အမျိုးသမီးဆိုင်ရာရောဂါများအတွက် မြန်မာဆေးနည်းတိုများ စုစည်းမှု့

 အမျိုးသမီးဆိုင်ရာရောဂါများအတွက် မြန်မာဆေးနည်းတိုများ စုစည်းမှု့



အမျိုးသမီး ကျန်းမာရေး

မီးယပ်သွေးဆုံးမှုကြောင့် ကိုက်ခဲနာကျင်မှုအကြောင်းသိကောင်းစရာများ။

🍎 အမျိုးသမီးများ ရာသီဓမ္မတာလာခြင်းမရှိတော့ဘဲ ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိတော့သော အခြေအနေကို မီးယပ်သွေးဆုံးခြင်းဟု သတ်မှတ်ပါသည်။ ထိုအခြေအနေတွင် Oestrogen ဟုခေါ်သော အမျိုးသမီးဟော်မုန်းများ လျော့နည်းလာတတ်ပါသည်။

အမျိုးသမီးအများစုသည် အသက်( ၄၅ ) မှ ( ၅၅ ) ဝန်းကျင်တွင် မီးယပ်သွေးဆုံးသော အခြေအနေ ဖြစ်တတ်ကြပါသည်။ ထိုသို့ မီးယပ်သွေးဆုံးသောအခါ အဖြစ်များသော မီးယပ်သွေးဆုံးလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


🚺  ညအိပ်ချိန်တွင် ချွေးထွက်များခြင်း

🚺  ခန္ဓာကိုယ် ပူလိုက်အေးလိုက်ခံစားရခြင်း

🚺  အရိုးအဆစ် နာကျင်ကိုက်ခဲခြင်း

🚺  ကြွက်သား နာကျင်ကိုက်ခဲခြင်း

🚺  ခန္ဓာကိုယ်အလေးချိန် တက်လာခြင်း

🚺  ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်း

🚺  ခေါင်းကိုက်ခြင်း

🚺  မူးဝေခြင်း

🚺  ပျို့ခြင်း

🚺  မှတ်ဉာဏ်ကျဆင်းခြင်း

🚺 ဆံပင်ကျွတ်ခြင်း

🚺  အရေပြားခြောက်သွေ့ခြင်း

🚺  စိတ်တိုလွယ်ခြင်း

🚺  စိတ်အတက်အကျမြန်ခြင်း

🚺  စိတ်ကျရောဂါဖြစ်ခြင်း

🚺  ဝမ်းဗိုက်ကယ်ခြင်း

🚺  ပါးစပ်ခြောက်ခြင်း

🚺  နှလုံးခုန်နှုန်းမမှန်ခြင်း

🚺  အိပ်မပျော်ခြင်း စသည်ရောဂါလက္ခဏာများ တွေ့ရှိရတတ်ပါသည်။

➡ Oestrogen နှင့်  Progesterone စသော ဟော်မုန်းများသည် အမျိုးသမီးများမီးယပ်သွေးဆုံးချိန်တွင် ကျဆင်းလာပါသည်။ ထိုဟော်မုန်းများသည် ရောင်ရမ်းခြင်းဝေဒနာကို လျော့နည်းစေနိုင်သော အာနိသင်ရှိသောကြောင့် ၎င်းတို့လျော့နည်းသွားသောအခါ ကြွက်သားနှင့် အရိုးအဆစ် နာကျင်ကိုက်ခဲခြင်းဝေဒနာများ ပိုမိုဆိုးရွားလာရခြင်း ဖြစ်ပါသည်။


 အောက်ပါနည်းလမ်းများဖြင့် မီးယပ်သွေးဆုံးခြင်းကြောင့် နာကျင်ကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။

၁။  နေ့စဉ် ရေနွေးဖြင့် ရေချိုးပါ။

      ရေနွေးဖြင့် ရေချိုးခြင်းသည် အရိုးအဆစ် နာကျင်ခြင်းအပါအဝင် အခြား နာကျင်ကိုက်ခဲခြင်းများကို လျော့ပါးသက်သာစေနိုင်သော အာနိသင်ရှိကြောင်း တွေ့ရှိရပါသည်။

၂။   ရေနွေးအိတ်ဖြင့် ကပ်ပေးပါ။

နာကျင်ကိုက်ခဲသော အရိုးအဆစ်များ၊ ခါးနှင့် နောက်ကျော၊ ကြွက်သားများ အပေါ်တွင် ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းဝေဒနာကို များစွာသက်သာစေမှာ ဖြစ်ပါသည်။

၃။  တရားထိုင်ခြင်း။

                  တရားထိုင်ခြင်းဖြင့် မီးယပ်သွေးဆုံးချိန်တွင် အမျိုးသမီးများကြုံတွေ့ခံစားရသော စိတ်ဖိစီးမှုများနှင့် အိပ်မပျော်ခြင်းလက္ခဏာများကို လျော့ပါးစေရန် အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိရပါသည်။

၄။  ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

                  မီးယပ်သွေးဆုံးခြင်းကြောင့်ဖြစ်သော နာကျင်ကိုက်ခဲခြင်းသည် မနက်အိပ်ရာထသော အချိန်များတွင် ပိုမိုပြင်းထန်တတ်ကြောင်း တွေ့ရှိရပါသည်။

ရေကူးခြင်း၊ စက်ဘီးစီးခြင်းစသော အားကစားလေ့ကျင့်ခန်းများကို  ပုံမှန်ပြုလုပ်ခြင်းဖြင့်လည်း နာကျင်ကိုက်ခဲခြင်းများကို သက်သာစေနိုင်ပါသည်။

၅။  အာဟာရပြည့်၀သော အစားအစာများကို စားပါ။

မဂ္ဂနီဆီယမ်၊ ဇင့်နှင့် ကယ်လ်ဆီယမ် စသော အာဟာရဓာတ်များသည် မီးယပ်သွေးဆုံး နာကျင်ကိုက်ခဲခြင်းအတွက် အလွန်အရေးပါသော အာဟာရဓာတ်များဖြစ်ကြပါသည်။

ထို့ကြောင့် အာဟာရဓာတ် လုံလောက်ပြည့်၀စွာ စားသုံးခြင်းသည်လည်း အရိုးအဆစ်များနှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေရန် အလွန်အရေးပါသော အချက်တစ်ချက်ဖြစ်ပါသည်။

၆။  မကြာခဏ အနားယူပါ။

                  အချိန်နာရီကြာမြင့်စွာ မတ်တပ်ရပ်၍ အလုပ်လုပ်ရသောသူများအနေနှင့် နားချိန်များတွင် လုံလောက်စွာ အနားယူပေးရန် လိုအပ်ပါသည်။ သို့မှသာ နာကျင်ကိုက်ခဲခြင်းလက္ခဏာများ ပိုမိုဆိုးရွား လာခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

၇။  ညဘက်တွင် ကောင်းစွာအိပ်စက် အနားယူပါ။

                  ညဘက်တွင် လုံလောက်ပြည့်၀စွာ အိပ်စက်အနားယူခြင်းသည်  စိတ်ဖိစီးမှုများအား လျော့နည်းစေသည့်အတွက် နာကျင်ခြင်းများကို သက်သာစေရန် ကူညီပေးပါသည်။

၈။  ယောဂလေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

                  တရားထိုင်ခြင်းနည်းတူ ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်းသည်လည်း မီးယပ်သွေးဆုံး အမျိုးသမီးများခံစားရသော စိတ်ဖိစီးမှုများကို ကောင်းစွာလျှော့ချပေးနိုင်ပါသည်။

ထို့အတူ အရိုးအဆစ်များ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကိုလည်း သက်သာ စေနိုင်ကြောင်း တွေ့ရှိရပါသည်။

၉။  ခန္ဓာကိုယ်အလေးချိန်မတက်စေရန်ထိန်းသိမ်းပါ။

                  ခန္ဓာကိုယ်အလေးချိန်တက်လာသောအခါ အရိုးအဆစ်များ ( အထူးသဖြင့် ဒူးဆစ်များ၊ ခြေချင်းဝတ် အဆစ်များ၊ ပေါင်ရိုး အဆစ်များသည်) ခန္ဓာကိုယ်၏အလေးချိန်ကို ထမ်းထားရသောကြောင့် ပို၍ နာကျင်ကိုက်ခဲ‌တတ်ပါသည်။ ထို့ကြောင့် အရိုးအဆစ် နာကျင်သောသူများသည် ခန္ဓာကိုယ်အလေးချိန် မတက်စေရန် ထိန်းသိမ်းထားသင့်ပါသည်

မြန်မာဆေးနည်းတိုများ

၁ - မီးယပ်သွေးဆင်းချိန် မူးဝေလျှင် ရှောက်သီးနဲ့ ထန်းလျက်ကို ရောစားပါ။


၂ - အမျိုးသမီးများ မီးယပ်ဖြူဆင်းလျှင် အဝေရာ(ခ)ဘောစကိုင်းရွက်ကို မကြာခဏသုတ်စားပါ။အရွက်များကို ပြုတ်၍ မကြာခဏ တို့စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်းများ မကြာခဏ စားသုံးပေးပါက ကိုယ်ဝန်ပျက်ကျတတ်သော အမျိုးသမီးများ ကိုယ်ဝန်ပြန်လည် ရရှိစေသည်။ ကိုယ်ဝန်ပျက်ကျခြင်းမှလည်း ကာကွယ်ပေးပါသည်။


၃ - သွေးဝမ်းလွန်ခြင်းဖြစ်လျင် - ထမင်းခြောက်ကိုလှော်ပြီး ထန်းလျက်နဲ့ညက်အောင် ကြိတ်စားပါ။


၄ -အမျိုးသမီးများ အဖုအကျိတ်ပေါက်လျှင် - လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍ အကျိတ်ပေါ် အုံပြီး ပတ်တီးစည်းပါ။


၅ - ဓမ္မတာလွန်ခြင်းအတွက် ဆေးနည်းတို➡

ပန်းလည်းပွင့်ခြောက် (ပရဆေးဆိုင်မှဝယ်) ပြုတ်သောက်ရင် ရက်ရှည်သွေးဆင်းတာ ရပ်ပါတယ်။ ရေနွေးကြမ်း အဖန်ရည် မတ်ခွက်တစ်လုံးမှာ သကြားသုံးဇွန်း ထည့်ဖျော်သောက်ပါ။ နံနက်ရေမချိုးမီ ဆန်ဆေးရည် အကြည် တစ်ဖန်ခွက် သောက်ပါ။ မီးကွင်းဂမုန်းရွက်ကို အသုတ် ပြုလုပ်စားပါ။ 

၆ - ဧကရာဇ်ရွက်၊ အပွင့်၊ တရုတ်စံကားပွင့်များ ပြုတ်ပြီး အသုတ်ပြုလုပ်စားပါက သွေးအေးပြီး သွေးပူဆင်း ဝေဒနာများ သက်သာစေနိုင်သည်။

၇ - ဆင်ငိုမြက်ကို ပဥ္စငါးပါး သုံးခွက်တစ်ခွက်တင်ကြိုပြီး တစ်နေ့ မနက် ည လက်ဖက်ရည်ပန်ကန်တစ်လုံးဝေါက်ပေးပါက သာအိမ်အရည်အိတ်သေးလာပြီး အရှင်းပျောက်ကင်းပါသည်။ သားအိမ်အရည်အိတ်အခြေအနေရှိလူနာများသည် Paragis လက်ဖက်ရည်ကိုနေ့စဉ်သောက်သုံးခြင်းဖြင့် cyst လုံးဝပျောက်ကွယ်သွားကြောင်း သက်သေပြခဲ့သည်။


ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

တဆင့်ပြန်လည်စုစည်းဖော်ပြပေးပါသည် ၊ ဆက်လက်

တင်ပြပေးပါမည်။

thuyatun11363




 

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ