ရွှေနွယ်ပင်နှင့် ဆေးနည်းတိုအသုံး
ရွှေနွယ်ပင်နှင့် ဆေးနည်းတို
သစ်မာ ပင်ကြီးမျိုး ကို မှီတွယ် ၍ အစာ ရေစာ စုပ်ယူ ရှင်သန် ရသော အရွက်မဲ့ ကပ်ပါး နွယ်ပင် မျိုး ဖြစ်သည်။ အကြီး အငယ် ၂ မျိုး ရှိ၏။ အသားထူသည် ။ ပင်စည် ရှည်လျား ပြီး ကိုင်းဖြာ သည်။ ရွှေဝါ ရောင် ရှိ၏ ။ မှီတွယ် ပင်အား အုံလိုက် အုပ်ဆိုင်း ထားသည်။ အပွင့် - ပွင့် တည်း သို့မဟုတ် စုပြုံ ပွင့်သည်။ ပွင့်ညှာ တို၍ ကောက်နေ သည်။ ပွင့်ခံ ရွက်သေးငယ် သည် ။ အသား ထူ သည်။ အပွင့် အဖြူရောင် ရှိ၍ သုံးမြှောင့် ပုံဖြစ်သည်။ အသီး - လုံးဝိုင်းပြီး ထိပ်ဘက် ချွန်သည် ။ ၂ စေ့ မှ ၄ စေ့ ထိ ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အထက်ပိုင်း ပြင်ဦးလွင် နှင့် အထက် ချင်းတွင်း နယ်များ တွင် တွေ့ရသည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ အာနိသင် -
မြန်မာ ဆေးကျမ်း များ အလိုအရ ဆေးရွှေနွယ် သည် ချို၏ ၊ ထက်မြက်၏ ၊ သည်းခြေနှင့် စပ်လျဉ်း သော ရောဂါ များကို နိုင်၏။ ခွန်အားကို တိုးစေ၏။ သုက်ကို ပွားစေ၏ ။ အသက်ကို ရှည်စေ နိုင်၏။
အသုံးပြုပုံ-
ပဉ္စငါးပါး ၁။ ဆေးရွှေနွယ် သည် အသက်ရှည် စေတတ်သော အပင်မျိုး တွင် အပါအဝင် ဖြစ်၏ ။
➡အသည်းရောင် ၊ အသည်းကြီး ၊ အသည်း မာကျော ကြမ်းတမ်း ခြင်း အတွက် ၎င်းဆေးရွှေနွယ် ကိုပြုတ်၍ သောက်ခြင်း ၊ ဝမ်းဗိုက် ကို လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း စေနိုင်၏။
➡၂။ ဝမ်းကြောတင်း ခြင်း ၊ ဝမ်းရောင် ခြင်း ၊ အစာမကြေ လေချဉ်တက် ခြင်း ၊ ဝမ်းဗိုက်နာ ခြင်း များ အတွက် ဆေးရွှေနွယ် ကို ကျတ်ကျတ် ကျို ၍ ဝမ်းဗိုက် တွင် လိမ်းပေးပြီး အဝတ်ဖြင့် ပတ်ထား ပါက အောက်သို့ လေစုန်ကာ ပျောက်ကင်း၏။
➡ ၃။ ဆေးရွှေနွယ် မှုန့် ၊ ချင်းခြောက်မှုန့် ဆတူ ရော၍ ထောပတ်နှင့် ဖျော်ပြီး အနာဆွေး၊ အနာဟောင်း များကို လိမ်းပေးသော် အနာများ အသားနု တက်၍ အမြန်ကျက်သည်။
➡ ၄။ ဆေးရွှေနွယ် ကို ညက်အောင် ကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်ပြီး ယားနာ များကို လိမ်းပေးသော် ပျောက်ကင်း၏။
➡ ၅။ ဆေးရွှေနွယ် ကို တို့စရာ အဖြစ် ဖြစ်စေ ၊ ၎င်းချည်း သက်သက် ဖြစ်စေ နေ့စဉ် စားသုံးပေး ပါက ဆံမဖြူ သွားမကျိုး ပါးရေ မတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာ စေ၏
➡ ၆။ ဆေးရွှေနွယ် ကို သွေးဖောက်ပြန် သော ရောဂါ အတွက် လည်း သုံး၏။
➡၇။ ဆေးရွှေနွယ် ဖြင့် ခေါင်း လျှော် လျှင် ခေါင်းအေး ၍ ဦးနှောက် ကြည်လင် စေပြီး ဗောက်နှင့် သန်းများကို ပျောက်စေသည်။
Source - WKPD
Comments
Post a Comment