မန်ကျည်းသီး၏ ကျန်းမာရေးဆေး အသုံးဝင်ပုံများ

 မန်ကျည်းသီး၏ ကျန်းမာရေးဆေး အသုံးဝင်ပုံများ




မန်ကျည်းသီးသာလျှင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ မန်ကျည်းသီးမှုန့်နှင့် ရောစပ်ထားတဲ့ သဘာ၀ ဆေးဝါးများနဲ့ ဟင်းခတ်များကိုလည်း အမျိုးမျိုးသော သဘာဝကုထုံးများတွင် သမားတော်များ အသုံးပြုလျက် ရှိကြပါတယ်။ မန်ကျည်းပင်ရဲ့ အသီး၊ အရွက်၊ အစေ့၊ အခေါက်၊ အပွင့်စတာတွေ အားလုံးကို ရှေးခေတ်ကတည်းက အမျိုးမျိုး သုံးစွဲလာခဲ့ကြပါတယ်။ အောက်ပါ အချက်များကတော့ မန်ကျည်းသီး၏ အထွေထွေ အသုံးဝင်ပုံအချို့သာ ဖြစ်ပါတယ်။


➡ ၁။ ဝမ်းသွားရတာ နှေးကွေးနေတဲ့ အခါအကောင်း ဆုံးဆေးကတော့ မန်ကျည်းသီးနှစ်ပါပဲ။ မန်ကျည်းနှစ်မှာ ပါဝင်တဲ့ အစာချေဖျက်ပေးတဲ့ ဖိုက်ဘာဓာတ်များဟာ ဝမ်းတွင်း လုပ်ဆောင်ချက်များကို ပုံမှန်လည်ပတ်စေပါတယ်။ ဒါ့ကြောင့် ဝမ်းသွားခြင်း ပုံမှန်ဖြစ်လိုလျှင် မန်ကျည်းနှစ် နှစ်ဇွန်းသာ စားလိုက်ပါ။


➡ ၂။ မန်ကျည်းသီးမှာ မကောင်းတဲ့ ကိုလက်စထရောကို ဖယ်ရှားပေးနိုင်တဲ့ စွမ်းရည်တစ်မျိုး ရှိတာကြောင့် နှလုံးသွေး လှည့်ပတ်မှုများကို ကျန်းမာစေပါတယ်။


➡ ၃။ ရေနဲ့ ဖျော်ထားတဲ့ မန်ကျည်းနှစ်ကလည်း လည်ချောင်းနာခြင်းအတွက် ဆေးကောင်း တစ်လက်ပါပဲ။ လည်ချောင်းနာနေသူ အနေနဲ့ မန်ကျည်းဖျော်ရည် ခပ်နွေးနွေးဖြင့် အာလုတ်ကျင်းပြီး သက်သာစေနိုင် ပါတယ်။


➡ ၄။ ပင်စိမ်းကိုချေပြီး မန်ကျည်းနှစ်နဲ့ ရောစပ်ပါက ခံတွင်းနာခြင်းများကို ကုသနိုင်ပါတယ်။ မန်ကျည်းသီးမှာ အအေးဓာတ် ပါဝင်တာကြောင့် အပူကြောင့်ဖြစ်တဲ့ ခံတွင်းနာများကို သက်သာစေတာ ဖြစ်ပါတယ်။


➡ ၅။ မန်ကျည်းပွင့်ကို အရည်ညှစ်ပြီး သောက်သုံးပါက လိပ်ခေါင်းရောဂါကို သက်သာစေပါတယ်။


➡ ၆။ မန်ကျည်းနှစ်ကို ရေဖျော်ပြီးသောက်ပါက အူတွင်းကပ်ပါး ကောင်များကို ဖယ်ရှားပါတယ်။


➡ ၇။ မန်ကျည်းသီးဟာ သည်းခြေ ပြဿနာ ရှိသောသူများအတွက် ဆေးကောင်းပါပဲ။


➡ ၈။ မန်ကျည်းနှစ်ဟာ ဗီတာမင်စီ ဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ပေးပါတယ်။


➡ ၉။ မန်ကျည်းစေ့အမှုန့်ကို နနွင်းမှုန့် အနှစ်နဲ့ ရောစပ်ပြီး အနာနှင့် ရောင်ရမ်းခြင်းများကို လိမ်းပေးနိုင်ပါတယ်။


➡ ၁၀။ မန်ကျည်းဖျော်ရည်ကို အသားဝါရောဂါ ခံစားနေရသူများ ဆေးအဖြစ်မှီဝဲနိုင်ပါတယ်။


➡ ၁၁။ ၎င်းမန်ကျည်းသီးမှာ ကင်ဆာဖြစ်စေတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းများရန်မှ ကာကွယ်ပေးနိုင်တဲ့ ဓာတ်များပါဝင်ပါတယ်။


➡ ၁၂။ မန်ကျည်းသီးဟာ အရိုးကျန်းမာရေး အတွက် အကောင်းဆုံး အသီးဖြစ်တာကြောင့် နေ့စဉ်အစား အစာထဲမှာ ထည့်သွင်းသင့်ပါတယ်။


➡ ၁၃။ မန်ကျည်းစေ့ အနှစ်ကို ပိုးမွှားကိုက်ခြင်းများကို ကုသရာမှာ သုံးနိုင်ပါတယ်။


➡ ၁၄။ မန်ကျည်းစေ့အနှစ် (သို့) မန်ကျည်းခေါက်မှုန့် အနှစ်တို့ကို အနာများပေါ်တွင် လိမ်းပြီး ကုသနိုင်ပါတယ်။


➡ ၁၅။ သိုင်းရွိုက်ဓာတ် မညီမျှခြင်း ဝေဒနာများ ခံစားနေရသူများအဖို့ မန်ကျည်းသီးကို နေ့စဉ်အစား အစာထဲ ထည့်စားပေးပါ။


➡ ၁၆။ သဘာဝအတိုင်း သွေးသန့်စင်ပေးတဲ့ မန်ကျည်းသီးကို စားသုံးပေးသင့်ပါတယ်။


➡ ၁၇။ မန်ကျည်းသီးက ကြွက်သား ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။


➡ ၁၈။ မန်ကျည်းဖျော်ရည် တစ်ခွက် (သို့)မန်ကျည်းနှစ် ပျစ်ပျစ်နှစ်ဇွန်းတို့က သာမန်အပူရှပ်ခြင်းကို သက်သာစေပါတယ်။


➡ ၁၉။ မန်ကျည်းနှစ်က ဆီးချိုရောဂါအတွက် သင့်လျော်ပါတယ်။ မန်ကျည်းသီးက အစာစားပြီးတိုင်း မြင့်တက်တတ်တဲ့ သကြားဓာတ်ကို ကူညီလျှော့ချပေးလို့ ဖြစ်ပါတယ်။


➡ ၂၀။ မန်ကျည်းသီးက အဆိပ်ဓာတ်ကို ဖြေပေးနိုင်တာကြောင့် အရက်နာကျနေတဲ့သူများကို မန်ကျည်းဖျော်ရည် တိုက်ပေးသင့်ပါတယ်။


➡ ၂၁။ မန်ကျည်းရွက်များကို ချေပြီး ရောင်ရမ်းနေတဲ့ အဆစ်နေရာများပေါ်တွင် အုံပေးပါ။ မန်ကျည်းရွက် သာမက မန်ကျည်းစေ့အနှစ်ကလည်း အဆစ်ရောင်၊ အဆစ်နာ ဝေဒနာများကို သက်သာစေပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit – Messenger News Journal

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ