ဇီယာရွက်၏ ဆေးဖက်ဝင်အသုံးပြုပုံ
ဇီယာရွက် (သို့မဟုတ်) ဆေးသောက်စရာမလိုဘဲ ချောင်းဆိုးပျောက်စေမယ့် သဘာဝဆေးနည်း
➡ ဇီယာရွက်ကို ထောင်းပြီး ရလာတဲ့သတ္ထုရည်ကို ဆားပါရုံလေးထည့်ဖျော်ပြီး ရှေးလူကြီးတွေက ချောင်းဆိုးအမျိုးမျိုးသက်သာပျောက်ကင်းစေဖို့ သုံးစွဲခဲကြပါတယ်။ ဇီယာရွက်က တကယ်လည်း ဆေးဖက်ဝင်သလို ချောင်းဆိုးတာကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။
➡ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်
➡ အအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေးနှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။
➡အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။
➡စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက် ကို စိမ်ပြီး သောက်ပေးလို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေမှာပါ။
➡အရေပြားပြဿနာအတွက်လည်း ဇီယာရွက် ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားမျာ ပိုးကောင်ကိုက်ခံရတဲ့အခါ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ခြေလို့ အုံပေးလို့ရပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းနေတာတွေ၊ ယားယံနေတာတွေရှိမယ်ဆိုရင်လည်း သက်သာစေမှာပါ။
➡ဇီယာရွက်မှာ ဓာတ်တ်ုးဆန့်ကျင်အာနိသင်ပါဝငနေတာကြောင့် ကင်ဆာဆဲလ်တွေပွားတာကို တားဆီးပေးနိုင်သလို ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
➡ဇီယာရွက်က ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဆီးကနေတဆင့် ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမျာပိုနေတဲ့ အငန်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ရေဓာတ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေမှာပါ။
➡Irritable Bowel Syndrome (IBS) အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ပြဿနာ ကိုသက်သာစေနိုင်တယ်
➡အစာအိမ်နာတာနဲ့ အစာခြေစနစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ပြဿနာ (IBS) ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ IBS ရှိနေမယ်ဆိုရင် ဇီယာရွက်ကို ရေစင်အောင်ဆေးလို့ ရေနွေးထဲစိမ်ပြီး သောက်ပေးပါ။
➡Omega-6 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆစ်ရောင်နာဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ဖြစ်လာခဲ့ရင်လည်း အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။
➡ဗီတာမင် A ကြွယ်ဝစွာပါဝင်နေမှုကြောင့် အမြင်အာရုံကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မျက်လုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။
အရွက်ခပ်ထူထူလေးနံ့ အပေါ်မှာအမွှေးပါးလေးတွေ အုပ်ထားတဲ့ ဇီယာရွက်လေးက အခုလို ကျန်းမာရေးအကျိုးကျေးဇူးအများကြီးကို ပေးစွမ်းနိုင်တယ်ဆိုတော့ ရေနွေးလေးထဲစိမ်လို့ ဆေးဖြစ်ဝါးဖြစ်သောက်ကြည့်ဖို့ ပြောပါရစေနော်။
ဘာတွေ သတိထားရမလဲ
ဇီယာရွက်က ချောင်းဆိုး သက်သာစေသလို ဆေးဖက်ဝင်တာ မှန်ပေမယ့် အလွန်အကျွံ မသုံးဖို့တော့ လိုပါမယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
တဆင့်ပြန်လည်မျှဝေပေးလိုက်ပါသည်
Comments
Post a Comment