နားပြည်ခြင်းအတွက် ဆေးနည်းတို
နားပြည်ယိုခြင်းအတွက် ဆေးနည်းတို
➡ ရေနွေးကြမ်းအဖန်ရည်တွင် ဆားခါး အနည်းငယ်ထည့်ဖျော်ပြီး နားတွင်းသို့ လောင်းထည့် ဘေးစောင်းပြီးပြန်ထုတ် သုံးလေး ကြိမ် ဖန်ရည်ဆေးသကဲ့သို့ ပြုလုပ်ပေးပါ။
➡ ကြက်သွန်ဖြူဥကိုထုထောင်းနှမ်းဆီဖြင့် စိမ်ထား မီးဖြင့်နွှေးပြီး(အဖတ်မပါ) ဆီအရည်ကြည်ကို နားအတွင်းသို့ ခပ်နွေးနွေးထည့်ပေးပါ။ ကြာရှည်ဖြစ်နေသော နားပြည်ယို၊ နားကိုက်ရောဂါ ပျောက်ကင်းစေပါတယ်။
➡ မြန်မာ ကုက္ကိုရွက် သို့မဟုတ် ပိစပ်ရွက်ကိုမီးကင် အရည်ညှစ်နားအတွင်းသို့ထည့်ပါ။
အထပ်ပါ ၃ နည်းမှ မိမိအဆင်ပြေသောနည်းတစ်ခုကို အောက်ပါနည်းနှင့်တွဲဖက်အုံပေးပါ။
➡ ဇာတိပ္ဖိုလ်သီးကိုသွေးပြီး နားနောက်ဖုတွင် လိမ်းပေးပါ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Crd - Photo
Comments
Post a Comment