မိဿလင်ပင်နှင့် ဆေးဖက်ဝင်ပုံ

 မိဿလင်ပင်နှင့် ဆေးဖက်ဝင်ပုံ



ဆေးဖက်ဝင်မှု 

အရှင်နာဂသိမ် ပုံပြ ဆေးအဘိဓာန်တွင် မိဿလင်၏ ဆေးဖက်ဝင်ပုံကို ကူးယူဖေပြလိုက်ပါသည်။

ဂုဏ်နဲ့စွမ်းရည်

➡မြွေဆိပ်၊ အရေပြားရောဂါ၊ အစာမကြေ၊ ဝမ်းလျှော ရောင်တင်းခြင်း၊ မီးယပ်ထိန်ခြင်း တို့ကိုပျောက်စေ၏။

➡နာတာရှည်အရေပြားရောဂါကို မိဿလင် ကုလားကင်ပွန်းသီး နွားကျင်ငယ်ရည် ပြုတ်သောအရည်ဖြင့်လိမ်းပါက သက်သာစေ၏။ မျက်စေ့ထဲမဝင်ရန်နှင့် ညနေလိမ်ပါက မနက်ရေချိုးရန်လိုသည်။ 

➡ဝမ်းဗိုက်ထိုးအောင့်ပြီး ဝမ်းသွားသူများ မိဿလင် ၈ ပဲသား ရေသင့်ရုံနှင့်ကျို၍ တိုက်ပါ။ မီးယပ်ချုပ်ပါက မိဿလင်သတ္ထုရည် ဆားအနည်းငယ်ထည့်တိုက်ပါ။

➡အအေးပတ် လေဖြန်း နာကျင်ကိုက်ခဲ လေးလံထိုင်းမှိုင်း နေပါက မိဿလင်သတ္ထုရည်ထဲ ငြုပ်ကောင်းမှုန့် ထည်ပြီးလိမ်းပေးပါ။

➡အတိသာရဝမ်းရောဂါ နှင့် အတွင်းလိပ်ခေါင်းရောဂါများလည်း ကုသနိုင်ပါသည်။ 

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ