ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်
အသဲနှင့်ဝမ်းတွင်းကလီစာအနာမျိုးစုံ ၊
အဖောအရောင် ၊ အနာအစို ၊ အဖုအကျိတ်နှင့် ကင်ဆာရောဂါမျိုးစုံံကိုပါ သက်သာ ပျောက်ကင်းစေတဲ့ ထိနံပင် မြန်မာဆေးအခေါ် ပြည့်စုံပင်အကြောင်း စာရေးသူကိုယ်တွေ့နှင့်ဗဟုသုတပေါင်းစပ်တင်ပြလိုက်ပါတယ်။
ဖြစ်နေပြီး ပြည်တည်နေသဖြင့် ဆရာဝန်ကဆယ်ရက်ဆေးသောက်ပါ ၊ အနာမကျက်ပါက ပြည်စုပ်ထုတ်ရမည့်
အခြေနေတွင် ပုံမှန်ဆိုထိုအရွက်ကို သုံးခွက်တစ်ခွက်တင်ကျိုသောက်ရမည်ကို မကျိုတော့ပဲ ဆေးရွက်ဆယ်ရွက်ခန့်
ကို ဝါးစားပြီးအဖတ်တွေကိုပါရေနှင့်အတူသောက်ချလိုက်ပါတယ်။ တစ်ရက်ကို မနက် နေ့လည် ည သုံးကျိမ်ဝါးစားပါတယ်။ ဆရာဝန်ပေးသော အင်္ဂလိပ်ဆေးကိုလည်း အချိန်ခြားပြီးသောက်ပါတယ်။
ဆယ်ရက်ပြည့်လို့ ဆေးခန်းရက်ချိန်းသွားပြန်ပြသော
အခါ အသဲကအနာကကျက်ပြီး အနာပါပျောက်နေပြီဖြစ်ကြောင်း ၊ အခြားဘာဆေးသောက်သေးလဲဟုမေးသောအခါ အရပ်ခေါ် ထိနံပင်၏အရွက်ကို ပုံမှန်စားပါတယ်ဟုဖြေလိုက်ပါတယ်။
စာရေးသူတို့ရွာက အရက်သောက်တဲ့သူအချို့ဆို အသောက်များလို့ ဖောရောင်တာမှ ခြေခုံတွေပါဖောင်းကားတဲ့အထိဖြစ်နေတာကို ထိနံရွက် လက်တစ်ဆုပ်လောက်ကို သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့ကို မနက်တစ်ခွက် ညတစ်ခွက်သောက်တာ သုံးရက်ပဲသောက်လိုက်ရတယ် ၊ အဖောအရောင်အားလုံး ပျောက်ကင်းသွားပါတယ်။
စိုက်ပျိုးရေးဆေးအရောင်းဆိုင်က အကိုတစ်ယောက်ရဲ့
လက်ကောက်ဝတ်မှ အကြိတ်လို့အဖုလုံးကို ဆေးခန်းအမျိုးမျိုးက ဆရာစုံံနဲ့ အခါခါပြသော်လည်း ဆယ်နှစ်သာကျော်လာခဲ့ပြီး မပျောက်နိုင်ဖြစ်နေသော အကျိတ်ဖုလုံးကို ယခုထိနံရွက်ကို ဆားပါရုံံလေးနှင့်ရောထောင်ပြီး လက်ကောက်ဝတ်ကအဖုကိုအုံံပြီး ပတ်တီးဖြင့်စီးထားပါတယ်။ တစ်ရက် တစ်ခါအသစ်လဲစီးပါတယ်။ ဆယ်ရက်လောက်နေတော့ သိသိသာကိုသေးသွားပြီး ဆယ်ငါးရက်လောက်ကြတော့ အရှင်းပျောက်သွားခဲ့ပြီး အခုထိပြန်မဖြစ်တော့ပါဘူး။
မြို့ပေါ်က ကင်ဆာရောဂါသမားအချို့တော့ Taxi သမား
တွေကို ကားခပေးပြီးဆေးပင်ရှိတယ်ဆိုအရပ်ကိုသွားပြီး ထိနံရွက်ကိုယူစေပြီး ကျိုပြီးသောက်သုံးတဲ့အခါ အနာသက်သာပြီး နေရထိုင်ရသိသိသာသာအဆင်ပြေတယ်ဟုပြောကြပါတယ်။
မှတ်ချက်➡ နှလုံးသွေးကြောကျဥ်းရောဂါ ၊ ရင်ဘတ်အောင့်ရောဂါ ၊ အသဲအဆီဖုံး ၊ သွေးတိုး ၊ ဆီးချိုနှင့် ဝမ်းတွင်းကလီစာအနာအမျိုးမျိုးအပြင် ပြင်ပထိခိုက်ရှနာ ၊ အဖုအကြိတ်မျိုးစုံကိုလည်း နိုင်နင်းပျောက်ကင်းစေပါတယ်။
မြန်မာဆေးလောကအခေါ်ပြည့်စုံပင်က သူအရွက်ကိုအသားနဲ့ထိပြီး ထိတဲ့နေရာမှာ စိမ်းညှီနံကို စွဲကျန်စေလို့ အရပ်ဖက်မှာတော့ ထိနံပင်လို့အသိများကြပါတယ်။ ဆေးပင်အရွက်က ထိရင်သာနံတာ ဝါးစားတော့လည်းပါးစပ်ထဲဲဲကြတော့ အဲ့အနံ့ဆိုးမနံတော့ပြန်ဘူးလေ။ ဒီဆေးပင်လေးကိုတော့ ကိုယ်တွေ့ဆေးနည်းလေးဖြစ်လို့ အများပြည်သူ ကျန်းမာစေရန် စိတ်ရည်သန်လို့ တင်ပြလိုက်ပါတယ်နော်။
ကိုသူရထွန်း (မြန်မာဆေးစွမ်းကောင်းများနှင့် အစာလည်းဆေး ဆေးလည်းအစာ)
ကျေးဇူးပါ
ReplyDelete