ဇောင်းလျှားသီးအစွမ်းအံမခန်း
#ဇောင်းလျှားသီးအစွမ်းအံ့မခန်း
ဆီးချိုကိုထိန်းညှိပေးတဲ့အပြင် အကျိုးကျေးဇူးများလှသော ဆေးဖက်ဝင် ဇောင်းလျားသီး
➡ဇောင်းလျားသီးမှာ ကယ်လိုရီပမာဏ အနည်းငယ်သာပါဝင်ပြီး အိုမင်းရင့်ရော်မှု့ကိုတားဆီးပေးနိုင်တဲ့ Antioxidant ဓာတ်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C ၊ B နဲ့ သတ္ထုဓာတ်တွေများစွာပါဝင်နေသေးလို့ ကျန်းမာရေးကိုများစွာ အထောက်ကူပြုပါတယ်။
#ဆီးချိုရောဂါ
➡ဇောင်းလျားသီးမှာ သကြားဓာတ် အနည်းငယ်သာပါဝင်တာကြောင့် ဆီးချိုကို ထိန်းညှိပေးပါတယ်။ အသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကလည်း အူထဲကနေ ဂလူးကိုစ် စုပ်ယူမှု့ကို တားဆီးပေးနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။
အမြင်အာရုံ
➡ဇောင်းလျားသီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်တာကြောင့် မျက်စိအမြင်အာရုံကိုကောင်းစေမွန်စေပါတယ်။
အိပ်မပျော်ခြင်း
➡ဇောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကောင်းမွန်စွာအိပ်စက်စေပါတယ်။ အိပ်မပျော်ခြင်း အိပ်ဖို့ခက်ခဲခြင်း ဖြစ်နေရင် ဇောင်းလျားသီးကို အိပ်ယာမဝင်ခင်စားသုံးပေးရပါတယ်။
အသားအရေ
➡ဇောင်းလျားသီးမှာ Flavonoids ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အသားရေကိုကျန်းမာစိုပြေစေပါတယ်။ သွပ်(Zinc)ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ဝက်ခြံပြသနာကိုလည်း ကာကွယ်နိုင်ပါတယ်။
သတိပြုရန်⚔
➡ဇောင်းလျားသီးမှာ Oxalic Acid နဲ့ Andcaramboxin ဓာတ်ပါဝင်တာကြောင့်
ကျောက်ကပ်ရောဂါဝေဒနါခံစားနေရသူများ အထူးရှောင်ရှားရပါမည် ၊ စားသုံးရင် မူးမော်
ပျို့အန်တာမျိုး ဖြစ်တတ်ပါတယ်။
စတေတင်(Statin) ဆေး (Opiates) ဘိန်းပါတဲ့ဆေး (Benzodiazepines) စတဲ့ဆေးတွေကိုမှီဝဲနေရသူတွေဆို ဒီဇောင်းလျားသီးကို မစားသင်ပါဘူး။
crd - original writter
thuyatun11363
Comments
Post a Comment