ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ
ဆေးဖက်ဝင် ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ
အလွန်ဆေးဖက်ဝင်တဲ့ ဖလံတောင်ဝှေးပင်ကို အသုံးပြုစားသုံးနည်းအချို့
➡ အမျိုးသမီးရောဂါများဖြစ်သော သားအိမ်လျှော၊ သားအိမ်ကျ၊ သားအိမ်အောင့်ခြင်းနှင့်
➡ အမျိုးသားရောဂါများဖြစ်သော အူကျခြင်း၊
တိုနာရောဂါတို့အတွက် ဖလံတောင်ဝှေးဥကို အ
ခြောက်လှန်း အမှုန့်ပြု၍ အုန်းဆီနှင့်ရောဖျော်ပြီး စအိုနှင့် ဆီးခုံစပ်ပေါ်တွင်လိမ်းထားခြင်းဖြင့် သက်သာစေပါတယ်။
➡ အမျိုးသမီး(အပျိုကြီး)တွေမှာ အဖြစ်များတဲ့ ရင်သားအဆီကျိတ်အတွက် ဖလံတောင်ဝှေးအနု့အရင့်နှင့်ဥတို့ကို ထုထောင်းပြီး အကျိတ်ပေါ်အုံပြီး ပတ်တီးစည်းထားပေးလျှင် အကျိတ်ကြေစေပါတယ်။
တစ်နှစ်မှတစ်ရာသီသာပေါ်တဲ့ ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်ကျွေးချင်တယ်ဆိုရင်ဖြင့်-
၁။ နို့တိုက်မိခင်များဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း၊ နို့ပူခြင်း၊ နို့ချောင်းပိတ်ခြင်း၊ နို့အနာပေါက်ခြင်း၊ သကျည်းကိုက်ခြင်းစတဲ့ ပြဿနာများအတွက် ဖလံတောင်ဝှေးကို မကြာခဏ ဟင်းခါးချက်သောက်ပါ။
၂။ နှမ်းဆီစစ်စစ်ဖြင်ကြော်စားပါက ချောင်းဆိုးရောဂါနှင့် နှလုံးအားနည်း၍နှလုံးတုန်ရောဂါတို့ကို သက်သာပျောက်ကင်းစေပါတယ်။
၃။ ငါးခူနှင့်ရောချက်စားပါက ကာမအားကိုတိုးပွားစေပါတယ်။
၄။ ငါးသိုင်း သို့မဟုတ် ပုဇွန်နှင့်ရောချက်စားပါက သွေးဝမ်းရောဂါပျောက်ကင်းစေပါတယ်။
၅။ အမဲသားနှင့်ချက်စားပါက ဆီးရွှင်၍ ကျောက်ကပ်ကိုကျန်းမာစေပါတယ်။
၆။ ရေကြက်သားနှင့်ချက်စားပါက ဆီးကျောက်တည်၊ ဆီးပူ၊ ဆီးအားနည်း၊ ဆီးကျန်၊ ဆီးဝါခြင်းတို့ကို ပျောက်ကင်းစေပါတယ်။
၇။ ပုဇွန်စုတ်ဖွား(ပုဇွန်စိတ်) လေးများနှင့်ကြော်စားပါက လိပ်ခေါင်းသွေးကြခြင်းကို သက်သာစေပါတယ်။
၈။ ကင်ပွန်းချဥ်ရွက်နှင့်ကြော်စားပါက ဆံဖြူခြင်းနှင့် သွေးဆုံးကိုင်ဝေဒနါကို သက်သာစေပါတယ်။
၉။ ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝသောကြောင့် မကြာခဏချက်စားပေးပါက ဝမ်းချုပ်ခြင်းမဖြစ်စေတော့ပါ။
၁၀။ အမျိုးသားများဒူလာရောဂါအတွက် ဖလံတောင်ဝှေး အပင်နှင့်အမြစ် လက်တစ်ဆုပ်စာကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း ဖလံတောင်ဝှေးအမြစ် ဥကို ချင်း သကြားတို့နှင်ရောကြို၍ တစ်နေ့နှစ်ကြိမ်သောက်ပေးပါက သက်သာပျောက်ကင်းစေပါတယ်။
၁၁။ အထိုင်များ၍ခါးနာတတ်သူများနှင့် ဆီးချိုကြောင့်ကျောက်ကပ်ပျက်စီးသူများအတွက် ဖလံတောင်ဝှေးကို ပဥ္စငါးပါး(အပွင့် အရွက် ပင်စည် အမြစ် ဥ)တို့ကို ငရုတ်ကောင်း နှစ်စေ့ထည့်၍ ဆူပွက်နေအောင်ကြိုချက်သောက်သုံးပေးပါက သက်သာပျောက်ကင်းစေပါတယ်။
၁၂။ နာလန်ထကာစလူနာများအတွက် ဖလံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြု၍ ပျားရည် ၊ ထောပတ်နှင့်တေ၍ ညအိပ်ယာဝင်ခါနီးတိုင်း တစ်ဇွန်းနှစ်ဇွန်းစားပေးပါက အလျှင်မြန်ခွန်အားပြည့်စေပါသည်။
#thuyatun11363
Comments
Post a Comment