ကယားလူမျိုး (ကရင်နီ)
ကယားလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။
၁။ ကယားလူမျိုး (ကရင်နီ)
၂။ ဇယိန်လူမျိုး (ကယန်း လထာ)
၃။ ကယန်းလူမျိုး (ပဒေါင်)
၄။ ဂေခိုလူမျိုး (ကယန်းကယ်ခို)
၅။ ဂေဘားလူမျိုး
၆။ ပရဲလူမျိုး (ကယော၊ ကယော်)
၇။ မနူမနောလူမျိုး (မနုမနော)
၈။ ယင်းတလဲလူမျိုး
၉။ ယင်းဘော်လူမျိုး (ကယန်း ကငန်) တို့ဖြစ်သည်။
ကယားလူမျိုး(ကရင်နီ)
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
ကယားလူမျိုးတို့သည် လူနှင့်ငှက်အမျိုးအနွယ်ဖြစ်သော ကိန္နရီ ကိန္နရာ တို့မှဆင်းသက်ပေါက်ပွားလာ သောလူမျိုးများဖြစ်သည်ဟု ယုံကြည်ကြသည့်အတိုင်း ကိန္နရီ၊ ကိန္နရာတို့ပျော်မြူးရာဒေသဖြစ်သည့် ငွေတောင်ပြည်သို့ ရောက်ရှိရန်ဆုတောင်းခဲ့ကြသည်။ ကယားလူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ပါဝင်သော ကယားပြည်နယ်၌အများဆုံးနေထိုင် ကြသူများဖြစ်ပေသည်။ ကယားလူမျိုးတို့ကို ပြည်နယ်၏ အရှေ့ပိုင်း လွိုင်ကော်မြို့ အရှေ့တာင်ဘက်ဒေသ ကန္တဝတီနယ်သံလွင်မြစ်ကမ်းနှစ်ဖက်တို့၌ အများဆုံး တွေ့ရသည်။ ၁၉၃၁ခုနှစ်သန်းခေါင်စာရင်း ကောက်ယူချက်အရ ကယားလူမျိုး (၃၁၅၀၀) ကျော်မျှရှိသည်ဟုသိရသည်။ ပြောဆိုသော စကားများ၏ နီးစပ်မှုကိုထောက်၍ ကယားလူမျိုးတို့မှာ တိဗက်မြန်မာစုဝင် ကရင်စုခွဲ၌ပါဝင်သော လူမျိုးတစ်မျိုးဖြစ်သည်ဟု ဘာသန္တရပါရဂူတို့ကဆုံးဖြတ်ခဲ့ကြသည်။
ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....
လူမျိုးစုအားဖြင့် ထိုင်းတရုတ်အနွယ်ဝင်ဖြစ်ပြီး ကရင်လူမျိုးစုတွင်ပါဝင်သည်။ အင်္ဂလိပ်လက်ထက်မှစပြီး ကရင်နီဟုခေါ်ခဲ့သည်။ မင်းတုန်းမင်းသည် အနောက်ကရင်နီနယ်ကို သိမ်းပိုက်ရန်ကြိုးစားသဖြင့် ဗြိတိသျှတို့က ကန့်ကွက်သည်။ သို့ဖြင့် မင်းတုန်းမင်းနှင့် အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဖယ်ရာတို့၏ သဘောတူစာချုပ်အရ ကရင်နီနယ်ကို သီးခြားလွတ်လပ်သောနယ်မြေအဖြစ် အသိအမှတ်ပြုသည်။ ကရင်နီနယ်သည် အင်္ဂလိပ်ကိုလိုနီခေတ်တွင် လွတ်လပ်သော ကြားနယ်မြေ ဖြစ်ခဲ့သည်။ သို့ရာတွင် ဗြိတိသျှတို့သည် ကရင်နီနယ်တွင် ဝင်ရောက်စွက်ဖက်မြဲ စွက်ဖက်ခဲ့သည်။ ဗြိတိသျှတို့သည် ကရင်မျိုးနွယ်စုများအား ဝတ်သည့် အင်္ကျီကိုကြည့်ပြီး ကရင်ဖြူ၊ ကရင်နီ၊ ကရင်နက်၊ ကရင်ကြားဟု သတ်မှတ်ခေါ်ဆိုသောကြောင့် ဖြစ်သည်။ Archived 13 January 2012 at the Wayback Machine.
တောင်တန်း ပြည်မပေါင်းစည်းရေးကိစ္စ၌ ပထဝီနိုင်ငံရေးအရ ပေါင်းစည်းရေးကို ကရင်နီပြည်နယ်ခေါင်းဆောင်များက လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ကရင်နီပြည်နယ်ကို သက်သက်အဖြစ် ကယားပြည်နယ်ဟူ၍ မဲခွဲ သတ်မှတ်ခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၈၀ (၁) (က) ပါ ကရင်နီပြည်နယ်ကို ပယ်ဖျက်ပြီး ကယားပြည်နယ် ဟု ပြင်ဆင် ပြဋ္ဌာန်းပေးရန် ၁၉၅၀ ဖေဖော်ဝါရီတွင် ကျင်းပသည့် လွှတ်တော်၌ ကရင်ပြည်နယ်ကိုယ်စားလှယ် ဦးစိန်က အဆိုပြုချက်တင်သွင်းခဲ့သည်။ အထူးစုံးစမ်းရေးကော်မတီက စုံစမ်းပြီး ၁၉၅၁ အောက်တိုဘာတွင် ကရင်နီမှ ကယားဟူ၍ ပြောင်းလဲခဲ့သည်။
ကရင်နီတို့က ဒါဟာ မြန်မာအစိုးရက တစ်ချိန်က ကရင်နီပြည်နယ်ရဲ့ လွတ်လပ်မှုကို ပြည်ဖုံးကားချချင်လို့ ကယားဆိုပြီး အမည်ပြောင်းဖြစ်တယ်ဟူ၍ သူတို့၏ သမိုင်းတွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် သူတို့သည် ကယားဆိုသည်ကို မကြိုက်။ ကရင်နီဟု ခေါ်သည်ကိုသာ ကြိုက်နှစ်သက်သည်။
Source - Wikipedia
#thuyatun11363
Comments
Post a Comment