ငုပင်၏ဆေးဖက်ဝင်ပုံနှင့် ဆေးနည်းတိုအသုံး

 ငုပင်၏ဆေးဖက်ဝင်ပုံနှင့် ဆေးနည်းတိုအသုံး


ငုကြီးပင်သည် ပေ ၅ဝ အထိမြင့်နိုင်၍ အကိုင်းအခက်နှင့် အရွက်များ ခပ်ကျဲကျဲသာ ထိုးထွက်နေသဖြင့် အရိပ်ကောင်း ကောင်း မပေးနိုင်ချေ။ သို့သော် နွေဥတုအကုန်လောက်၌ ရွက်ဟောင်းကြွေ၍ ရွက်သစ်များ ထွက်ပြူစအချိန်နှင့် မရှေး မနှောင်းတွင် တစ်ပင်လုံး ဝင်းထိန်နေအောင် အဆုပ်လိုက် အခိုင်လိုက် တွဲလျားကျပွင့်လေ့ရှိသော အပွင့်ဝါများကြောင့် ဤငုပင်မျိုးကို ခြံဥယျာဉ်များတွင် အလှအပအတွက် စိုက်ပျိုး ထားတတ်ကြသည်။ ငုပင်သည် ကြီးခဲသော အပင်ဖြစ်သည်။ သို့သော် အမြစ်စွဲမိလျှင် ခိုင်ခံ့လာသည်။ ငုပင်ကို အစေ့မှ မျိုးပွားနိုင်သော်လည်း အောင်မြင်သည့်အစေ့များ နည်းပါး ခြင်းကြောင့် မြေဩဇာ ကျွေး၍ ဂရုတစိုက် စိုက်ပျိုးရသည်။ ပြောင်းရွှေ့စိုက်ပျိုးလျှင်လည်း မျိုးပင်များ နုနယ်ခြင်းကြောင့် ၂ နှစ်သား မျိုးပင်များကိုသာ ပြောင်းရွှေ့ စိုက်ပျိုးသင့်လေသည်။ အသက်နုစဉ် ငုပင်၏ပင်စည်သည် အဝါမွဲရောင်ရှိ၍ ချော မွတ်သော်လည်း ကြီးရင့်လာသောအခါ နီညိုရောင်ဖြစ်ကာ ကြမ်းလာသည်။ အရွက်များမှာ ၃ လက်မမှ ၇ လက်မအထိ ရှည်၍ ချောမွှတ်သည်။ အပွင့်များမှာ ဖော်ပြခဲ့သည့်အတိုင်း ဝါ၏။ အသီးတောင့်လုံးရှည်များမှာ ၂ ပေ၊ ၃ ပေခန့်ရှည်၍ မှည့်လျှင် အနက်ရောင်ဖြစ်လာသည်။ ငုသား၏ အရောင်မှာ နီညစ်ညစ်ဖြစ်၍ တာရှည်ခံပြီးလျှင် ပြောင်လက်လာအောင် အရောင်တင်ပေးနိုင်သည်။ ငုသားကို အိမ်ဆောက်လုပ်ရန်နှင့် လှေ၊ လှည်း၊ လှည်းဘီး၊ ထယ်၊ ထွန်များ၊ ဆန်ထောင်းကျည်ပွေ့ စသည်များ ပြုလုပ်ကြသည်။ ငုခေါက်ကို သားရေနယ်ရာ၌ အသုံးပြုရသည်။ ငုသီးမှည့်၏ အသားနှင့် ငုမြစ်တို့ကိုမူ ဝမ်းနုတ်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သည်။

ငုပင်၏ဆေးနည်းတိုအသုံး

➡ပဉ္စငါးပါးအား သွေးလိမ်းပေးပါက ပွေး၊ ဝဲ၊ ယားနာတို့ကို သက်သာပျောက်ကင်းစေပါသည်။

➡ ငုရွက်အရည်ကို လိမ်းပေးပါက ရေယုံနာကို သက်သာပျောက်ကင်းစေပါသည်။

➡ ငုရွက်ကို အပူပေး၍ ကြပ်ထုပ်ထိုးပေးပါက အဆစ်ရောင်ကို သက်သာပျောက်ကင်းစေပါသည်။

➡ အရွက်နုများကို ဟင်းချိုလုပ်သောက်ပါက ဝမ်းကိုသက်စေပါ၏။

➡ငုသီးအနှစ်အား ချက်ကိုနေလည်ခင်းလိမ်းပေးပါက ဆီးဆောင့်၊ ဆီးချုပ်၊ ဆီးသွေးပါခြင်းတို့ကို သက်သာစေပါသည်။

➡ ငုနှစ်ပြုတ်ရေအား နားတွင်ခပ်ပေး ကြပ်ပေးပါက နားနှင့်ပတ်သက်သော ဝေဒနာများ ပျောက်ကင်းစေပါသည်။ 

➡ငုမြစ်ကို နွားနို့နှင့် ပြုတ်သောက်ပေးပါက လေနှင့်ပတ်သက်သောရောဂါများ သက်သာပျောက်ကင်းစေပါသည်။

➡ ငုမြစ်အား ရေဖြင့် သုံးပုံတစ်ပုံ ကျန်အောင်ပြုတ်၍ တနေ့အကြမ်းပုဂံတစ်လုံး၊ သုံးကြမ်သောက်ပေးပါက အသားဝါ၊အသည်းရောင်ရောဂါတို့ကို ပျောက်ကင်းစေပါသည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Source - Wikipedia 

Credit - Original Writer

တဆင့်ပြန်လည်မျှဝေပါသည်။

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ