ဆီးရောဂါ၊သွေးအန်သွေးလျှံရောဂါ၊အသည်းရောင်ရောဂါ စသည့် ရတ္တပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည့် ကြက်သားနှင့် ကျောက်ဖရုံသီးဟင်း
ဆီးရောဂါ၊သွေးအန်သွေးလျှံရောဂါ၊အသည်းရောင်ရောဂါ စသည့် ရတ္တပိတ်ရောဂါတို့ကို ပျောက်ကင်းစေသည့်
ကြက်သားနှင့် ကျောက်ဖရုံသီးဟင်း
======================================
ကျောက်ဖရုံသီးသည် လူသား၏ ခန္ဓာကိုယ်တွင် နှစ်ရှည်လများ ကိန်းအောင်းနေသော သွေးသည်းခြေ
တို့၏ ငုပ်ခိုး၊ပုပ်ခိုး ကို ကောင်းစွာ စုပ်ယူခြေဖျက်နိုင်သည့်အပြင် ခန္ဓာကိုယ်တွင်း ရောဂါပြီးစနစ်၏ စွမ်းအားများ
ကို ကောင်းစွာတိုးတက်စေသည့်အပြင် အခြားတစ်ပါးသော ရောဂါဘယများ လွယ်ကူစွာ မ၀င်ရောက်နိုင်တော့ပဲ
ရောဂါတို့ကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားနိုင်သည်။
အာယုဗ္ဗေဒ ဆေးကျမ်းတို့တွင် ကျောက်ဖရုံသီးသည် ဆီးကိုများစေ၏။ဆီးအိမ်ကို စင်ကြယ်စေ၏။
နှလုံးကို အကျိုးပြု၏။ကျောက်တည်ခြင်းကို နိုင်၏။လေနှင့်သည်းခြေဖောက်ပြန်ခြင်းကို နိုင်၏။အသီးစိမ်းသည် ဓါတ်သုံးပါးကို နိုင်၏။အသီးမှည့်သည် ဒေါသသုံးပါးကို နိုင်၏။ချောင်းဆိုး၊ပန်းနာရင်ကြပ်၊သံပိုး၊တုတ်ပိုး၊ရောဂါများကို ပျောက်ကင်းစေ၏။ ဒေါသသုံးပါးနိုင်သည့် အပင်သည် အလွန်အစွမ်းထက်သည်။
အသီးရင့်ပြီးမှည့်မှ ကောင်း၏။တေဇော၊ဝါယော ဦးဆောင်မှုများလာ၏။အသီးအသားကို ကြည့်ပါ။အူတိုင်များကြီးထွားလာပြီး အခေါင်းကျယ်လာခြင်း အသားဖြူလာခြင်း တို့ကို တွေ့နိုင်ပါသည်။တေဇော၊အာပေါ၊ဝါယောတို့သည် အဖြူဓါတ်များဖြစ်လာပြီး ဒေါသသုံးပါကို နိုင်ခြင်းဖြစ်၏။
ထို့ကြောင့် ကျောက်ဖရုံသီးရင့်သည် မီးလွန်လေလွန်၊တေဇောလွန်၊ဝါယောလွန်၊အပုပ်အခိုးလွန်သော
စိတ်ရူးသွပ်သောရောဂါအတွက် ကျောက်ဖရုံသီးနှင့် ဝက်သားကိုချက်၍ တဝစားပါ စားပြီးသည်နှင့်
အိပ်ပျော်သွား၏။အထက်သို့တက်နေသော မီးလေအပုပ်အခိုး တို့ကို ငြိမ်းသွားသောကြောင့်ဖြစ်သည်။
ကြက်သားနှင့်ကျောက်ဖရုံသီးသည် အပူအအေး၊အတက်၊အသက်၊အဖွင့်၊အပိတ်၊အပြည့်အဖျက်တို့ညီမျှသော
ကောင်းမွန်သည့် အာဟာရ ဓါတ်စာဖြစ်သဖြင့် လူသားတို့ အား ကောင်းစွာ အကျိုးပြုနိုင်မည်ဖြစ်ပါသည်။
ကျောက်ဖရုံသီးကြက်သားချဉ်ရည်ဟင်း
==================================
ကျောက်ဖရုံသီး ၂စိတ်
ကြက်သား(တောင်ပံ) ၁၀ ကျပ်သား
ငရုတ်သီး ၃ တောင့်
ကြက်သွန်နီ ၃ ဥ
ကြက်သွန်ဖြူ ၁ ဥ
ခရမ်းချဉ်သီး ၃ လုံး
မန်ကျည်းသီးမှည့် သင့်ရုံထည့်ပါ
ဆား။ငံပြာ/ရည် ၂ ကျပ် ၈ ပဲသား
ဆီ ၂ ကျပ် ၈ ပဲသားတို့ကို ချဥ်ရည်ဟင်းချက်သကဲ့သို့ချက်စားပါက ဆီးနှင့်ပက်သက်သောရောဂါများနှင့် အသဲရောင်ရောဂါတို့ကို သက်သာပျောက်ကင်းစေပါတယ်။ တစ်ပတ်တစ်ကြိမ်ချက်စားပြီး ၅ ကြိမ်ခန့်စားပြီးသောအခါ ဓာတ်မှန်ပြန်ရိုက်ကြည့်ပါ အံ့သြဝမ်းသာဖွယ်အဖြေထွက်လာပါလိမ့်မည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်
Comments
Post a Comment