သဘာဝကပေးသော အစွမ်းထက်ဖြည့်စွက်စာများ

သဘာဝကပေးသော အစွမ်းထက်ဖြည့်စွက်စာများ



ကိုယ်ခန္ဓာအားဖြည့် ဖြည့်စွက်စာတွေ ဝယ်သောက်ဖို့မတတ်နိုင်တာပဲဖြစ်ဖြစ် ၊ ကျောက်ကပ်ထိမှာစိုး၍ ဆေးအများကြီးမသောက်ချင်တာပဲဖြစ်ဖြစ် ၊ ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်းက (To A Better Health) သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

🍏🍎🍐🍊🍋🍌🍉🍇🍓🍈🍒🍑🍍🥝🥑🍅🍆


➡၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။ အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။ အိမ်ထဲမှာနေပြီး လှမ်းမရပါ။ အိမ်ပြင်မှာUltra violet B ray ရနိုင်လို့ ဖြစ်ပါတယ်။ Vitamin D ရဖို့ B ray လိုပါတယ်။

အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသောနေရောင်ခြည်မှာ A ray သာဖြစ်ပါတယ်။

B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။

A ray က Vitamin D မလုပ်နိုင်ပါ။


➡၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။ များတဲ့နေရာကနေ နည်းတဲ့နေရာကို ရွေ့လျားတတ်တာကြောင့် မြေကြီးက​နေ ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။ စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန် သင့်တော်ပါတယ်။ အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး ထိရောက်ပါတယ်။ ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ် ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။ သဘာဝ antioxidants တွေ ဖြစ်ပြီး သွေးကိုလည်းကျဲစေတတ်တာကြောင့် လေဖြတ်ထားသူများ၊ နှလုံးသွေးကြောပိတ်သူများ အတွက် အလွန်သင့်တော်ပါတယ်။


➡၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို သဘာဝနည်းနဲ့ အရယူကြရအောင်။

- ရှမ်းတို့ဖူး (Natto)(Plant based MK7)

- ကလီစာဟင်း (Animal based MK4 )

- ကြက်ဥအနှစ် (Animal Based MK4)


➡၄. Probiotics အလှမ်းမမှီနိုင်ရင်

- ချဉ်ဖတ် စားပါ။

- ဒိန်ချဉ် စားပါ။

- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်ကောင်းပါတယ်။


➡၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။


➡၆. အသီးအနှံနှင့် အစိမ်းရောင်အရွက်များများစားပါ။


➡၇. အရိုးပြုတ်ရည် သောက်ပါ။

(ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)


➡၈. ရှားစောင်းလက်ပတ် စားပါ။

အူလမ်းကြောင်းပြုပြင်ရေးအတွက် ကောင်းပါတယ်။


➡၉. အုန်းရည် သောက်ပါ။

သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။


➡၁၀. နွယ်ချိုက အူကျန်းမာရေးအတွက် ကောင်းပါတယ်။


➡၁၁. ဆားခါးရေ စိမ်ပါ။

Magnesium အလှမ်းမမှီသူများအတွက်ပါ။


➡၁၂. သစ်ကြားသီး စားပါ။

Plant based Omega3 ရပါတယ်။


➡၁၃. တတ်နိုင်ရင် တစ်ခါတရံ အဆီများသော ငါး စားပါ။


➡၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊ ဘယ်ရီသီးအမျိုးမျိုး...၊ ပန်းဂေါ်ဖီစိမ်း၊ ကင်ပွန်း၊ ချဉ်ချဉ်ပေါင်ရွက် အစရှိသည်တို့ကို စားသုံး...၊ အာလူးနဲ့ ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ်။


➡၁၅. Zinc ဇင့်ဓာတ်ရရှိစေရန်..

ပင်လယ်စာနဲ့ အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊ ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊ ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊ ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။


➡၁၆. Anti-viral အနေဖြင့်...

ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်း၊ သစ်ကြံပိုးများစားသုံးပေး၍ ရေနွေးကြမ်း green tea သောက်ပါ။

💧ရေများများသောက်ပါ။

💧ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဥ် အနည်းဆုံး ၁၅မိနစ် ပုံမှန်ပြုလုပ်ပါ။


#Credit_Orginal Upload

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ