသည်။ တဖန် ၁-၁၁-၁၉၇၀-ခုနှစ် ထုတ် ရှုဒေါင့်ဂျာနယ် စာမျက်နှာ (၃၅) တွင်ပါရှိသော ဆောင်းပါး တွင်လည်း မြိုတို့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို " လောကတခုလုံး၌ ရှိသော စုန်းနတ်များကို အုပ်ချုပ်သည့် "ထိုရိုင်း" အမည်ရှိနတ်မင်းကြီးသည် ကောင်းကင်ဘုံတွင်နေသည်" ဟူ၍ဖော်ပြထားသည်။ ပြီးနောက် မှ ဗုဒ္ဒဘာသာ ထွန်းကားလားလာပြီး ထေရဝါဒ ဗုဒ္ဒဘာသာ ကို ကိုးကွယ် ယုံကြည်လာကြသည်။ ၁၉၈၀ ခုနှစ် မှ မြို တိုင်းရင်းသားလူမျိုးများ ဘာသာ ကိုးကွယ် ယုံကြည်မှု ကို လေ့ လာကြည့်သော်
နတ်ကိုးကွယ်ယုံကြည်မှု
ဗုဒ္ဒဘာသာ
ခရစ်ယာန်ဘာသာ
မြိုကရာမာ ဘာသာ
ဟိန္ဒူဘာသာ- စသည်တို့ကို နေရာဒေသ အပေါ် မှုတည်ပြီး ကိုးကွယ် ယုံကြည်ပါသည်။ ဗုဒ္ဒဘာသာ သာသနာ ရောက်သည့်ဒေသတွင် ဗုဒ္ဒဘာသာ ကို ကိုးကွယ်ယုံကြည်ကြသည်။ ခရစ်ယာန် ဘာသာ သာသနာထိုးဖောက်သည့်ဒေသတွင် ခရစ်ယာန်ဘာသာကို ကိုးကွယ် ယုံကြည်ကြသည်။ ကရာမာ ဘာသာ ပေါ်ပေါက်လာချိန်မှာ ကရာမာ ဘာသာ ကို ကိုးကွယ် ယုံကြည်ကြသည်။ ဟိန္ဒူ ဒေသတွင် နေ ထိုင်သူများသည် ဟိန္ဒူဘာသာ ကို ကိုး ကွယ် ယုံကြည်ကြသည်။ ဘယ်ဘာသာ ရပ်မှမရာက်သည့်တောတောင် အရပ်ဒေသ တွင်ကား စုန်း၊နတ်ဘာသာ ကို ကိုးကွယ် ယုံကြသည်။ ဟိန္ဒူဘာသာ ကိုး ကွယ် ယုံ ကြည် သူများသည် အိန္ဒိယ အရပ်ဒေသ တွင်နေထိုင်သူများဖြစ်သည်။ လောကတစ်ခုလုံး၌ရှိသော စုန်း၊နတ်များ ကို အုပ်ချုပ်သည့် "ထိုရိုင်း"အမည်ရှိ နတ်မင်းကြီး (ဘုရား)သည် ကောင်းကင် ဘုံတွင် နေသည်။ ၎င်းနတ်မင်းကြီး (ဘုရား)သည် ၎င်းတို့အား ကောင်းကျိုး၊ဆိုးကျိုးကို ပေးစွန်းနိုင်သည်ဟူ၍ ယုံကြ်ကြသည်။ မြိုလူမျိုးဘာသာစကားတို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဘာသာ စကား အ နည်းငယ် ကွဲပြားမှု ရှိပြီး ၎င်းကို (၆)အုပ်စု အနေဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရိုင်းမာ၊ နောက်ဆာ၊ဒိုမ်ရောင်၊ နောက်ကော့၊ ဆုန်မာနှင့် တင်ဆာ ဟူ၍ ဖြစ်သည်။ မျိုးနွယ်စုကြားတွင် နောက်ဆာစကား သည် တင်ဆာ စကားနှင့်အများဆုးံတူညီသည် အပြော များဆုံး ဖြစ်သည်။ မြို တို့တွင် ကြာမာကိုယ်ပိုင်စာပေ ရှိသည်။ လာတင်အက္ခရာနှင့်ဆင်တူသည် သည်။ မြိုလူမျိုး တို့၏ ဘာသာစကားနှင့် ရိုးရာ ဓလေ့တို့သည် တောင်ပိုင်း ချင်း များနှင့် ပိုမို တူညီမှုများသည်။
မြိုလူမျိုးတို့ဘာသာစကားဆက်နွယ်မှု
၂၀၁၁ ခုနှစ်တွင် LSDO အသင်းမှ ဘာသာဗေဒစစ်တမ်းအဖြစ် စကားလုံးများအားကောက်ယူကာ နှိုင်းယှဉ်ခြင်းကိုပြုလုပ်ခဲ့လေ သည်။ ထို့အပြင်မြိုဘာသာစကားအတွင်းမှ ဒေသိယဘာသာစကား(၆) မျိုး ခန့်ကိုလေ့လာကာ အခြားချင်းဘာသာစကားများ နှင့်နှိုင်းယှဉ်လေ့လာခြင်းအားပြုလုပ်လေသည်။ မြို၏ဘာသာဗေဒကုတ်နံပါတ်မှာ ISO 639-3 mro ဖြစ်လေသည်။ ပညာရှင်များက Mo-roo- sa စကား ဟူ၍လည်းကောင်း၊Mro စကားဟူ၍လည်းကောင်း၊Mru စကားဟူ၍လည်းကောင်းG.H.Luce,1986-Phases of Pre-Pagan Burma Languages and History( Volume.II)မှာ Mru Words မြိုဘာသာစကားဝေါဟာရ ၊Toung Mru စကားဟူ၍လည်းကောင်း အရေးအသားခြားနားစွာ ဖော်ပြကြသည်။ မြန်မာနိုင်ငံ LDSO မှ ၂၀၁၁ ခုနှစ်တွင် Mrusa (Buthidaung), Mrusa (Ponnagyun), Mrusa(Maungdaw), Mrusa(Dowpreng-bgldsh-Tauk Para), Mrusa (Sungma-bgldsh-Tuktong Para), Mrusa (Anok-bgldsh-Noa Para) ဟု ကောက်ခံခြင်းပြုကြလေသည်။ ထိုဒေသိယ ဘာသာစကားများ အကြားတွင် တူညီ/ကွဲခြားမှု ၈၁%-၉၅% အကြားရှိသည်ဆိုလေသည်။ မြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ Anu(Tuikinalong), ခေါင်ဇိုချင်းHkongso (Lakinwa) ISO 639-3 anl တို့အကြားတွင် ၆၄%-၇၃% အတွင်းတူညီလေသည်။ ယနေ့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ ခမီအုပ်စုဝင်ဘာသာ စကား (ဘာသာဗေဒပညာရှင်များက Ethnologue Language of the World မှတ်တမ်း အရ Mro-Khimi ဟုမှတ်တမ်း တင်ထားပြီး ဘာသာစကားကုတ်နံပါတ်မှာ ISO 639-3 cmr ဖြစ်သည်)များဖြစ်သည့် (Areong, Wakung,Likhy,Xena, Xangtau, Rengsa, Khenlak, Sangtha) ဒေသိယ ဘာသာစကားများနှင့် ၁၃% တူညီမှုရှိသည်။ဤ Mro-Khami သည် ခမီ၊ခူမီး အုပ်စုဝင်များအဖြစ် ပညာရှင်များက ထည့်သွင်းသတ်မှတ်သည်။ မြို,မြူ လူမျိုး ဘာသာစကား၊ ခူမီး (ISO 639-3 cnk) တို့နှင့် ၂၂%-၄၂% အထိတူညီပြန်သည်။ လက်၊ အိမ်၊ဆင်၊ ရေ၊ လေ၊လေး၊ခေါင်း၊ ကျောက် စသည့် ဝေါဟာရ စကားလုံး သည် ချင်း၊ မြို၊ ခမွီး( ခမီ၊ ခူမီး)၊ သက် တို့ ဘာသာ စကား ဆင်တူကြောင့် (Dr.E. Forchhammer, 1882) သူ၏ မှတ်တမ်း Notes on the Languages and Dialects spoken in British Burma ,PP,9 တွင်ဖော်ပြထားသည်။ အခြားချင်း မျိုးနွယ်များနှင့်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ တောင်ဘက်ချင်း အနွယ်ဝင်များအကြားကိုယ်နှိုက်တွင် မြောက်ပိုင်းနှင့်အလယ်ပိုင်းချင်းမျိုးနွယ်စုများထက် ဘာသာစကား ကွာခြားချက်ရာခိုင်နှုန်း မြင့်မားသည်။ (Chin Dialects Lexical Result, 2011,LSDO) အသုံးအနှုန်းများမှာ LSDO ၏အရေးအသားကိုသာတိုက်ရိုက် ဖော်ပြပါသည်။
မြိုအမျိုးကွဲပေါင်း
မြိုလူမျိုးတို့တွင် မြိုအမျိုးကွဲပေါင်း(၁၀၀)ကျော်ခန့်ရှိသည်ဟူ၍ အဆိုရှိကြသည်။ သို့သော် ယခုအခါ မြိုအမျိုးကွဲပေါင်း (၅၇) မျိုးခန့်သာ ရှာဖွေတွေ့ရှိရကြေား၊ ယင်းအထဲတွင်လည်း အမှန်တကယ် အား ဖြင့်ရှိနေသော မြိုမျိုးကွဲမှာ (၃၀) ဖြစ်ကြောင်းအဆိုရှိကြသည် ဟု ရှုဒေါင့်ဂျာနယ် (စာမျက်နှာ-၃၅) တွင်ဖော်ပြထားသည်။ ၁၈၇၉-ခုနှစ်က British Burma Gazetteer စာအုပ် (စာမျက်နှာ-၄၂၅ ) တွင် Fifteen clans of Mro named -မြို မျိုးကွဲပေါင်း (၁၅) မျိုးတွေ့ရှိကြောင်း ဖော်ပြထားသည်။ သမိုင်းတွင် ဖော်ပြရေးသားချက်များသည် လက်လှမ်းမီ သည်အထိသာ ရေးသားခြင်းဖြစ်ပေမည် မိမိ ကိုယ်၌ပင် ယခုတိုင်တိတိကျကျ ဖော်ပြရန်မလွယ်ကူပေ။ မြိုလူမျိုးသည် လူဦးရေနည်းသလောက် မျိုးကွဲများပြားသည်။ ယခုအခါတွင် မြိုမျိုးကွဲများသည် (၇၀) မျိုးရှိကြောင့် ရှာဖွေလေ့လာ တွေ့ရှိသည်။ ၎င်းတို့မှာ-၁။ ပလောင်ဒို 2။ တင်မ်တူ ၃။ ဆွေ၄။ ဆာမ်လာမ်၅။ ပြန့်စာ ၆။ ဆင်ကာလ်စာ ၇။ ဘွေမာ ၈။ သရိကလောင် ၉။ ခွာ ၁၀။ အာလှာမ် ၁၁။ ဒန် ၁၂။ ကုံမ့်စာ ၁၃။ ဒိန်တင့် ၁၄။ ဘွေတိန် ၁၅။ မာလှာမ်မာ ၁၆။ နိုနှာမ် ၁၇။ နိုလှာမ် ၁၈။ ကုမ့်စာ ၁၉။ ပေးနှာမ့် ၂၀။ ပြန်မ်ဆင် ၂၁။ ခိုင်စာ ၂၂။ ဆင်ရိုးစာ ၂၃။ ကြောင်ဝေ့စာ ၂၄။ ပေါင့်စာ ၂၅။ ငါ့မာ ၂၆ ။ ဟန်းလာ့ ၂၇။ ယောမ့်ရဲ့ ၂၈။ ပက်တိယာ ၂၉။ ဆင်ပြော့စာ ၃၀။ လန်းပြိုစာ ၃၁။ ရွေ့စာ ၃၂။ မရာစာ ၃၃။ ဖလောင် ၃၄။ တာမ်ဆင် ၃၅။ ရဟစာ့ ၃၆။ တိန်မ်ကမ် ၃၇။ မင့်စာနှာမ် ၃၈။ နာမ့်သရှိန်း ၃၉။ နာမ့်ဆစာ ၄၀ ။ ဟွာမာ ၄၁။ ပုလ်စာမ့် ၄၂။ ရုံမ်ထူတင့် ၄၃။ ပေါင်မိတင့် ၄၄။ မေ့မတင့် ၄၅။ ရန်လိပ်စာ ၄၆။ ခုံမ်စာ ၄၇။ ရန်မိတ်စာ ၄၈။ လင့်စားတင့် ၄၉။ တောင်န် တင့် ၅၀။ ယာမ့်မာတင့် သို့မဟုတ် ယာမ်မာဆောင်အိုင်မ်းတင့် ၅၁။ ရိုမ်စာ ၅၂ လိင်မ် ကန့်စာ ၅၃ ရပေါစာ ၅၄။ ရုံမ်ထူ ၅၅။ ငါ့ရွာ့ ၅၆။ နာမ့်ဖန်ဒန် ၅၇။ အွေထနိ့ဒန် ၅၈။ စတုဒန် ၅၉။ ရောင့်ဒိမ့် ၆၀။ ဒက်ဒိမ့် ၆၁။ နှာမ်ဒေါင့်မ် ၆၂။ ပလက်ဆင် ၆၃။ ဝင့်ကို ၆၄။ ဒန်ပရာမ့်နှာမ့် ၆၅။ ကွိုင်စင့်မ် ၆၆။ အောမ်စမ့် ၆၇။ ဆာရမ်စာ ၆၈။ စတု ၆၉။ တိန်စာ ၇၀။ ရန်တိန်စာ တို့ဖြစ်ကြသည်
ဤသို့ မျိုးကွဲများပြားသည်အလျောက် ခရီးသွားသည့်အခါမှာ ကျေးရွာတစ်ရွာ သို့ ဝင်လျှင် ၎င်းရွာတွင် မိမိအမျိုး ရှိမရှိကို မေးမြန်းရသည် အမျိုးတူ ရှိပါက ၎င်းအိမ်တွင်တည့်ခိုလေ့ရှိသည် အိမ်ရှင် တို့က လည်း မိမိအမျိုးရောက်လာသော ဧသည်အား ပျုငှာ စွာ ဧည်းဝတ်ပြုရသည်။ အမျိုးမရှိပါက ကျေးရွာ လူကြီးအိမ်တွင် တည့်ခိုလေ့ရှိသည်။ ချစ်စရာဓလေ့မှာ ကျေးရွာတစ်ရွာတွင် ရောက်လာ သော ဧသည် သည် မိမိအမျိုး မဟုတ်သော်လည်း အိမ်နီးချင်း များက ဟင်းပွဲ တစ်ပွဲ နှင့် ထမင်းပုကန်တစ်ခု ဧည်းသည်တည့်ခိုသည့် အိမ်သို့ ပေးပို့ လေ့ရှိကြသည်။ ထို့အပြင် ဧသည် အိပ်ရန် ရိုးရာခြုံထည်စောင် လည်း ပို့လေ့ရှိကြသည်။
မြိုစာပေ
မြိုအက္ခရာ စာပေသည် ၁၉၈၀ခုနှစ် တွင် တမန်တော် မန်လေးမြို က တီထွင်ပေးခဲ့သည်။ ထိုစာပေကို တစ်ဟုန်ထိုး သင်ကြားကာ ဖတ်စာအုပ် အတန်း(၃) တန်းထိ ထုတ်ဝေထားရှိသည်။ ထို မြို စာပေ သည် တိုင်းရင်းသားစာပေတွင်ပါဝင်သည်သာမက ကမ္ဘာ့စာပေတွင် UNESCO ယူနစ်စကို မှ ၂၀၁၀ခုနှစ် ဇွန်လတွင်မြေ ကမ္ဘာပေါ်၌ မပေါ် မရှိသည့် မြိုစာပေကို အသိအမှတ်ပြုထားခဲ့သည်။မြိုစာ ပေ ပျောက်ဆုံးခြင်းနှင့် ပြန်လည် ရရှိခြင်းအကြောင်းပုံပြင်သမိုင်းသည် မြိုလူမျိုးရိုးရာနွားထိုးပွဲနှင့်လည်းဆက်နွယ်မှုရှိသည်။ လွန်လေပြီးသောနှစ်ပေါင်းထောင်ချီများစွာကလူမျိုးအသီး သီးစာပေ များကို ထာ ဝရဘုရားသခင်ထံသို့သွားရောက်ယူ သည့်အခါမြိုလူမျိုးများက သွားမယူခဲ့ပေ။ ထို့ကြောင့် ထာဝရဘုရားသခင်သည် ကမ္ဘာပေါ်၌ရှိသော လူမျိုးအသီးသီးတို့၏ စာပေကို ပေးပြီး မြို လူမျိုး များကို ကားမ ပေးရသည်မှာ မကောင်း ဟုဆိုကာ ထာဝရဘုရား(Thu rai ထူရိုင်း )သည် မြို စာပေကို ငှက်ပျိုးရွက် ပေါ်တွင် ရေးပြီး မြို လူမျိုးစုများအတွက် နွားကိုပေးပို့ခိုင်းရာ၊ နွားက ဗိုက်ဆာပြီး ၎င်း ငှက်ပျိုးရွက် ကိုစားလိုက်သည်။ မြိုလူမျိုး များထံသို့ ၎င်း စာပေ မရောက်သည် အတွက် ထိုနွားကို ထာဝရဘုရားက စစ်ဆေးရာ ဗိုက်ဆာ၍ စားလိုက်ကြောာင်းဝန် ခံလိုက်သည်။ ထိုနွားကို ထာဝရ ဘုရားသည် သင် ဘောသဖန်းပင်ရင်း၌ချဉ်နှောင်ကာ၊ခြေထောက်ဖြင့် ကန်ချလိုက်သည့် အခါ နွားမှာအပေါ်သွားတန်းကျိုးသွားသည်။ ထို့ကြောင့်နွားမျိုးနွယ်မှာ ယနေ့ထိတိုင် အောင် အပေါ် သွားမ ရှိချေ။ ပြီးနောက် သဘ်ော့ သဖန်းပင်သည် လည်း ဖြောင့်ဖြောင့် မတ်မတ် မရှိဘဲ သဘော်သဖန်းပင် တိုင်း ယိုင်နေသည်ကို တွေ့ရသည်။ ထို မြိုစာပေ ကို စားလိုက်သည့် နွားမျိုးနွယ် များကို မြို လူမျိုးစုများက သေဒဏ်ပေးသည့် အနေဖြင့် ရိုးရာ ပွဲတော် ကျင်းပ သည့်အ ခါ ရွာလည်ခေါင်၌ နွားကို ချည်ပြီး ဝါးလုံး များဖြင့် ပန်းဖော်ထားသော ယဇ်ပလ္လင်ဆောက်လုပ်ကြသည်။ ထိုယဇ်ပလ္လင် ဘေးနား၌ ချဉ်နှောင်ထားသည့် နွားကို ဝိုင်းကာပတ်ကာကကြသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းသည် ရိုးရာ ဓလေ့ ဖြစ်လာသည်။ ထိုနွား၏ လျာကိုလည်း ဓားဖြင့်ဖြတ်ကာ ဘုရားသခင်ထံသို့ ပူဇော်ပြ သသည်။ နွားကိုလည်း ရိုးရာလှံဖြင့်နံဘေးကို ထိုး သတ်ကြသည်။ ထို့ ကြောင့် ယခုအချိန် မှာ တမန်တော် ဟုခေါ်သော ''Manley Mro မန်လေးမြို အားဖြင့် မိမိ၏ လူမျိုးစာပေကို ထာဝရ ဘုရားထံမှ ပြန်လည် ရယူ ရရှိနေပြီ ဖြစ်သောကြောင့် ထိုနွားမျိုးနွယ်များကို သေ ဒဏ်မပေးသင့်ကြောင့် ပြောကြားခဲ့သည်။
အမျိုးသားဝတ်စားဆင်ယင်မှု
မြို အမျိုးသားများသည် သျှောင်းထုံး ကိုးသေသပ်ကျနစွာ ထုံးကြသည်။ သျှောင်ထုံး တွင် ဘီးစိုက်ထားလည်းရှိသည်။ အိမ်ထောင်ကျပြီး သားများသည် ဘီးစိုက်ခြင်းအစား ဦးခေါင်းတွင် နှစ်ကိုက်မျှရှည် သော အဝတ်ဖြူစကိုခေါင်းပေါင်းအဖြစ်ပေါင်းကြသည်။ သျှောင်ထုံးတွင် ဆံထိုးများလည်း ထိုးစိုက်လည်းရှိသည်။ နားတွင် လူပျိုများက ပန်းပွင့်အနီ၊ ချည်ပိုးအနီကိုများသောအားဖြင့် (နပက်)ကွင်းတွင် တပ်ဆင်ဆွဲလေ့ရှိကြသည်။ အိမ်ထောင်ရှင် ယောက်ျားများကမူ နားကွင်းပြားရိုးရိုးကိုပင် ဆွဲကြသည်။ မျက်မှာပြင်ပေါ်တွင်လည်းကောင်း၊ နဖူးပေါ်တွင်လည်းကောင်း ဆေးအနီရောင်ဖြင့် အကွက်အ ကွင်း များ ပြုလုပ်၍လည်း ခြယ်သတတ်ကြသည်။ လက်ကောက်၊လက်ကြပ်များကို ဝတ်ဆင်ကြပြီး သန္ဓာစေ့ ပုတီးများကို လည်ဆွဲအဖြစ် တန်ဆာဆင်ကြသည်။ မြိုလူမျိုးများသည် ရှေးရှေးကခန္မာ ကိုယ် အ ထက်ပိုင်းတွင်အဝတ်မဲ့နေလေ့ရှိကြသည်။ ခါးအောက်ပိုင်းတွင်အနံတစ်ကိုက်ကျော်မျှရှည်သော အဝတ်စကို ခါးတောင်းကျိုက်လျက် ဝတ်ဆင်ကြသည်။ အစွန်းနှစ်ဖက်ကိုရှေ့တစ်စ နောက် တစ်စချကာ ဝတ်ဆင်ကြသည်။ယခုအခါတွင်မြန်မာအမျိုးသားများကဲ့သို့ပင် ရှပ်အကျ်ီ နှင့်လုံချည်ကို ဝတ်ဆင်လာကြသည်။ သက်ကြီးရွယ်အိုများသည် လက်နှစ်ဖက်မပါသော ပခုံးတစ်ဆက် တည်း ဂျပ်ခုတ်တိုက် ပုံအကျ်ီ တို ဝတ်ဆင်ကြသည်။ အုပ်ချုပ်သူအကြီးအကဲများမှာ သာမန်အရပ်သားထက်အနည်းငယ်အဖိုးတန်သော အဝတ်ကို ဝတ်ဆင်လေ့ရှိသည်။
အမျိုးသမီးဝတ်စားဆင်ယင်မှု
မြိုလူမျိုးအိမ်သားပုံ
မြိုလူမျိုးမိသားစု အိမ်သားပုံ မြို အမျိုးသမီး တို့သည် နောက်တွဲဆံထုံး ကို ထုံးဖွဲကြသည်။ ခေါင်းနောက်တည့်တည့်၌ ဘီးကို စိုက်ထိုးလေ့ရှိသည်။ ဆံညှပ်၊ ဆံထိုးများဖြင့်လည်း တန်ဆာဆင်လေ့ရှိသည်။ အိမ်ထောင် ရှိသူအမျိုးသမီးများသည် ဦးခေါင်း တွင် အရှည်တစ်ကိုက်ခန့်ရှိသော အဝတ်စ ကို ခေါင်းတွင် ရစ်ပတ်ပြီး နောက် ဘက်ဆံထုံး၏အောက်၌ ချည်နှောင်ထားလေ့ရှိကြသည်။ နားတွင်ကား ခေါင်းပွ အဝကျယ် နားတောင်း ကို ဆင် မြန်းလေ့ရှိသည်။ လက်ကောက်၊ လက်ကြပ်၊ လက်စွပ်၊ ခြေချင်း၊ တို့ကိုလည်း ဝတ်ဆင်ကြသည်။ လည်ပင်းတွင်လည်း သန္တာစေ့ပုတီး၊ ဒင်္ဂါးပုတီး နှင့် ပုတ်စေ့ ပုတီးတို့ကို လည်း ဆွဲလေ့ရှိကြသည်။ ရှေးရှေးက မြို အမျိုး သမီးများသည် ကိုယ်ခန္ခာ အပေါ်ပိုင်းတွင် အဝတ်မဲ့နေလည်းရှိသည်။ ခါး အောက်ပိုင်းတွင်မှု အနံတစ်တောင်၊ အလျားနှစ်ကိုက်ခန့် ရှိသော ဂျပ်ခုတ်ထည် အနက်ရောင်ကို ချက်အောက်တွင်ပတ်၍ ဝတ်ဆင်ကြသည်။ အစွန်း နှစ်ဖက်ကို ဘယ်ဘက်ပေါင်ပေါ်တွင် အောက်ဘက်၌ နှစ်လက်မခန့် ကွဲစေလျက် ဝတ်ဆင်ကြသည်။ ဤသို့ပြုလုပ် ထားရခြင်းမှာ ထိုင်ရာ၊သွားရာ၌ လွယ်ကူစေရန် ဖြစ်သည်။ ယင်းကို ဝတ်ဆင်သည့်အခါ ရှေးဦးစွာ ခါးတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားရသည်။ ပြီးမှ အဝတ်ကို အထဲသို့ ထိုး သွင်းကာ ဝတ်ဆင်ကြသည်။ အပေါ်တွင်မှ သန္တာစေ့ခါးပတ်ကြိုးများကိုဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်နှင့် ဈေးဝယ်သွားသည့်အခါမျိုးတွင် ဣန္ဒြေ လုံစေရန် အနံတစ်တောင်၊အလျားနှစ်ကိုက်ခန့်ရှိသော အဝတ်ကို ဆင်မြန်းကြသည်။ အနံဘက်မှ အစနှစ်စကို ဘယ်ဘက်လက်မှ လက်က တော့ ထိုးကာ လက်ယာဘက်ပခုံပေါ်တွင် စု၍ချည်နှောင်ထားလေ့ရှိသလို ရှေ့ဘက်ထိချပြီး ချိတ်နှင့်ထိုး၍ လည်း ဝတ်ဆင်လ့ရှိကြသည်။ ရခိုင်ပြည်တွင် ဘုရင်အဖြစ်ကိုပင် ရောက်ခဲ့သော်လည်း မြုံ လူမျိုးတို့သည် ခေတ်အလိုက်ပြောင်းလဲလာသော လူ့ယဉ်ကျေးမှုများကို ထွေပိုက်လိုဟန် မရှိပါ။ ယင်းအကြောင်းကို ပန်းတံမောင်နှင့် သံတွဲသူဘွဲ့ အဲး" မှ မြုံ (မြို)တို့၏ သဘာဝ အသွယ်သွယ်ကို ဖော်ပြ ချက်များတွင် တစ်နေရာ၌ ထဘီတိုလောင်း၊ မြို ဘာသာမှာ၊ ဝါးနားတောင်း၊ မြိုမဘာသာ၊ ဖုန်းဆိုးတောင်မှာ၊ဝါးကောက်လားရေ၊ ကျပ်ကြိုးသုံးပင်၊ လွန် သုံးပင်၊ ဇင်ချောင်းမြောက်ကို၊ လှေကားတင်ရေ၊ ထုပ်လုပ်ကေလုံး၊ မြိုမရိုမှာ၊ ရင်မဖုံးလေဟု ဖော်ပြထားသည်။ယခုအခါ 'မြို'အမျိုးသမီးများသည် သာမန်အချိန်၌ မြန်မာအမျိုးသမီးများကဲ့သို့ပင် ဝတ်ဆင်လာကြပြီ ပွဲလမ်းသဘင်ရှိမှသာ ထိုဝတ်စုံကို အပေါ်မှထပ်၍ ဝတ်ကာ ရိုးရာဝတ်စုံအနေဖြင့် ဝတ်ဆင်ကြသည်။
ရိုးရာ မင်္ဂလာပွဲ
‘ မြို’လူ မျိုးတို့၏ ဓလေ့ထုံးစံအရ လက်ထပ်မင်္ဂလာကိစ္စတွင် အဓိကတာဝန်ရှိသူ မှာ ယောက်ျားလေး ဘက်မှ ဖခင်ဖြစ်သည်။ ဖခင်မရှိပါက ဖခင်၏ အစ်ကို သို့မဟုတ် ညီက လက်ထပ်ခွင့်ပေးနိုင်သည်။ လူငယ်ချင်း ချစ်ကြိုက်၍ မင်္ဂလာပြုခြင်းရှိသလို မိဘများက သင့်လျှော်သည့် အိမ် ထောင်ဘက်ကို ရွေးချယ်ပေးသည့်ဓလေ့ရှိသည်။’’ မြို လူမျိုးဓလေ့ မှာ လူပျို နှင့် အပျို လွတ်လပ်စွာ နေထိုင်၍ ရပေ မည့် အိမ်ထောင်ဘက် က်ို လွတ်လပ်စွာ ရွေးချယ်၍ မရပေ။ မြိုမျိုးကွဲပေါင်း (၇၀) ကျော် လေ့လာသိရှိရပြီး ထိုအနက်မှ ယူသင့်သည့် မျိုးရိုး၊မယူသင့်သည့် မျိုးရိုး နှင့် သစ္စာဘက် ဟူ၍ ရှိလေ၏။ အမျိုး အချင်းချင်းယူ၍မရ၊သစ္စာဘက်ယူ၍မရ၊မယူရသည့်အမျိုးကိုမိဘကသော်လည်းကောင်း၊ဆွေမျိုးများကသော်လည်းကောင်း တားမြစ်သည်။ မိန့်ကလေး နှင့် ယောက်ျားလေး ချစ်ကြိုက်တော့မည် ဆိုလျှင် ရှေးဦးစွာ ယူသင့်သည့် မျိုးရိုး ဟုတ်၊မဟုတ်သည်ကို စုံစမ်းရသည်။ အကယ်၍ အမျိုးအချင်းချင်း ယူမိပါက ရွာမှနှင်ထုတ်လေ့ရှိသည်။ အမျိုးဂုဏ်ကို သစ္စာဖောက်သည့် အတွက်အမျိုးမှ ပယ် ရှား ခြင်းခံ ရသည်။ သစ္စာဖက် ဆိုလျှင် လုံးဝ လက်ထပ်ခွင့် ကို တားမြစ်ထားသည် လိမ်ညာခြင်းမပြုရ ငွေရေးကြေးရေး ကိစ္စမှာလည်း အတိုးတောင်းခြင်းမပြုရ၊ အကယ်၍ လိမ်ညာခြင်းပြု မိသည်ဘ၊ ချေးငွေ အတိုး တောင်းမိသည် ဆိုလျှင် အမင်္ဂလာ အမျိုးအပေါ်၊ မိသားစုအပေါ် ကျရောက်စေသည် ဟု အယူရှိကြသည်။ ယူသင့်သည့် မျိုးရိုး ကို မင်္ဂလာဆောင် ပြုလျှင် ယောက်ျားလေးဘက်မှ (အသွင်းဖိုး)ကို ပေးရသည် ထိုအသွင်းဖိုးကို ‘’မိန့်ကလေးမိဘတို့ ဘက်က မိမိ၏ သမီးအတွက် မင်္ဂလာကြေး(အသွင်းဖိုး) နှင့် မင်္ဂလာဧည့်ခံပွဲ ကုန်ကျစရိတ်ကို သတ်မှတ်ကြသည်။ ယောက်ျားလေး ဘက်မှ တတ်နိုင်မည့် ကြေးငွေပမာဏ ကို တင်ပြကာ အပြန်အလှန် စေ့စပ်ညှိနှိုင်းကြသည်။ မင်္ဂလာကြေးအနေဖြင့် ငွေဒင်္ဂါးအရေအတွက် ဖြင့် သတ်မှတ်ကြသည်။ ဂျော့ဘုရင်တံဆိပ်ခေါင်းပါ သောငွေဒင်္ဂါးပြား ၃၀၀၊ ၅၀၀ စသည်ဖြင့် သတ်မှတ်သည်။ ငွေဒင်္ဂါး ပြားလက်ဝယ်မရှိပါက အခြားရှိသော အိမ်များတွင် သွားရောက်ဝယ်ယူကြရသည်။ ထိုကဲ့သို့ သွားရောက် ဝယ်ယူသည့်တိုင် မရရှိပါ က အဆိုပါ ငွေဒင်္ဂါး အပြား ၃၀၀၊ ၅၀၀ နှင့ ညီသော ငွေကြေးပမာဏ ကို ပေးကြရသည်။ ထို့အပြင် မိန့်ကလေး မိဘများအတွက် တောင်ယာလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဓားရှည် ၅ လက်၊လှံ ၇စင်းတို့ကိုပါ ပေးကြရသည်။ မြိုတို့ ဓလ့ထုံးတမ်း အရ လက်ထပ် မင်္ဂလာ ပြုလုပ်ချိန်မှစ၍ မင်္ဂလာတစ်သက်တွင် ပွဲ (၃) ကြိမ် ပြုလုပ်ရသည် ထိုပွဲတိုင်း၌ (ယု)ခေါ်သည့် ရိုးရာခေါင်ရည် မပါ မဖြစ် ခေါရည်တည်ထားရသည်။ လက်ထပ် ပြီဆိုသည်နှင့် ပွဲသုံးကြိမ် (ဝှပ်လိုင်မ်)၊ (မင်တင်) နှင့် (ဘုတ်အက်) ဟူ၍ ကျင်းပရသည်။ ထိုပွဲ (၃) ကြိမ် ပြုလုပ်ရာမှာ (အသွင်းဖိုး) ပေးရသလို ဟင်းပွဲ ဖလှယ် မိတ်ဆုံထမင်းစားကြသည်။ ယောက်ျားလေး အမျိုးဘက် မှ ကြက်ကို စုဆောင်းရပြီး မိန့်ကလေး အမျိုးဆွေမျိုး ရောက်ရှိလာသည့် ဧည့်သည် များအားလုံလောက်သည် အထိ ကြက်ကို သတ်ရသည်။ အလားတူမိန့်ကလေး အမျိုးဘက် ကလည်း ဝက် ကို ကြိုမွေး ထားပြီး ငါးဆုပ်ပြည့်သည့် ဝက်ထီးကို ယောက်ျားလေးအမျိုး မှ ရောက်ရှိလာသည့် ဧည့်သည် များအား လုံလောက်သည် အထိ ကျွေးမွေးဧည့်ခံရသည်။ အကယ်၍ ဧည့်သည်များ၍ ဟင်းမလုံ လောက်ပါက ဝက်တစ်ကောင်နောက်ထပ် သတ်ရသည်။ ထို ပွဲတွင်မိန့်ကလေးအမျိုးဧည့်သည်များစားရန်အတွက် ယောက်ျားလေး အမျိုးဘက် မှ ပါလာသော ကြက်ကို ယောက်ျားလေး အမျိုးက ကြက် ကောင် ကို ဖျက်ပြီး ချက်ပေးရသည့် ဓ လေ့နှင့် ၎င်းပွဲကိုကျင်းပရသည်။ သို့သော် ၎င်းပွဲတွင်လုံးဝဟင်း မြည်းစမ်းခြင်း မပြုပေ။ ထို့အပြင် ကြက်တစ်ေကောင်ကို အခေါင်းစုံ မစုံ၊ ခြေစုံ မစုံ၊ အတောင်ပံ စုံ မ စုံ၊ခြေသည်းခုတ် မခုတ်သတိထားရသည် အကယ်၍ မိန့်ကလေးအမျိုးဧည့်သည် များ စားသည့် အခါ တွင် ကြက်တစ်ကောင် တွင် တစ်ခုခု မစုံ တွေ့ရှိပါ က လျော်ကြေးငွေ ပေးရသည်။ ယင်း လျော် ကြေး မှာ အရက် သို့မဟုတ် ခေါင်ရည်သို့မဟုတ် ဓား သို့မဟုတ် လှံ စသည်ဖြင့် လျော်ကြေးပေးရသည်။ ယောက်ျားအမျိုး ဧည့်သည်များ စားရန်အတွက် မိန့်ကလေးအမျိုးဘက်မှ ဝက်ကောင်ကို ဖျက်ပြီး ချက်ပေးရသည် သို့သော် အလားတူ ၎င်းပွဲတွင် လုံးဝဟင်းမြည်းစမ် ခြင်းကိုကခွင့်မပြုပေ။ မိန့်ကလေး မိဘ နှင့် မောင် တို့ကို ကားအခြောက် သတ်ထားသော တောကြက်၊တောဝက်၊ ရှဥ့် သားခြောက် တစ်မျိုးမျိုးကို ချက်ပြီး ဟင်းပွဲပြင်ပေးရသည်။ ထိုနေရာ၌ပင် ‘’ယင်းတို့နှစ်ဦးသည် အဆိုပါ ဟင်းကိုမစားမီ စေ့စပ်လမ်းစဉ်အခါက ညှိနှိုင်းထားသည့် ဓား၊ လှံ တို့ကို တောင်းဆိုကြသည်။ သတို့သားဘက်မှ ဖခင်ဖြစ်သူက စကောတစ်ချပ်ထဲတွင် အဆိုပါ ဓားနှင့်လှံ၊မင်္ဂလာကြေး ကို ထည့်ကာ ပေးရသည်။ ထိုကဲ့သို့ ဓားနှင့်လှံကို လက်ခံရယူပြီးသည့်အခါမှသာလျှင်’’ ပြင်ဆင်ထားသည့် ဟင်း နှင့် (ယု)ခေါင်ရည် ကို သောက်စားကြလေသည်။ ပြီးနောက်’’ဆွေမျိုးဧည့်ပရိသတ်များ၏ရှေ့မှောက်တွင် သတို့သမီး ဖခင်ဖြစ်သူက သတို့သားကို နှစ်ကိုက်မျှရှည်သော အဝတ်ဖြူ တစ်စဖြင့် ခေါင်းပေါင်းပေးလိုက်ခြင်း အား ဖြင့် သားမက်အဖြစ် အသိအမှတ်ပြုလေသည်။’’လက်ထပ်မင်္ဂလာပွဲ သည် အနောက်ဘက် မောင်တောနှင့်ဘင်္ဂလားဒေရ့်ဘက် က အများအားဖြင့် မင်္ဂလာပွဲ ကျင်းပပုံ တူသည်ကိုတွေ့ရသည်။ ဘူးသီး တောင် ဘက် က( ရိုင်မာ)၊ ပုဏားကျွန်း(တင်ဆာ) နှင့် ကျောက်တော် ယိုးချောင်းဖျား(နောက်ကော)ဘက်က တူညီသည်ကိုတွေ့သည် အများအားဖြင့် မောင်တောဘက်နှင့် ဘင်္ဂလား ဘက် လက်ထပ် မင်္ဂ လာကျင်းပပြုလုပ်ပုံသည် ပို ကြီးကျယ်သည်ဟု ဆိုလို့ရသည်။
ရိုးရာဘူးခါးပလွေ (ပလုံ)
မြိုရိုးရာ တုရိယာနှင့်တေးအလင်္ကာ တွင် `ပလုံ` ခေါ် ဘူးခါးပလွေ သည် မပါမပြီး ဖြစ်သည်။ ဘူးခါးသီးရှိ လည်ပင်းဘက်ကို လေမှုတ် ရန် ပြုလုပ် ထားပြီး အိုးဘက်၌ မူ လေ ထုတ်ဝါး ပြွန်များကို စိုက်ထားသည်။ ဝါးပြွန်တို့သည် တူရိယာ အတိုအရှည် ကို လိုက်၍ ကွဲပြားသည်။ ပလုံကို ပြုလုပ် ရာတွင် အကြီးအငယ် အမျိုးအစား အမျိုးမျိုးရှိသည်။ ပလုံစင်မလောင်၊ ပလုံ မာလောင်၊ ကက်မာလောင်၊ ဒီးဒူ၊ ရီနာပလုံ၊ ကန့်ငေ၊ ပလုံကလင်စ၊ ပလုံ ရိုလ် စသည်ဖြင့် ရှိသည်။ မြို လူမျိုးတို့သည် မိမိ ရိုးရာ အက ကို ခုံမင်တတ်သူများဖြစ်ပြီး ရိုးရာနွားထိုးပွဲကို ချမ်းသာသော သူမိသားစု က ကျင်းပ လေ့ရှိသည်။ ကြီးကျယ်ခမ်းနားသည့် ပွဲ ကို ဆင်ရုမ်ကောမ် တွေကောကောမ် ပါမ် ဟူ၍ နာမည်ရှိလေသည်။ ထိုပွဲကို ကျင်းပ နိုင်သူသည် သူဌေး စာရင်းဝင်သူများဟု မှတ်ယူလေသည်။ ရိုးရာတုရိယာ များကို လူပျို၊မင်းကျွန်များက တီးမှုတ်ပြီး မိန်းမပျိုးလေးများက ဝိုင်းဖွဲ၍ လည်း ကောင်း၊ မျက်နှာချင်းဆိုင်၍လည်းကောင်း က ကြသည်။ ဝိုင်းဖွဲကရာတွင် ဘယ်တစ်ခေါက် ညာတစ်ခေါက် ယိမ်းထိုး၍ ကကြသည်။ မျက်နှာ ချင်းဆိုင်အက တွင် နောက်ဆုတ် ရှေ့တိုး၍ ကကြသည်။ ထိုသို့က ရာတွင် ခြေလှမ်းဆုတ်နည်း၊ တက်နည်း ကို လိုက်၍ ပလိုင်ချိုင် အက၊ ချာချတ် အက၊ ဒါန်ကရန်အက၊ ဂိုလတာတိန်အက စသည်ဖြင့် လေးရှိလေသည်။
ရိုးရာနွားထိုးပွဲ
'မြို'တို့တွင် ရိုးရာနွားထိုးပွဲကို ငွေကြေးတတ်နိုင်သူရွာသားတစ်ဦးဦးက ဦးဆောင်ကျင်းပလေ့ရှိသည်။ မိသားစုဝင်များ အဖျားအနာကာကွယ်ရန် အတွက်လည်းကောင်း၊ အိပ်မက်အရလည်းကောင်း၊ စီးပွားရေအရငွေကြေးချောင်လည်၍ အလှုပေးလိုသောကြောင့်လည်းကောင်း ကျင်းပကြ သည်။ ယင်းနွားထိုးပွဲတွင်သောက်သုံးရန် ခေါင်ရည်ကို ကြိုတင်စုဆောင်းထားကြသည်။ ယခုအခါခေါင် ရည်အစား အချိုရည်ကို အသုံးပြုကြသည်။ အိပ်ရှေ့ကွပ်ပျစ်ကို ခိုင်ခန့် အောင်ပြန်လည်ပြင်ဆင်ပြီးကွပ်ပျစ်၏ထောင့်လေးထောင့်တွင် ပန်းပွားပါသော ဝါးတိုင်များကို တစ်ထောင့်လျှင် တစ်တိုင် ကျစီစိုက်ထူထားသည်။ တိုင်အဖျားသည် လေးခြမ်းကွဲပုံစံဖြစ်သည်။ နွားထိုးပွဲပြုလုပ်မည့်ရွာကွက်လပ်၌ နွားခြံကိုပြုလုပ်ရသည်။ နွားခြံမှာ တြိဂံပုံစံ ဖြစ်သည်။ ထိပ်အဖျားသည် အရှေ့ဘက်သို့မျက်နှာ မူရသည်။ နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထား လေ့ရှိကြသည်။ နွားခြံတွင်အနားတစ်ဖက်၌ ပန်းဖွားပါသောဝါးတိုင်လေးတိုင်စိုက်ရ၏။ ယဇ်ကောင် နွားကို သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကို ထပ်မံ စိုက်ရသည်။ တစ်ဖန်နွားခြံရှိဝါးတိုင်များကိုတန်းသုံးတန်းစီဖြင့် ခိုင်ခန့်အောင်လုပ်ကြသည်။ အချို့မြိုရွာများတွင် နွားခြံဟူ၍မထားပေ။ နွားကိုချည် နှောင်မည့်ဝါးတိုင်အား ၁၄ပေခန့်မြင့်အောင်စိုက်ထူရသည် ရွာရှိလူပျို အပျိုတို့က ပျော်ပျော်ပါးပါးကခုန်မြူးထူးကာ တောင်ကျ ချောင်းမှ သွား ရောက်ယူလာသည့် ကျောက်ကို အလှုရှင်အား ပေးကြ သည်။ အဆိုပါကျောက်ကို 'နတ်ကျောက်'ဟုယူဆကြသည်။ နတ်ကျောက်ကို သယ်ဆောင် လာသူများအား အရှင်က ဝက်ဖြင့်ကျွေးမွေးဧည့်ခံသည်။ နတ်ကျေက်ကိုယူခြင်း၊စိုက်ထူခြင်းတို့အတွက် နတ်ဆရာလိုအပ်ပါသည်။ နတ်ဆရာ မရှိ သောရွာများတွင် ဤပွဲကိုမလုပ်ကြေချ။ နွားထိုးပွဲမလုပ်မီတစ်ရက်အလိုတွင် အလှူရှင်က မိမိဖိတ်ကြားလိုသော ေကျးရွာများကို ဖိတ်ကြားထားသည်။ ဖိတ် ကြားခံရသည့်ကျေးရွာများမှ အလှူပွဲသို့တက် ရောက်လာမည့်အပျိုလူပျိုများကို လူပျိုခေါင်းက ဦးစီးထိန်းသိမ်းကပွဲစတင်မည့်ည ေနတွင်အ ေရာက်လာကြရေပသည်။ ပွဲကျင်းပသည့် အခါနွား ကိုဝိုင်းပတ်၍ကကြသည်။ အပျိများက ကကြပြီး လူမျိုတို့က တူရိယာများကို တီးမှုတ်ကြ၏။ ပထမဆုံးကရေသာ နတ်ပူေဇာ်အဖွဲ့ ကခုန် နေစဉ် အလှူရှင်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည် ကိုငုံပြီး နွားကိုပက်ဖျန်းရသည်။ ကခုန် သောအဖွဲ့ကို အိမ်ရှင်က ဝက်တစ် ကောင်သတ်ကာ ထမင်းေကျွးရသည်။ တစ်ဖွဲ့က တစ်ဖွဲ့နားဖြင့် ကလိုက်ကြသည်မှာ ညလုံးပေါက်ပင်ဖြစ်သည်။ နောက် တစ်နေ့ နံနက်တွင် နတ်ပူဇော်သည့် အကအဖွဲ့သည် ယဇ် ကောင်နွားကို ၁၂ပတ်တိတိဝိုင်းဖွဲ့ကခုန်ကြသည် နတ်ဆရာက အမိန့်ေပးလိုက်သည့်အခါ အဖွဲ့ဝင်တစ်ဦးကနွားကို တစ်ချက်တည်း ဖြင့်ထိုးကာ ပူဇော်လိုက်ရသည်။ ေနာက်တစ်ဦးက နွား၏လျှာကို သူ၏သွားဖြင့်ကိုက်ဖြတ်ပစ်လိုက်ရသည်။ ဤသို့ပြုလုပ်ရခြင်းမှာ 'မြို' လူမျိုးတို့၏ စာကို နွားကစားပစ်သဖြင့်ဒဏ်ခတ်ခြင်း ဖြစ်သည် ဟုဆိုသည်။ နွားထိုးသူနှင့်နွားလျှာဖြတ်သူကို အရှင်က ခေါင်း ပေါင်းစတစ်စနှင့် အချိုရှည်တစ်ပုလင်းလက်ဆေင်ပေးလေ့ရှိသည်။ ထို့နောက်နွားသေကိုအလှူရှင်၏အိမ်ကွပ်ပျစ်၌အမဲဖျက်ကြကာ ဝိုင်းချက်ကြသည်။ ဤအေတာအတွင်းကခုန်မှုများကို ဆက်တိုက် ပြုလုပ်ကြပြန်သည်။ ထမင်းဟင်းကျက်သည့်အခါ အခြးရွာမှဧည့်သည်များအား အရင် ေကျွးေမွးဧည့်ခံရသည်။ ပြီးေနာက်မှ ရွာသားများစားေသာက်ကြသည်။ နံနက်စာစားပြီးနောက် ထပ်မံ ကခုန်ကြပြန်သည်။ ညနေပိုင်းတွင်းအခြားရွာမှဧည့်သည်များထွက်ခွာသွားကြေသာ်လည်း ရွာသားများကမူ ေနာက်ဆုံးေလးညတိုင်တိုင်ကခုန်လျက်ကျန်ရစ်ခဲ့ကြသည်။
Comments
Post a Comment