အစာအိမ်နာဖြစ်ခြင်းအတွက် အစွမ်းထက် အိမ်တွင်းဆေးနည်းတို

 အစာအိမ်နာဖြစ်ခြင်းအတွက် အစွမ်းထက် အိမ်တွင်းဆေးနည်းတို



➡အစာအိမ်ရောင်ရင် ထမင်းနဲ့ အစာမာ ၊ အပူအစပ် စားခြင်းကို ခဏရပ်ပြီး ဆန်ပြုတ်သောက်ပေးပါ။ 

➡ဆန်လက်တစ်ဆုပ်ကို ပဲရာဇာ(ခေါ်) ပဲနီလေး လက်တစ်ဆုပ်စာနှင့် ရောပြုတ်ပြီး ကြက်သွန်နီဥ တစ်ဥထည့်ပြုတ်ပေးပါ။

➡အကြော်အလှော် အကြွပ်ကြော်တွေ မစားရပါ။ အပူအစပ်၊ လက်လုပ်ချဉ်တွေ လုံးဝမရပါ။ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်များ မတည့်ပါ။ 

➡ နံနက်အိပ်ယာ ထထချင်း၊ ညအိပ်ရာဝင် ပျားရည်တစ်ဇွန်း ရေအေးနဲ့ ဖျော်သောက်ပေးပါ။ ပျားရည်က အစာအိမ်နာ ကျက်ပါတယ်။ 

➡ဖီးကြမ်းငှက်ပျောသီးကို နေ့စဉ်စားပေးလျှင် အစာအိမ်ရောင်ရောဂါ သက်သာစေပါတယ်။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ် နေ့စဉ် နှစ်လုံးစားပေးလျှင် အစာအိမ် အနာကျက်ပါသည်။ 

➡စိတ်တိုလျှင် အစာချေရည် ထွက်ပြီး အစာအိမ်ကို ပြန်လောင်တတ်သဖြင့် စိတ်တို ဒေါသထွက်ရမည့် ကိစ္စများကို ရှောင်ရှားပါ။ စိတ်ပူပန် သောကများလျှင်လည်း အစာအိမ်ရောဂါ ပိုဆိုးတတ်ပါသည်။

အထက်ပါနည်းများအတိုင်း လိုက်နာဆောင်ရွက်ပေးပါက အစာအိမ်နာ အနုအရင့်ပေါ်မူတည်၍ အချိန်တို/ရှည်အတွင်း သက်သာပျောက်ကင်းပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

thuyatun11363



Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ