မရိုးပင်နှင့် မြန်မာဆေးနည်းတို

မရိုးပင်နှင့် ဆေးနည်းတို




 ချုံယောင် ပင်ငယ်မျိုး ဖြစ်၍ အမြင့်ပေ ၁၀-၁၅ ပေထိ မြင့် ၏ ။ ပင်စည် ရိုးတံဖြောင့် ၍ အစေးဖြူ များ ရှိ၏ ။ အရွက် -ရွက်လွှဲ ထွက်သည်။ အရွက် အလယ်ပိုင်း ကျယ်ပြန့် ၍ အဖျားသို့ ရှူးသွားသည်။ ရွက်ရင်း နှလုံးပုံ ရှိသည်။ အပေါ် မျက်နှာပြင် ပြောင်ချော၍ အောက်မျက်နှာပြင် သည် ငွေရောင် အမွေးနု များဖြင့် ဖုံးအုပ် နေသည်။ အပွင့် - ဆွတ်ဆွတ် ဖြူ သို့မဟုတ် ပန်းရောင် ဖျော့ဖြစ် ပြီး အဆုပ် လိုက် ပွင့် ၏ ။ ပွင့်ကိုင်း ရှည်သည်။ ပွင့်ဖတ် အုံ ထောင် မတ် သည်။ နတ်တော် ၊ ပြာသို တွင် ပွင့် သည်။ အသီး - အလျား ၃-၄ လက်မ အထိ ရှိ၍ ကောက်နေသည်။ အစေ့ ကျောက်ကပ်ပုံ ဖြစ်သည်။ ပြာသို တပို့တွဲ တွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ် ၊ အပွင့် ၊ အစေး ၊ အကိုင်း ၊ အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ အထူး သဖြင့် မြစ်ချောင်း ကမ်းပါး သောင်ပြင် များ တွင်တွေ့ နိုင်သည်။ သဘာ၀ အလျောက် ပေါက်ရောက် သည်။ 



အသုံးဝင်ပုံ - အာနိသင် -

 မြန်မာ ဆေးကျမ်း များ အလိုအရ မရိုးပင် သည် ချို၍ အနည်းငယ် ခါးသော အရသာ ရှိ၏ ။ အစေးသည် အနည်းငယ် ငန်၍ ခါး၏ ၊ ပူ၏ ၊ မရိုးပွင့်သည် သုက်ကို ပွားစေ၏ ၊ ကြေပျက် လွယ်၏ ၊ ဝမ်းမီး ကို တောက်စေ၏၊ ဝမ်းသက် စေ၏ ၊ အန်စေ တတ်၏ ၊ ခါး ၏၊ သက်၏ ၊ ချုပ်၏ ၊ ပူ၏ ၊ အားကို ဖြစ်စေ ၍ အသက်ကို ရှည်စေ၏ ။

အသုံးပြုပုံ

အမြစ်

➡မရိုး မြစ်ခေါက်ကို ရေနှင့် ကြိတ်၍ သွားကိုက်သော နေရာတွင်သိပ်ပေးသော် သွားကိုက် ပျောက်၏ ။

➡မရိုးမြစ် နှင့် ဝါဂွမ်း မြစ်ကို ဆတူ ကြိတ်၍ အနည်းငယ် မျှ သောက်သော် မြွေဆိပ်များ ကျဆင်း စေ၏ ။

➡ကင်းကိုက်သော ဒဏ်ရာပေါ် တွင် မရိုးစေ့ သို့မဟုတ် မရိုးမြစ် ကို ရေနှင့် သွေးလိမ်း လျှင် ကင်းဆိပ် ပျောက်၏ ။

➡မရိုးမြစ် ကို ဆင်ခြေ ထောက် ရောဂါ ၊ ထိခိုက် မိ၍ ရောင်ရမ်း သော ဒဏ်ရာတို့ အတွက် ဆေးဖော်စပ်သုံး၏ ။

➡မရိုးမြစ် ကို ကြိတ်၍ မီးဖြင့် နွေးအောင် ပြုပြီး ပေါင် ၊ခြေ သလုံးသား တောင့်တင်း ကိုက်ခဲသော နေရာပေါ် တွင် လိမ်းက ပျောက်၏ ။

➡မရိုးမြစ် မှုန့်နှင့် ပျားရည် ရောသောက်က အရေပြား ရောဂါနှင့် အနာကြီး ရောဂါ ပျောက်၏ ။

➡မရိုးမြစ် နှင့် မရိုးစေး ကို မျက်စိ ကွင်းဆေး ၊ မျက်စိနာ ပျောက်ဆေး များ အဖြစ် ဖော်စပ် အသုံး ပြု၏ ။

➡မရိုးမြစ် ကို ဝက်ရူးနာ ရှူဆေး အဖြစ် အသုံးပြု၏ ။ အပွင့် ကို ဝက်ရူး နာသောက် ဆေး အဖြစ် ဖော်စပ် သုံး၏။

အပွင့်

➡မရိုးပွင့် အစိုကို ကြိတ်၍ နွားနို့ နှင့် နေ့စဉ် သောက်သော် ကျောက် တည်ရောဂါ ပျောက်၏ ။

➡အပွင့်ကို နှမ်းဆီနှင့် ကြော်စားလျှင် သွေးလုံးပျောက်၏ ။

➡မရိုးပွင့်ကို ကာလ ဝမ်းရောဂါ ပျောက်ဆေး အဖြစ် လည်း ဖော်စပ် သုံး၏ ။

အစေး

➡ဒူးခေါင်း ကိုက်ခဲခြင်း ၊ ကွေးဆန့်၍ မရခြင်း အတွက် မရိုးဆေး နှင့် လိမ်းနယ်ပေးရ၏ ။

➡မရိုးဆေး နှင့် ဆူးဖြူ အခေါက် မှုန့်တို့ကို ရောကြိတ်ပြီး ချက်ဘေး ပတ်လည် နှင့် ဆီးအိမ်ကို လူးပေးပါက ဆီးချုပ်ခြင်း ပျောက်၏ ။

➡မရိုးစေးကို နနွင်းနှင့် သွေးလိမ်း က မျက်နှာ ရှိ တင်းတိပ် များပျောက်၏ ။

➡မရိုးစေး နှင့် သနပ်ထော် စေး ခပ်ပျစ်ပျစ် သွေးလိမ်းက ကျပ်ဖူးနှင့် အခြား အဖုအပိမ့် များ ပိန်၍ ပျောက်၏ ။

➡မရိုးစေး နှင့် ရှိန်းခို သွေး၍ စုတ်ဖြင့် ထိုးပေးက မခံ မရပ် နိုင်အောင် ကိုက်ခဲ နာကျင်ခြင်း ပျောက်၏ ။

အကိုင်း

➡မရိုးကိုင်း ကို အတွင်း လိပ်ခေါင်း ပျောက်ဆေး အဖြစ် အသုံးပြု ၏ ။

➡မရိုးကိုင်း ခြောက် ကို မီးရှို့၍ အခိုးကို နှာခေါင်း ဖြင့် ရှူပေးပါက ခေါင်းကိုက် ၊ အကြော တက်ရောဂါ ပျောက်၏ ။

အရွက်

➡မရိုးရွက် ရင့်ကို ထောပတ် နှင့် သုတ်၍ မီးကင် ပြီး အရည်ညှစ်ကာ နားတွင် ထည့်သော် နားနာ ၊ နားကိုက် ပျောက်၏။

➡မရိုးရွက် ကြိတ်ညှစ် ရည်ကို ဆား အနည်းငယ် ထည့်သောက်သော် သလိပ်နာ ၊ ပန်းနာ ၊ ဝမ်းဗိုက်နာ ၊ ဝမ်းရောင်နာ များ ပျောက်၏ ။

➡မရိုးရွက် ကို သူငယ်နာ အဆုတ် ရောင်ရောဂါ ၊ ဝမ်းရောဂါ ၊ ဝမ်းရောင် ၊ ဝမ်းကြောတင်းခြင်း ရောဂါ များ အတွက် ဆေးဖော်စပ် သုံး၏။

➡သွက်ချာ ပါဒ လေငန်း ၊ အဆစ် ရောင် ရောဂါ လိမ်းဆေး တွင် မရိုးရွက် ကို ထည့်သွင်း ဖော်စပ် သုံး၏။


ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Source - WKPD

Crd - Photo

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ