ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး
ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး
လူအများစုက ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အနီ
ရောင်အသားကိုပဲ စားကြပါတယ်။ ဖရဲသီးရဲ့ အတွင်းသားအနီရောင် အပေါ်အခွံကိုလည်း စားလို့ရပါတယ်။ ၎င်းဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကျန်းမာရေးကို ဘက်ပေါင်းစုံက အကျိုးပြုပါတယ်။
🍉(၁)။ ကျောက်ကပ်မှာ ကျောက်ကြေစေတယ်
ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ ဖြစ် လို့ ကျောက် ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓါတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကို ကြေကျစေပါတယ်။
🍉(၂)။ ကိုယ်အလေးချိန်ကျစေတယ်
ဗီတာမင်C ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီး အမျှင်ဓါတ်ကြောင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။
🍉(၃)။ ရောင်ရမ်းမှုလျော့ကျစေတယ်
ဖရဲသီးခွံမှာပါတဲ့ lycopene ဓါတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကို လျော့ကျ စေပါတယ်။ ဖရဲသီးခွံမှာ မျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓါတ်လည်း တော်တော်လေး ပါဝင်ပါ တယ်။
🍉(၄ )။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တယ်
ဖရဲသီးအခွံရဲ့ ရေဓါတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်က ဆီးပိုးဝင် ခြင်း ကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါ့ ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကို သောက်နိုင်ပါတယ်။
🍉(၅)။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေတယ်
ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေကို လျော့ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓါတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။
🍉(၆)။ သွေးတိုးထိန်းပေးနိုင်တယ်
ဖရဲသီးအခွံသားက သွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏}
Credit - original uploader
Comments
Post a Comment