ကန်စွန်းရိုးနီနဲ့ သင့်ကျန်းမာရေး

 ကန်စွန်းရိုနီနဲ့ သင့်ကျန်းမာရေး

အခုလို မိုးရာသီကာလမှာ ပေါပေါများများတွေ့ရတတ်ပြီး ဈေးနှုန်းအားဖြင့်လည်း ချိုသာတဲ့ လယ်ကန်စွန်းလို့ ခေါ်တဲ့ ကန်စွန်းရိုးနီဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာ ရှိပါတယ်။

➡ ကန်စွန်းရိုးနီမှာ အစာချေဖျက်ခြင်းစနစ်ကို အားကောင်းစေတဲ့ အမျှင်ဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ စတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် ကန်စွန်းရိုးနီရဲ့ အကျိုးပြုပုံတွေကို ဖော်ပြပေးချင်ပါတယ်။


(၁) အသည်းကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တယ်


➡ ကန်စွန်းရိုးနီကို အာယုဗေဒ ဆေးပညာမှာ အသားဝါရောဂါနဲ့ အသည်းကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ အသုံးပြုကုသလေ့ ရှိကြပါတယ်။ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်တဲ့ အသည်းရောဂါတွေကို ကန်စွန်းရိုးနီ ပြုတ်ရည်နဲ့ ကန်စွန်းရိုးနီ စားသုံးခြင်းက သက်သာစေနိုင်တယ်လို့ အာယုဗေဒ ဆေးပညာကျမ်းတွေမှာ ဖော်ပြထားပါတယ်။


(၂) သွေးအားနည်းခြင်းကို သက်သာ ပျောက်ကင်းစေနိုင်တယ်

➡ ကန်စွန်းရိုးနီမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ ရှိတဲ့ သွေးအားနည်းရောဂါနဲ့ ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်တဲ့ ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။


(၃) အမြင်အာရုံကို ကောင်းမွန်စေတယ်

➡ ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ Lutein နဲ့ Carotenoid တို့ မြင့်မားစွာ ပါဝင်တာကြောင့် အသက်အရွယ်ကြောင့် အမြင်အာရုံ လျော့နည်းလာခြင်းနဲ့ မျက်စိမှုန်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်ပြီး မျက်လုံးကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


(၄) နှလုံးကျန်းမာရေး ပြဿနာတွေကို လျော့နည်းစေနိုင်တယ်

➡ ကန်စွန်းရိုးနီမှာ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ ဘီတာ ကယ်ရိုတင်တို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ကိုလက်စထရော မြင့်မားမှုကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်း၊ ရုတ်တရက် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို လျော့နည်းစေနိုင်ပါတယ်။


(၅) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်

➡ ကန်စွန်းရိုးနီမှာ ပါဝင်တဲ့ ဗီတာမင်စီ ဓာတ်ဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်း အဆိပ်အတောက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကူးစက်ရောဂါနဲ့ အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။🙏

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ