ဆီးချိုရောဂါပျောက်မြန်မာဆေးနည်းတို (မျောက်ဥပင်)
#ဆီးချိုရောဂါအတွက်မြန်မာဆေးနည်းတို
မျောက်ဥပင်
မဟာမြိုင်တောတွင်း သီတင်းသုံးသောရသေ့ကြီးက ဒကာဖြစ်သူဦးကိတ်အား သနားဂရုဏာသက်စွာကြည့်ရင်း
” ဒကာကြီးက သိပ္ပံဆေးတွေနဲ့ကုနေတယ်ဆိုတော့ပိုကောင်းတယ်ထင်လို့ ရသေ့မပြောတာပါ။ပျောက်တာမပျောက်တာတော့ ဒကာကြီးကံနဲ့ပဲဆိုင်မယ်ကျုပ်ထံလာသူတိုင်းတော့ သက်သာပျောက်ကြသူချည်းပဲ”
လုပ်ကြည့်ပါဆိုကာ ကျောင်သင်္ခမ်းနှင့်မလှမ်းမကမ်းတွင် နွယ်များတက်နေသောမျောက်ဥပင်မှမျောက်ဥများကိုတူးပြီး နေ့စဉ်သာ နံက်ညပြုတ်သောက်ရန် နည်းလမ်းပေးခဲ့ပါသည်။
(၁၅)ရက်ဆက်တိုက်ပြုတ်ကျိုသောက်ခဲ့ရာ ဆီးချိုရောဂါ သက်သာရာမှ ပျောက်ကင်းခဲ့သည် ဟုဆိုပါသည်။
ဆီးချိုရောဂါဆိုသည်မှာ
ခန္ခာကိုယ်၏ သွေးထဲမှ ဂလူးကို့ခေါ်အချိုဓာတ်များရှိသင့်သည်ထက် ပို၍ကာလ ကြာရှည် များပြားပြီး ဖြစ်ပေါ်လာသောရောဂါ အစုအဝေး ဟုဆိုပါသည်။တကယ်တော့ ဆီးချိုနဲ့ သွေးချိုဆိုတာ အတူတူပါပဲဆီးချိုလို့ခေါ်ကြတာက ပိုများပါသည်။
မဟာမြိုင်တောမှရသေ့ကြီးဦးကောဝိဒ ပေးသောဆေးနည်းမှာ
မျောက်ဥ(၂)ကျပ်သားကို ရေသန့်တစ်ဗူးစာရေထဲ့ပြုတ်ကျိုပြီး (၃)ခွက်(၁)ခွက်တင်သောက်ပေးရပါသည်။
မျောက်ဥကို မူအခြောက်လှန်းအမှုန့်ပြုပြီးတစ်နေ့တစ်ကြိမ် လက်ဖက်စာဇွန်း(၁)ဇွန်းစားပေးခြင်းဖြစ်ပါသည်။ထိုနည်းဖြင့်ဆီးချိုဝေဒနာရှင်များတော်တော်များများသက်သာရာမှ ပျောက်ကင်းသည်ဟုဆိုပါသည်။
မျောက်ဥနှင့်ပတ်သက်ပြီး စိတ်၀င်တစား ထပ်မံလေ့လာ ကြည့်ရာ အမှတ်မထင် နက္ခတ္တရောင်ခြည် စာအုပ်ဟောင်းတွင် မသိသူကျော် သွားသိသူဖေါ်စား ဆေး ဆောင်းပါးလေး အားဖတ်မိပြန်ပါ သည်။
မျောက်ဥအကြောင်းဗသုတ
နွယ်ပင်မျိုးဖြစ်ပါသည်။
ရုက္ခဗေဒအမည်(Dioscorea Persimilis)ဖြစ်သည်။
အမြစ်(ဥ)တစ်ခုချင်း(သို့)အတွဲလိုက်ရှိသည်။
ဥမှာထွားသော်လည်းလုံးဝိုင်းမှုနည်းပြီး
ပြားယောင်ယောင်ရှိပါသည်။
အပွင့်နှင့်အရွက်
အရွက်သည်ကြီးပြီး အကြောများထင်ရှားပါသည်။
သုံးမြှောင့်ပုံအရွက်ဖြစ်ပြီး
အပွင့်မှာသေးငယ်ကာ အဝါ ရောင်ဖြစ်သည်။
ထိုမျောက်ဥပန်းလေးများကိုမေလနှင့် ဇူလှိုင်လကြားတွင်တွေ့ရပါသည်။
အမြစ်ဥတူးယူချိန်
ကြာရှည်စွာအထားခံရန်အတွက်
မျောက်ဥများကို ကျောက်ချဉ်ရည်ထဲ (၂)နာရီမှ(၃)နာရီ အထိစိမ်ပြီးမှ အခြောက်ခံ၍ ထိန်းသိမ်း ရ ပါသည်။
ပါ၀င်သောဓာတုဒြပ်ပေါင်း
ဟိုက်ဒရိုကာဗွန်ဓာတ် (၆၃.၂၃)%
ပရိုးတင်းဓာတ်(၆.၇၅)%
အဆီဓာတ် (၀.၄၅)%
အချွဲဓာတ် (၂၀၈)%
နှင့်အခြားသောဓာတ်များပါ၀င်သည်။
#ဆေးအသုံး
အမြစ်ဥကို ကျန်းမာရေးဓာတ်စာအဖြစ်လည်းကောင်း၊
အဖျားကျဆေးအဖြစ်လည်းကောင်း၊ ခံတွင်းပျက်ခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊အထွေထွေအားနည်းခြင်း၊
နာတာရှည်အူရောင်ပြီးလေနာခြင်း၊ နာတာရှည်၀မ်းကိုက်၊၀မ်းပျက်ရောဂါနှင့် သုတ်လွတ်မြန်သောရောဂါများတွင် သုံးပါသည်။
ထိုပြင်ညအိပ်ပျော်စဉ် ချွေးအလွန်ထွက်သောရောဂါ၊ဆီးချိုရောဂါ၊ ဆီးလွန်ရောဂါ၊ ရာသီသွေးလွန်ရောဂါ၊
ခါးနားရောဂါ၊ ချာချာလည်အောင်မူးသောရောဂါ၊
မျက်စိကျိန်းစက်သောရောဂါ အတွက်ပေးလေသည်။
အချိန်အဆပမာဏ
သာမန်အားဖြင့်
တစ်နေ့လျှင်မျောက်ဥဆေးချိန်(၁) ကျပ်သားမှ
(၁)ကျပ်ခွဲသားအထိပြုတ်၍ပြုတ်ရည် အဖြစ်လည်းကောင်း၊အမှုန့်အဖြစ်ပေးနိုင်သည်ဟုဆိုပါသည်။
အနာလုံး၊အကြိတ်လုံး
မျောက်ဥအမှုန့်ကို ရေနှင့်ရောပြီး အနာလုံး၊ အကြိတ်လုံးများကို လိမ်းပေး၊အုံပေး နိုင်လေသည်။
Source - နက္ခတ္တရောင်ခြည်မဂ္ဂဇင်း(၉/၂၀၀၂) ၊ဒေါက်တာအောင်နိုင်(ဆေးသုတေသန) မသိသူကျော်သွားသိသူဖော်စားဆောင်းပါးကို ကိုးကားဖေါ်ပြသည်။
Crd - ရဲမျိုးသူ(ဗောဓိမြိုင်)
တဆင့်ပြန်လည် မျှဝေပါသည်
Comments
Post a Comment