ခြေအေးဝမ်းယောင်ဖျားနာအတွက် ဆေးနည်းတို

ခြေအေးဝမ်းယောင်ဖျားနာခြင်းအတွက်

ဆေးနည်းတို



မိုးဥတုကာလများတွင် ခြေထောက်ရေစိုတတ်သောကြောင့် ဝမ်းပျက်ဝမ်းရောင်များဖြစ်တတ်ပါတယ်။ “ခြေအေးဝမ်းရောင်” ဟူ၍ လူကြီးများဆိုစကားရှိပါတယ်။ ဝမ်းဗိုက်တွင် လေပွပြီးဖောရောင်ကာ ဝမ်းတဆစ်ဆစ် သွားနေတတ်ပါတယ်။ 

➡ ဆေးနည်း ကတော့ ရှောက်သီးအရည်နဲ့ ပျားရည် ရောစပ်သောက်ပါ။( ရှောက်ရည်တစ်ဇွန်း ပျားရည်သုံးဇွန်းကို သမအောင်မွှေပြီး တစ်ရက်ကို နှစ်ကြိမ် သုံးကြိမ်သောက်ပေးပါ။ ရေနွေးပူနှင့်ဖျော်စပ်ပြီးသောက်သုံးပါက ပိုအဆင်ပြေစေပါတယ်။)

➡ ကြက်သွန်ဖြူ မီးဖုတ်စားပါ။ ကြက်သွန်ဖြူကို ပျားရည်နှင့် စိမ်စားလျှင်လည်း ရပါတယ်။ 

➡ ဆားကိုနီရဲအောင်လှော်ပြီး သကြားသုံးဆနှင့်ရောစပ်၍ ရှောက်ရည်ဖြင့် ဖျော်သောက်လျှင်  ဝမ်းဖော ဝမ်းရောင် သက်သာစေပါတယ်။ 

➡ ချင်းစိမ်း နှင့်လင်းလေကိုရောပြီး ပြုတ်သောက်လည်း ရပါတယ်။ 

အထက်ပါဆေးနည်းတို ၄ နည်းမှ မိမိအဆင်ပြေရာ တစ်နည်းကို အသုံးပြုပြီး အောက်ပါ ၂ နည်းကိုတွဲပြီးအသုံးပြုပေးပါ။ 

➡ နှမ်းဆီ သို့မဟုတ် မုန်ညင်းဆီကို မီးဖြင့်အပူပေးပြီး ဝမ်းဗိုက်တွင် ချက်တိုင်ပတ်၍ လက်ယာရစ်လိမ်းပေးပါ။ 

➡ ဓာတ်စာအဖြစ်၊ ပဲနံ့သာစေ့နှင့် သစ်ကြံပိုး ခေါက်တို့ကိုအမှုန့်ပြု၍ ဟင်းချက်ရာတွင် ထည့်စားလျှင် ဝမ်းဖောဝမ်းရောင်သက်သာ စေပါတယ်။ ငါးရံ့ကို ဆန်လှော်နှင့်ရော စပါးလင်များများထည့်၍ ငါးရံ့ဆန်လှော် ဟင်းချက်သောက်လျှင် ဝမ်းဖောဝမ်းရောင် ရောဂါ သက်သာစေပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

Crd - Photo

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ