ကင်ပွန်းချဉ်ပင် ဆေးဖက်ဝင်ပုံနှင့် ကျန်းမာရေးအထောက်ကူပြု ဆေးနည်းတိုများ

 ကင်ပွန်းချဉ်ပင် ဆေးဖက်ဝင်ပုံနှင့် ကျန်းမာရေးအထောက်ကူပြု ဆေးနည်းတိုများ



နွေရာသီ ပူပြင်း ခြောက်သွေ့သော ကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။ ကျန်းမာသူအတွက် အာဟာရဖြစ်ပြီး မကျန်းမာသူအတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံးနိုင်သည်။


ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျပေါက်သော စားသုံးပင်ဖြစ်သည်။


🏆 ကင်ပွန်းချဉ်သည် အသည်း အတွက် အစွမ်းထက် အသုံးဝင်သည်။ ကင်ပွန်းချဥ်ရွက်တစ်ဆယ်သားခန့်ကို ထန်းလျက် ငါးကျပ်သားခန့် ဆားမကျီးစေ့နှစ်စေ့ခန့်နှင့် ရေသန့် ၃ လီတာထည့်ပြီး အရည် ၁ လီတာကျန်သည်အထိ ကြိုပြီး မနက်တစ်ဖန်ခွက် နေ့လည်တစ်ဖန်ခွက် ညတစ်ဖန်ခွက်သောက်ပေးပါက အဆစ်ယောင်ရောဂါ ၊ အသည်းရောဂါတို့ကိုပျောက်ကင်းစေပြီး အခြားကိုယ်ခန္ဓာကျန်းမာရေးကို များစွာအကျိုးဖြစ်ထွန်းစေပါတယ်။


ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။




◾အရွက်နုကိုငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင် အသားဝါရောဂါ၊ သည်းခြေရောဂါ တို့ကို သက်သာစေသည်။ အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။


◾အရွက်နုကိုညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြားအနည်းငယ် ထည့်၍ ရေကျက်အေးနှင့် နေ့စဉ်မှန်မှန်သောက်ပေးလျှင် အဖျဉ်း (ရေဖျဉ်း)ရောဂါ ပျောက်သည်။


◾ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ်

ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။


◾ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီးသောက်က ဝမ်းချုပ် လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။


◾ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။ လေနာ လေအောင့် လေထိုး လေစူးသက်သာသည်။


◾ကင်ပွန်းရွက်ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။ ကိုယ်တွင်း အပူကို ငြိမ်းစေသည်။


◾ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။


◾ဆီးပူ, ဆီးအောင့်, ညောင်းကျ, ပန်းသေ, ပန်းညှိုး, မှအစကောင်းမွန်သည်။


◾သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင်ကာ အဆီကျပေါ့ပါး စေပါသည်။


◾ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။


◾နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ် မှီဝဲစေသင့်သည်။


◾နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့် ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့နဲ့အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။ ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့် ရောနှော၍ကြော်စားလျှင် ထမင်းမြိန်ပါသည်။


◾အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို ချက်ပြုတ် စားပေးရန်လိုသည်။


ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။ ဂျုံမှုန့်နှင့်အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။ ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။ နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Crd - Original Writer

thuyatun11363

ပြန်လည်မျှဝေပါသည်။

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ