ဂေါက်ရောဂါ(အဆစ်ယောင်ယောဂါ)ကို အစားအစာနဲ့ ကုသမယ်
ဂေါက်ရောဂါ(အဆစ်ယောင်ယောဂါ)ကို အစားအစာနဲ့ ကုသမယ်
🍍🍋🍌🥗🥜🍏🍆🍑🍈🍒🍓🍇🍅🍐🍎
ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ)
🍇ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
🍇ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
🍓ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
🍎သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
🍅အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။
🥗ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာတွေကြောင့်လို့သိရပါတယ်။
📖ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်
➡၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။
➡၂ –🥗 တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။
➡၃ –🥜 ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။
➡၄ –🍏 ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။
➡၅ –🍌 ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။
🔵၆ –🥝 ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။
🔵၇ –🍍 နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
🔵၈ –🥝 သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။
_______________
🛬 Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
➡ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
➡ ၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
➡ ၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
➡ ၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
➡ ၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
➡ ၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
➡ ၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
➡ ၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
➡ ၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
➡ ၁၀ - ရှောက်သီး သံပုရာသီး ၊ သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
➡ ၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကိုတားဆီးပေးနိုင်ပါတယ်။
_________________
⚔ မစားသင့်သည့်အစားအစာများ
⚔1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
⚔2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
⚔3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
⚔4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
⚔5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
⚔6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
⚔7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
⚔8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
⚔9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
#Credit ➡ Original writer
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Comments
Post a Comment