မက်လင်သီးနှင့် ဆေးဖက်ဝင်ပုံ

 မက်လင်သီး (ခ) မက်လင်ချဥ်သီးနှင့် ဆေးအသုံး



မြန်မာဆေးကျမ်းအလိုအရ မက်လင်သီးသည် အလွန် ချဉ်၏။ ဝမ်း၊ လေချုပ်သောအနာ၊ သလိပ်နာ၊ လေနာတို့ကိုနိုင် ၏။အစာ ကြေလွယ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ကျင်ကြီး ကျင်ငယ်ကို ဖျက်၍ အောက်သို့ထုတ်တတ်၏။ နှလုံးနှင့် ဆိုင် သောအနာ၊ ဘေးထိုး ရင်ကျပ်နာ၊ ရင်ပတ်နာ၊ ဂူနာတို့ကိုနိုင် ၏။ အဆီမရှိ။ သည်းခြေကို ပျက်စေတတ်၏။ ကျင်ကြီး ကျင် ငယ်တို့၌ အပြစ်ဒေါသကို နိုင်၏။ မောဟိုက်ခြင်း၊ ချောင်းဆိုး နာ၊ ပန်းနာ၊ အစာမကြေသောအနာ၊ အော့အန်ခြင်းတို့ကိုနိုင်၏။ အိန္ဒိယဆေးကျမ်းအလိုအားဖြင့် မက်လင်သီး၏အသား နှင့် အစေ့ကိုပါ အဖျော်ရည်ပြုလုပ်၍ အသုံးပြုရာ အေးမြ၍ အဖျားကို ကျစေသည်။ ညဉ့်ချွေးထွက်ခြင်းကို သက်သာစေ၍ ဝမ်းချုပ်ခြင်းကို နိုင်လေသည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

thuyatun11363



Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ