ရာသီဖျားနာနှင့် မြန်မာဆေးနည်းတို
ရာသီးဖျားနာနှင့် မြန်မာဆေးနည်းတို
ရာသီဥတုအကူးအပြောင်းတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါအဖျားနှင့် အညောင်းအကိုက် တွဲဖြစ်တတ်ပါတယ်။ ဆေးနည်းတိုကတော့ -
➡ ကွမ်းရွက်၊ ချင်း၊ ထန်းလျက်ပြုတ်ရည်တွင် ဆားလှော်အနည်းငယ် ထည့်သောက် ချွေးအောင်းပေးပါ။
➡ ရှမ်းဆေးခါးပင် (အစို၊ အခြောက်)ကို ထန်းလျက်ဖြင့် ကျိုသောက်ပါ။
➡ ချင်းခြောက်အမှုန့်၊ ကွမ်းရွက်ခြောက်၊ ကျပ်ခိုးသုံးမျိုးပြုတ်ရည်တွင် ဆားလှော်အနည်းငယ်ထည့် ပူပူသောက်ချွေးအောင်းပေးပါ။
➡ စမုန်စပါးရွက်ကို ဘဲဥနှင့်ရောကြော်စားလျှင် တုပ်ကွေးညောင်းကိုက်များ သက်သာစေပါတယ်။
➡ ပူဒီနာရွက်၊ ဆူးပန်းရွက်အစိမ်းကို အရည်ညှစ်၊ သတ္တုရည်ကို ဆားလှော်အနည်းငယ် ထည့်သောက်ပါ။
အထက်ပါနည်းများထဲမှ မိမိအတွက်အဆင်ပြေလွယ်ကူစေမဲ့ဆေးနည်းတစ်ခုကို တစ်ရက်နှစ်ကြိမ် သုံးကြိမ်သောက်သုံးပေးချင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
Source - KyiLwinMyint(Mudra)
Comments
Post a Comment