ရေဖျဉ်းရောဂါနှင့် အစွမ်းထက်မြန်မာဆေးနည်းတိုများ
ရေဖျဉ်းရောဂါနှင့် အစွမ်းထက်မြန်မာဆေးနည်းတိုများ
🥕🍐🍅🍓🍆🌽🌶🥝🍍🍉🍌🍋🍊🍎🍏
ရေဖျင်းရောဂါသည် အသည်းခြောက်ရောဂါ၏လက္ခဏာဖြစ်ပါတယ်။ အရက်စွဲသူများမှာဖြစ်လေ့ရှိပါတယ်။
🥕 ခါကျစ်ဥ (ခေါ်) မုန်လာဥနီ ၂၅ ကျပ်သားကိုထောင်းအရည်ညှစ် သကြားနဲ့ရောစပ်သောက်ပါ။
🍍 တောဆီးဖြူပင် ပဉ္စငါးပါးအမြစ်ပါနုတ်ပြီး ၃ခွက် ၁ခွက်တင်ကျိုသောက်ပါ။
🍐 ကျောက်ဖရုံသီး အသားအဖက်များကို ပါးပါးလှီးပြီး ၀မ်းဗိုက်မှာတွင်ကပ်ပေးပါ။
🍆 ရေဖျဉ်းရောဂါဖြစ်သော် ကုက္ကိုခေါက်ကို ပြုပ်သောက်ပါ။ (ရှေးနည်း)
🍓 ဘိန်းပြဲကိုယ်ရောင်ဖြစ်သော်၊ အခံမခက်လား။ ကြက်သွန်နီနှင့်မုန်လာဥနီကို ကြိတ်၍စားသော်၊ (လားကျမ်းမှ)
🍒 ကရမက်ကိုသွေးလိမ်းပါ။ သွေးသောက်ပါ။ထန်းလျက်နဲ့ရောစားပါ။မပျောက်လား။
🍑 ငုခေါက်ကိုပြုပ်သောက်လျင် ၀မ်းသက်ပြီးဖောရောင်ကျစေသည်။
🌽ပျဉ်းတော်သိမ်ရွက်ကိုထောင်း၊ဂေါ်ရခါးသီး အခါးမျိုးကို အရည်ညှစ်ပြီး သောက်ပါ။
🌶 ၀မ်းဗိုက်တင်းရောင်ရောဂါဖြစ်လျင် ကြာဟင်း၂ဆ၊ ပိတ်ချင်း ၄ဆ၊ ဖန်ခါးခေါက် ၅ဆ ဤအလုံးစုံသောဆေးတို့ကို ညှက်အောင်အမှုန့်ပြု၍ ထိုဆေးအချိန်အတွယ်နှင့် တူညီသော ထန်းလျက်ကိုရော၍ ၃ ပဲသားခန့်အလုံးလေးများပြုလုပ်ပါ။ တစ်နေ့လျင် ၁လုံး၊ ၁၅ရက်ခန့်သောက်ခဲ့သော်ပျောက်ကင်း၏။( အမြိတ္တသာဂရ ဆေးကျမ်း)
🍌 နွား၏ နံနက်စောစောရသောကျင်ငယ်ရည်ကို လတ်လတ်ဆတ်ဆတ် အကြမ်းပန်းကန်တစ်လုံး နေ့စဉ်သောက်ပေးလျှင် ရေဖျဉ်း၊အဖောရောဂါပျောက်ကင်းသည်ဟုဆိုသည်။(ဘုရားဆေး)
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Credit - ဆရာကြည်လွင်မြင့်(မုဒြာ)
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment