ပိစပ်ပင်နှင့် ကိုယ်တွင်းအင်္ဂါကျန်းမာရေး

 ပိစပ်ပင်နှင့် ဆေးဖက်ဝင်ပုံ



ပိစပ်ပင်ကို အပင်ရိုးတံထိပ်တွင်အပွင့်ငယ်များအဆုပ်လိုက်ပွင့်၍အရွက်တွင် အမွေးနုရှိသောဆေးဖက်ဝင်ချုံပင်တစ်မျိုး ဟူ၍ မြန်မာအဘိဓာန်တွင် ဆိုသည်။ အင်္ဂလိပ်ဘာသာဖြင့်Chromolaena odorata ဟူ၍ခေါ်သည်။ အပူပိုင်းနှင့် အပူပိုင်းဒေသခွဲများတွင် ပေါက်ရောက်သည့် နေကြာမျိုးနွယ်ထဲမှ အပွင့်ပွင့်သည့် ခြုံပင်အမျိုးအစားဖြင့်သည်။ မြောက်အမေရိကတိုက်၊ အမေရိကန်ပြည်ထောင်စုရှိ တက္ကဆက်ပြည်နယ်မှ ဖေလော်ရီဒါပြည်နယ်တလျှောက်မှ မက္ကဆီကို နှင့် ကာရေဘီယမ်း၊ ထိုမှ တောင်အမေရိကတိုက်အထိ ပေါက်ရောက်သည့် အမေရိကတိုက် မူလပေါက်ရောက်သည့် အပင်ဖြစ်သည်။ မြန်မာသာသာတွင် ဘိစပ်၊ ပိစပ်၊ ဂျာမနီခြုံဟူ၍ ခေါ်ဝေါ်ကြသည်။



အဖုအကျိတ်တွေ သက်သာစေနိုင်တယ်

ဘီးစပ်ရွက်က အဖုအကျိတ်တွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အဖုအကျိတ်တွေကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အဆီကျိတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ 

ထိခိုက်ရှနာများကို အမြန်ပျောက်ကင်းစေပါတယ်။

ပိစပ်ရွက်ကို အရည်ရသည်အထိပွတ်ခြေပြီး ၎င်းအရည်ကို ထိခိုက်ရှနာပေါ်ကိုညှစ်ချပြီး ပွတ်ခြေထားသောအရွက်ဖတ်များကိုအနာပေါ်အုံပေးပြီး ပတ်တီးစီးပေးထားပါက နှစ်ရက်သုံးရက်နှင့် သက်သာပျောက်ကင်းပါတယ်။

ချောင်းဆိုးသွေးပါဖြစ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ချောင်းဆိုးသွေးပါဖြစ်ပါက ပိစပ်ရွက်သတ္ထုရည်(အရွက်ကိုထောင်းပြီးညှစ်၍ရသောအရည်)ကို လက်ဖက်စားဇွန်း ၅ ဇွန်းခန့်ကို မနက်တစ်ကျိမ် ညတစ်ကျိမ်သောက်ပေးပါ။ သုံးရက်လောက်ဆက်သောက်ပါက ချောင်းဆိုး သွေးပါသက်သာပျောက်ကင်းပါတယ်။

ကိုက်ခဲမှု သက်သာစေတယ်

ဘီးစပ်ရွက်ကို ရေစင်အောင်ဆေး နေရောင်အောက်မှာ အခြောက်ခံပြီး ရေနွေးလို သောက်ပေးလို့ ရပါတယ်။ ဒီလို သောက်ပေးတာက ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။


သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ပေးတယ်

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေကို အများဆုံး ထိခိုက်စေတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါကို ကာကွယ်ဖို့အတွက် ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။


မျိုးပွားအင်္ဂါ ကျန်းမာစေနိုင်ပါတယ်

အမျိုးသမီးတွေအနေနဲ့ မျိုးပွားအင်္ဂါ ကျန်းမာစေဖို့ ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေနွေးကြမ်းလို ပုံမှန် သောက်သုံးပေးလို့ ရပါတယ်။


ဆီးချို ကာကွယ်ပေးနိုင်တယ်

ဘီးစပ်ရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုက ဆီးချို ကာကွယ်ပေးတာပါ။ ကာကွယ်ဖို့အတွက် ကြိုတင် အသုံးပြုပေးလို့ ရပါတယ်။


ပါးစပ်ထဲက အနာ သက်သာစေနိုင်တယ်

ပါးစပ်ထဲမှာ အနာဖြူဖြူလေးတွေ ဖြစ်ပြီး စားရသောက်ရခက်နေမယ်ဆိုရင် သက်သာစေဖို့ ဘီးစပ်ရွက်ကို ကျိုပြီး အာလုတ်ကျင်းပေးလို့ ရပါတယ်။ ပုံမှန်လုပ်ပေးသွားရင် သက်သာသွားမှာပါ။


နှလုံး ကျန်းမာစေနိုင်တယ်

ကျန်းမာနေစေဖို့အတွက် နှလုံး ကျန်းမာဖို့က အရေးကြီးပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာပြီး နေ့စဉ် ဘဝမှာ ကျန်းမာနေစေဖို့လည်း ဘီးစပ်ရွက်က အသုံးတည့်ပါတယ်။


သွေးတွင်း ကိုလက်စထရော ကျစေတယ်

ကိုယ်တွင်းက သွေးတွင်းကိုလက်စထရော ကျဆင်းစေဖို့ဆိုရင်လည်း ဘီးစပ်ရွက် ရေနွေးကြမ်းကို သောက်သုံးပေးလို့ ရပါတယ်။


ယူရစ်အက်ဆစ် ထိန်းပေးတယ်

ဘီးစပ်ရွက်ရဲ့ နောက်ထပ် အသုံးဝင်မှုတစ်ရပ်က ယူရစ်အင်ဆစ် ပမာဏကို ထိန်းပေးတာပါ။


သွေးတိုးကျစေနိုင်တယ်

သွေးတိုးတတ်တဲ့သူတွေ အနေနဲ့လည်း သွေးပေါင်ချိန်ကို ထိန်းညှိဖို့အတွက် ဘီးစပ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။

ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။🙏

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ