မွန်လူမျိုးစုသမိုင်းနှင့် ရိုးရာလေ့
မွန်လူမျိုး
တိုင်းရင်းသား လူမျိုးစု
မွန်လူမျိုး (မွန်: ဂကူမည်(ဂကူမန်))သည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ လွတ်လပ်ရေးခေတ် မတိုင်ခင်က မွန်တို့ကို တလိုင်းဟု တရုတ်နန်ချောင်တို့က ခေါ်ကြသည်။မြန်မာနိုင်ငံလွတ်လပ်ရေးရမှသာ တလိုင်းမှ မွန်လူမျိုးဟုအမည်ပြောင်းခဲ့သည်။ တစ်ခါက ရာဇာဓိရာဇ် မင်းနှင့် အခြား ဘုန်းတန်ခိုးအာဏာ ကြီးမားသော မင်းများလည်း မွန်လူမျိုးထဲမှ ပေါ်ပေါက်ခဲ့ဖူးပါသည်။ သမိုင်းထဲတွင် မွန်ဘုရင်မကြီး ရှင်စောပုသည်လည်း မြန်မာ့သမိုင်းတွင် တစ်ပါးတည်းသော ဘုရင်မကြီးဖြစ်သည်။ ၎င်း၏သားမက်ဖြစ်သည့် ဓမ္မစေတီမင်းသည်လည်း သာသနာတော် သန့်ရှင်းရေးအတွက် ကြိုးပမ်းခဲ့သူအဖြစ် သမိုင်းတွင် ထင်ရှားပါသည်။
ဦးဖိုးကျား ရေးသော ခေတ်မီ မြန်မာရာဇဝင်အကျဉ်းစာအုပ်မှ.....
အချက်တိုများ မည် မန် မောန်, လူဦးရေ စုစုပေါင်း ...
နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
မွန်-ခမာတို့ အုပ်စုသည် တရုတ်ပြည်တောင်ပိုင်း ယန်စီမြစ်ဝှမ်း (Yangtze Kiang) တွင် စတင်အခြေတည် နေထိုင်ခဲ့သည်ဟု ဆိုသည်။ ပါမောက္ခ G.H.Luce ၏ Old Burma, Early Pagan (1969) စာအုပ်တွင် ဤသို့ ဖော်ပြထားသည်။
မွန်-ခမာ အုပ်စုဝင်
သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းကလည်း အောက်ပါအတိုင်း မှတ်ချက်ချထားသည်ကို တွေ့ရသည်။ "မွန်နှင့် ခမာလူမျိုးတို့ကား မွန်ဂိုလွိုက် အနွယ်ဝင်များ ဖြစ်၍ ဝ၊ ပလောင်၊ ရိယန်တို့မှာ မွန်ဂိုလွိုက်အနွယ်များ ဖြစ်သော်လည်း ဝ တို့၌ တောင်ဘက်အမျိုး (Australoid) ရောနှောမည်ဟု သံသယရှိသည်" ဟု ဆိုထားသည်။
မွန်ရာဇဝင်သမိုင်းတစောင်တွင် မွန်လူမျိုးတို့သည် ရှေးပဝေသဏီအခါက မွန်တိဟု အမည်တွင်လျက် ရှမ်း (စောထိုင် သို့မဟုတ် ထိုင်း)ခမာတို့နှင့်အတူကုန်းမြင့်တောင်တန်းကြီး တလျှောက် မြို့ရွာပြုစု နေထိုင်ကြကြောင်း၊ နောင်ကာလရှည်လျားမှ တောင်ဘက်သို့ ရွှေ့ဆင်း၍ အဆိုပါမြစ်ကြီးတို့၏ အဝရှိ အရပ်ဒေသတို့တွင် နေထိုင်ကြသည်" ဟုဆိုသည်
ခမာတို့သည်ယိုးဒယားတို့နှင့်စစ်ဖြစ်သောအခါ ခမာမျိုးနွယ်စုဝင်မွန်တို့သည်လည်း စစ်ရှုံး၍စစ်ပြေးရင်းမြန်မာပြည်အောက်ပိုင်းသို့ချည်းနှင်းဝင်ရောက်နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးတို့၏ အစဦး မင်းနေပြည်တော်သည် မဂဒူး ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့၏ မင်းနေပြည်တော်မှာ လန်ဖန်း (ယခုထိုင်းနိုင်ငံ မြောက်ပိုင်း) ဖြစ်သည်။
ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာ ဆုံးခန်းတိုင် ပျက်စီးခြင်းသို့ ရောက်ရသော်လည်း ခမာတို့မှာမူ ထိုင်းတို့နှင့် သမိုင်းတလျှောက် စစ်ပြုကာ ဆက်လက်နေထိုင်နိုင်ခဲ့ပြီး ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံအဖြစ် ရပ်တည်နေနိုင်သေးသည်။ မြန်မာနိုင်ငံရှိ မွန်တို့မှာ ပုဂံ အင်အားနည်းချိန်တွင် မဂဒူးမင်းဆက်ကို ထူထောင်ကာ မုတ္တမကို ဗဟိုပြုကာ ပြန်လည်ဦးမော့ခဲ့သော်လည်း ရှေးမွန်တို့၏ မြင့်မားခြင်းကို ပြန်မရနိုင်တော့ပေ။ နောက်ပိုင်းတွင် ဟံသာဝတီ (ပဲခူး) မှာ မင်းနေပြည်တော် ဖြစ်လာခဲ့သည်။ မွန်လူမျိုးတို့သည် (၉) ရာစုမှ (၁၁) ရာစု၊ (၁၃)ရာစုမှ (၁၆)ရာစုအထိနှင့် (၁၈)ရာစုတွင် နှစ်အပိုင်းအခြား တိုတောင်းသည့် ကာလများအတွင်း မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။
ရှေးဟောင်းမွန်လူမျိုးများ
ရှေးဟောင်း ပျူလူမျိုးများ ထက်နောက်ကျမှ မြန်မာနိုင်ငံ မှ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာကို ရရှိသောလူမျိုး တစ်မျိုးမှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး ဖြစ်သည်။ အရှေ့အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ ဖြစ်ကြသည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက်တို့က အာရှတိုက် တောင်ပိုင်းဒေသများသို့ဝင်ရောက်လာသည့် မောင်းဂွတ် အနွယ်ဝင်များဟု ဆိုကြသည် သို့သော် တိဗက် တရုတ်နှင့် ထိုင်း တရုတ် အနွယ်ဝင်များနှင့် မဆိုင်ပဲ ဩစထရို အေရှတစ်အုပ်စုဝင် လူမျိုးနွယ်များ အဖြစ် မွန် ခမာလူမျိုးများအား သတ်မှတ်ကြသည်။
အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေတဝိုက်ရှိ မွန်းဒတ်စ် လူမျိုးများ၊ ဘင်္ဂလားနယ်ရှိ ဆန်သာလ် လူမျိုးများ၊ အာသံနယ်ရှိ ခါဆီးလူမျိုးများ၊ မြန်မာနိုင်ငံရှိ ပလောင်၊ ဝ၊ မွန်လူမျိုးများသည် မူလက လူမျိုးတမျိုးတည်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။ သို့သော် အာရှ တိုက်တောင်ပိုင်းသို့ ဝင်ရောက်လာကြရင်း အိန္ဒိယ၊ မြန်မာ၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသများသို့ ပြန့်နှံ့သွားကြသည်ဟု သမိုင်း သုတေသီများက ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက် မလာခင်က ၎င်းတို့နှင့် အနွယ်တူ ခမာလူမျိုးများနှင့် အတူ အင်ဒိုချိုင်းနား တဝိုက်တွင် နေထိုင်ခဲ့ကြကြောင်း သမိုင်းဝင် အထောက်အထားများ တွေ့ရှိရသည်။ ယိုးဒယား (ထိုင်း) များမှာ ၁၃ ရာစု လောက်ကမှ ဝင်ရောက်နေထိုင်ကြသည်။
အင်ဒိုချိုင်းနားကျွန်းဆွယ် မဲနမ်မြစ်ဝှမ်းဒေသတဝိုက်တွင် ရှေးဟောင်း မွန်လူမျိုးများနှင့် သက်ဆိုင်သည့် မြို့ဟောင်းမြို့ပျက်များ၊ ဘာသာ ကိုးကွယ်မှု ဆိုင်ရာ ရှေးဟောင်း ကျောက်စာများကို တွေ့ရှိရသည်။ မွန်ရာဇဝင်ဟောင်းများ၌ မဲနမ်မြစ်ဝှမ်း မြောက်ပိုင်းဒေသကို ယောနကတိုင်း-ဟရိပုဉ္စပြည်နယ်၊ တောင်ပိုင်းဒေသကို အယဇ္ဈယတိုင်း-ဒွါရဝတီပြည်နယ်ဟု ရေးသားဖော်ပြသည် ရှေးဟောင်း မွန်လူမျိုးများသည် အိန္ဒိယ တောင်ပိုင်း ဒေသများနှင့် ကူးလူးဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှုများကိုလက်ခံကျင့်သုံးခဲ့ကြသည်။
၃ ရာစု ဝန်းကျင် လောက်တွင် ဗီယက်နမ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် စမ္ပပြည်နယ်နှင့်လည်းကောင်း၊ ၅ ရာစု လောက်တွင် စတင် တည်ထောင် ၍ ၁၃ ရာစုခန့်အထိ အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် အရှေ့အာရှတိုက် တောင်ပိုင်းတွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ၏နိုင်ငံတော်ကြီးနှင့် ရှေးဟောင်းမွန်လူမျိုးများသည် ဆက်သွယ်မှုများ ရှိခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုးများသည် မဲနမ်မြစ်ဝှမ်းဒေသ တဝိုက်တွင် နှစ်ကာလများစွာ နေထိုင်ပြီးမှ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ ဖြစ်သည့် တနင်္သာရီ ဘက်သို့ ပြန့်နှံ့ဝင်ရောက်လာကြသည်။ ထို့နောက် ဧရာဝတီမြစ်ဝှမ်းများနှင့်၊ စစ်တောင်း၊ မြစ်ဝကျွန်းပေါ်၊ ပဲခူးဘက်သို့ ပြန့်နှံ့လာပြီး ၉ ရာစုနှစ်ခန့်တွင် ဥဿာပဲခူးပြည်နှင့် မာလမင်းဆက်ကို ထူထောင်ကြသည်။[ကိုးကားချက်လိုသည်]
ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက် ထူထောင်ရန် ကြိုးပမ်းအားထုတ်ကြသည့် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချိုလာမင်းဆက် ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများအကြောင်း မွန်ရာဇဝင်များ၌ ရေးသားထားသည်။ ၁၀ ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖော်ပြထားသည်။
ခမာ လူမျိုးတို့၏ ကမ္ဗောဒီးယားနိုင်ငံ တန်ခိုးကြီးမားခဲ့စဉ်က မွန်လူမျိုးတို့၏ မြို့ပြ ပြည်နယ်များကို ယင်းတို့နိုင်ငံ၏ အစိတ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက်တွင် ပျူမြန်မာဥဿပဲခူးအား မဲနမ်မြစ်ဝှမ်းမှ ဂျွန်း (ဂျွမ်း) စစ်သည်များ လာရောက် တိုက်ခိုက်၍ အနော်ရထာဘုရင်၏ တပ်များက သွားရောက် ကူညီရကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကိုလည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။ရှေးဟောင်း မွန်လူမျိုးများသည် ထိုင်းနိုင်ငံဒွါရဝတီကို ရောက်ရှိလာပြီး ရာစုနှစ် အနည်းငယ်အတွင်း ပြန့်နှံ့သွားကြသည်။
၁၄ ရာစုခန့်တွင် မွန်လူမျိုးတို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ်နေခြင်းအား စတင်ထူထောင်သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင်က ပထမဦးဆုံးအကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ မွန်လူမျိုးတို့၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာနှင့် ယဉ်ကျေးမှုများအား လေ့လာတွေ့ရှိချက်တွင် ဗြဟ္မဏနှင့် မဟာယနများ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများနှင့် ရောနှော တွေ့ရှိရသည်။ ဗိသုကာ နည်းပညာမှာ ပျူမြန်မာတို့ရဲ့ နည်းပညာကို တုပ၍ ပျူမြန်မာစာပေကို ကူးယူ၍ သုံးစွဲပြီး အက္ခရာ အရေးအသားမှာ အိန္ဒိယနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းဒေသသုံး ပလ္လဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
မွန်လူမျိုးတို့သည် AD 15ရာစုမှ မဂဒူး ထီးနန်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် နေကြသူများဖြစ်သည်။[ကိုးကားချက်လိုသည်] မြန်မာလူမျိူးတို့၏ကနုတ်များဖြင့် ချယ်လှယ် ထားသော ရွှေဟင်္သာ သည် မွန်လူမျိုးများ၏ အထိမ်းအမှတ် အမှတ်အသားတစ်ခုဖြစ်သည်။ မွန်နိုင်ငံ တည်ရှိရာ ဒေသကို ရာမညဒေသ ဟုလည်းခေါ်ဆိုခဲ့ကြသည်။
ကိုးကွယ်ယုံကြည်မှု
မွန်လူမျိုးအများစုသည် ထေရဝါဒဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။
စာပေ
မွန်လူမျိုး ကို မွန်ဘာသာဖြင့် ဂကူမန် ဟုရေးသားသည်။ မွန်စာပေတွင် ဗျည်း (၃၅) လုံးရှိပြီး၊ သရ (၁၂) လုံး ရှိသည်။
မွန်စာပေသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း စတင်တွေ့ရသည်။ အိန္ဒိယတောင်ပိုင်း ပလ္လဝလူမျိုးတို့၏ ပလ္လဝအက္ခရာကို အခြေခံ၍ မွန်စာကို တီထွင်ခဲ့ကြသည်။ သထုံခေတ်တွင် မွန်စာပေ ကောင်းစွာ ထွန်းကားနေပြီဖြစ်ကြောင်း သုဝဏ္ဏဘူမိ ဝန်းကျင်တွင် တွေ့ရှိရသော မွန်ကျောက်စာများက ဖော်ပြနေသည်။ ယိုးဒယားနိုင်ငံတောင်ပိုင်း ပရပထုံကျောက်စာကိုကြည့်၍ ခရစ်နှစ် ၅ ရာစုခန့်တွင် မွန်တို့ မွန်စာကို ကောင်းစွာရေးတတ် ဖတ်တတ်နေပြီဖြစ်ကြောင်း သိနိုင်သည်။
မွန်စာပေသမိုင်းကို ဆန်းစစ်မည်ဆိုလျှင် ကျောက်စာ၊ မင်စာ၊ အုတ်ခွက်စာ၊ ခေါင်းလောင်းစာ၊ စဉ့်ကွင်းစာ၊ အင်္ဂတေစာ၊ ပုရပိုဒ်စာ၊ ပေစာ၊ ပုံနှိပ်စာ စသည်ဖြင့် ပုံစံအမျိုးမျိုးတွေ့ရှိနိုင်သည်။ ပိဋကတ်တော်ဆိုင်ရာကျမ်း၊ ရာဇာဝင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊ ပျို့ကဗျာလင်္ကာကျမ်း၊ ပုံဝတ္ထုများ၊ စကားပြေအရေးအသားများ စသည်ဖြင့် စုံလင်လှသည်။
မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခုဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူသော်လည်း အရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ တစ်သန်းထက်နည်းသောသူများက ပြောဆိုလျက်ရှိကြသည်။ မကြာသေးမီနှစ်များကမွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာကျဆင်းလျက်ရှိသည်။ မွန်မျိုးနွယ် အများစုသည် ဗမာဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုကြသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။
မွန်-မြန်မာ စာပေယဉ်ကျေးမှု ပေါင်းကူး
မွန် နှင့် ဗမာတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုပေါင်းကူးချိန်သည် မွန်နှင့် မြန်မာတို့ ကျောက်ဆည် နယ်တွင် ဆုံတွေ့၍ အတူတကွ နေထိုင်ခဲ့သောအချိန်မှ စတင်ခဲ့သည်။
ထိုအချိန်အတွင် မွန်တို့သည် မြေပြန့်လွင်ပြင်တွင် လယ်ယာလုပ်ငန်းဖြင့် အေးချမ်းသာယာစွာ နေထိုင်ခဲ့သည်မှာ အနှစ်သုံးထောင်ခန့်ပင် ကြာညောင်းခဲ့ပြီး၍ ယဉ်ကျေးမှုအရာတွင် အလွန်မြင့်မား နေပါသည်။ မွန်တို့၏ အချက်အချာနိုင်ငံဖြစ်သော ဒွါရဝတီနိုင်ငံသည်လည်း တန်ခိုးကြီးမားနေချိန် ဖြစ်သည်။ ထို့ပြင် မွန်တို့သည် ထေရဝါဒဗုဒ္ဓဘာသာ ပိဋကတ်တော်များနှင့်တကွ စာပေအရေးအသားများကိုပါ ပိုင်ဆိုင်ထားကြပြီးဖြစ်၍ စိတ်သဘောထား နူးညံ့သိမ်မွေ့နေသူများ ဖြစ်ကြပေသည်။
ရန်ကုန်တက္ကသိုလ်တွင် သမိုင်းပါမောက္ခအဖြစ် ထမ်းဆောင်ယင်း ပြည်ထောင်စုသားများကြားတွင် နှစ်ပေါင်းများစွာနေထိုင်ကာ ကျန်စစ်သားမင်း၏ မွန်ကျောက်စာ (၁၂) တိုင်ကို ဖတ်၍ အက်ပီဂရပ်ဖီယာဗားမင်နီကာ ခေါ် မြန်မာကျောက်စာပေါင်းချုပ် စာအုပ်ကို တည်းဖြတ်ပြုစုပေးခဲ့သော အလွန်လေးစားအပ်သည့် ပါမောက္ခချုပ်၏ ယူဆချက်သည်လည်း ဒေါက်တာသန်းထွန်း၏ ယူဆချက်နှင့် ထပ်တူထပ်မျှပင်ဖြစ်သည်။
အနုပညာ ယဉ်ကျေးမှု
မွန်တို့သည် ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရန်၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း စသည့် ပန်း ၁၀ မျိုး အတတ်နှင့် အဆောက်အဦးများ တည်ဆောက်ခြင်း၊ အင်္ဂတေရုပ်လုံးများ ထွင်းထုခြင်း စသည့် လက်မှုပညာများကို သထုံခေတ်တွင် ကောင်းစွာ တတ်မြောက်နေပြီဖြစ်သည်။ သထုံဝန်းကျင်တွင် ဂဝံကျောက်ဆစ် လက်ရာများ ကျန်ရစ်နေသည်ကို ယခုတိုင် တွေ့မြင်နိုင်သည်။ ကျောက်သင်ပုန်းလုပ်ငန်းသည် မွန်တို့၏ လက်မှုပညာတစ်ခု ဖြစ်သည်။
တူရိယာ
မွန်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု တူရိယာမှာ မိကျောင်း(တူရိယာ) ဖြစ်သည်။
ထင်ရှားသော မွန်လူမျိုးများ
ရှၚ်ဗုဒ္ဓဃောသ(ရာမညပုတ္တော ဗုဒ္ဓဃောသော) - ပိဋကတ်သုံးပုံကို သီဟိုဠ်ဘာသာမှ ပါဠိသို့ဘာသာပြန်သူ
ရှင်အရဟံ - ဗုဒ္ဓသာသနာသန့်ရှင်း ထွန်းလင်းစေသူ
မနူဟာမင်း (ခေါ်) မကုဋ- သုဝဏ္ဏဘူမိ သထုံမွန်မင်းဆက်၏ ၂၅ဆက်မြောက်မင်း
ရာဇာဓိရာဇ် (ခေါ်) ဗညားနွဲ့ - ဟံသာဝတီမွန်မင်းဆက်၏ ၉ဆက်မြောက်မင်း၊ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်၏ အထင်ကရစစ်ဘုရင်
အမတ်ဒိန် - ရာဇာဓိရာဇ်ဘုရင်၏ အတိုင်ပင်ခံအမတ်ကြီး
ရှင်စောပု - မွန်ဘုရင်မကြီး
ဓမ္မစေတီမင်း (ခေါ်) ရာမာဓိပတိ- ဗုဒ္ဓဘာသာသာသနာတော် အတွက်ကြိုးပမ်းမှုများကြောင့် ထင်ရှားသော မွန်ဘုရင်
သမိန်ဗရမ်း - မွန်သူရဲကောင်း
အမတ်ကြီး ဗညားဒလ - ဒုတိယမြန်မာနိုင်ငံတော်တည်ထောင်သူဘုရင့်နောင်၏ အတိုင်ပင်ခံဝန်ကြီးချုပ်၊ အဂ္ဂမဟာသေနာပတိ
ရှင်မဟာရဋ္ဌသာရ - အင်းဝခေတ်စာဆိုတော်ရဟန်း
ဗုဒ္ဓ ယော့ဖာ စုဠာလောက (ရာမ၁) - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူဘုရင်
အမရိန္ဒြာ - ထိုင်းဘုရင့်နိုင်ငံ၏ ချက္ကရီမင်းဆက် တည်ထောင်သူ ရာမ(၁)ဘုရင်၏ မိဖုရားခေါင်ကြီး၊ ရာမ(၂)ဘုရင်၏ မယ်တော်
ဗညားဒလ - ဒုတိယဟံသာဝတီမင်းဆက်၏ နောက်ဆုံး ဘုရင်
မိတလထော - ဟံသာဝတီ တိဿရာဇာမင်းမိဖုရား
မကုဋ (ခေါ်) မောင်းကွတ် - ထိုင်းဘုရင့်နိုင်ငံ ချက္ကရီမင်းဆက်၏ ၄ဆက်မြောက်မင်း၊ ထိုင်းနိုင်ငံကိုခေတ်မှီအောင်အစပြုခဲ့သူ
မောင်ထော်လေး - စစ်ကဲ
ဦးနာအောက် - ကိုလိုနီခေတ် မီးသင်္ဘောသူဋ္ဌေး
ဆာဦးသွင် - ကိုလိုနီခေတ် သူဌေးကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းကို စတင်တည်ထောင်သူ
ဆာဂျေအေမောင်ကြီး - ကိုလိုနီခေတ် မြန်မာလူမျိုး ပထမဆုံး ဘုရင်ခံ
မြန်မာ့ ပထမဆုံး အနောက်တိုင်းဆရာဝန် ဒေါက်တာရှောလူး
မြန်မာနိုင်ငံ၏ ပထမဆုံး ကာယဗလလေ့ကျင့်သူ ဒေါက်တာဝေါ်လတာချစ်ထွန်း
မြန်မာနိုင်ငံ၏ ပထမဆုံး ပါရဂူ ဒေါက်တာဘဟန်
မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်
မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး မင်းတိုင်ပင်အမတ် ဒေါ်နှင်းမြ
မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ
ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူ မင်းသုဝဏ် ( မြန်မာနိုင်ငံ၏ သမ္မတ ဦးထင်ကျော်၏ ဖခင်)
ဇာဂနာ - ရုပ်ရှင်နှင့် သဘင်ပညာရှင်
ထူးအိမ်သင် - တေးရေးတေးဆို
မျိုးကျော့မြိုင် - တေးရေးတေးဆို၊ မြန်မာ့ ဟစ်ဟော့လောကကို စတင်ခဲ့သူ
ဗညားနိုင် - အိုင်းရင်းခရော့စ် (Iron Cross) တီးဝိုင်းအဖွဲ့ဝင်
မင်းကိုနိုင် - ကျောင်းသားခေါင်းဆောင်
ဦးမြင့်ဆွေ - ဒုတိယ သမ္မတ
အာနန်ပန်ယာချွန် - ထိုင်းဝန်ကြီးချုပ်
နန္ဒာလှိုင် - မြန်မာရုပ်ရှင်မင်းသမီး
နက်သာပွန်တီမီရက် - ထိုင်းရုပ်ရှင်မင်းသမီး၊ Taew ဟု နိုင်ငံတကာတွင်ကျော်ကြားသူ
အိချောပို - သရုပ်ဆောင်၊ မော်ဒယ်
အာဘွိုင်း - ဟစ်ဟော့အဆိုတော်
မိစန္ဒီ - အမျိုးသမီးဟစ်ဟော့အဆိုတော်
မွန်အလံများ
(အလာံဂကူမန်)
မြန်မာနိုင်ငံရှိမွန်အမျိုးသားအလံ
မြန်မာနိုင်ငံရှိမွန်အမျိုးသားအလံ
ထိုင်းနိုင်ငံရှိမွန်အမျိုးသားအလံ
ထိုင်းနိုင်ငံရှိမွန်အမျိုးသားအလံ
မွန်ဘုရင်အလံ အေဒီ၂၄၁-၂၁၈
မွန်ဘုရင်အလံ အေဒီ၂၄၁-၂၁၈
မွန်ဘုရင်အလံ
မွန်ဘုရင်အလံ
မွန်ဘုရင်အလံ- အေဒီ ၁၁၁၆
မွန်ဘုရင်အလံ- အေဒီ ၁၁၁၆
မွန်ပြည်နယ်အလံ
မွန်ပြည်နယ်အလံ
Source - Wikipedia & Google
#thuyatun11363
Comments
Post a Comment