ကျီးပေါင်းရောဂါနှင့် မိဿလင်ကြပ်ထုပ်အစွမ်း
ကျီးပေါင်းရောဂါနဲ့ မိဿလင်ကြပ်ထုပ်ဆေးစွမ်း
ကျီးပေါင်းအတွက် အကောင်းဆုံး မိဿလင်ကြပ်ထုပ်ပြုလုပ်ပုံအဆင့်ဆင့်။ ။
ပိတ်စအဖြူ ချည်ထည် အကြမ်း အဖြူရောင် တစ်ကိုက် ဝယ်ပါ (ကြပ်ထုပ် ၃ထုပ် စာ ရသည်) မိဿလင် အမှုန့် အကြမ်းပန်းကန် တစ်လုံးစာ ကို ပိတ်စ နှစ်ထပ် ဖြင့် ထုပ်ရမည်။ နှစ်ရှည်ခါးနာ၊ ဇက်ကြောတက်ဝေဒနာသည်များ၊ ဆောင်းရာသီတွင် အအေးပတ်လျှင် ခေါင်းမူးတတ် သူများအတွက် ရေနွေးငွေ့ဖြင့် အပူပေး၍ အချိန်မရွေး ကြပ်ထုပ်ထိုးပေးနိုင်သည်။ ကြပ်ထုပ်ထိုးပါက ရေနွေးငွေ့အပူကိုသာ အသုံးပြုပေးပါ(ရေနွေးအိုးတည်ထားပြီး အိုးအဖုံးအစား ဇကာကျဲတင်ထားပြီး ၎င်းဇကာကျဲပေါ် ကြပ်ထုပ်တင်၍ အပူခံပါ။
အထုပ်နှစ်ထုပ် ပြုလုပ်ပြီး တစ်လှည့်စီ နာရီဝက်ခန့်ထိုးပါ။ မုန်ညင်းဆီ၊ နှမ်းဆီအရင် လိမ်းပြီးမှထိုးလျှင်ပို၍ ချောမွေ့ပါသည်။ ဆေးခန်းသွား၍ ငွေကုန်ခံမည့်အစားမိမိအိမ်တွင် သက်သာမည့်နည်းလမ်း ဖြစ်ပါသည်။ မိဿလင်တစ်မျိုးတည်းနှင့် ကျီးပေါင်းပြေစေပါသည်။ ဒဏ်ကြေစေနိုင်ပါသည်။ ပရဆေးဆိုင်မှာ မိဿလင်ဥဝယ်ပြီး အမှုန့်ကြိတ်လိုက်လျှင်ရပါသည်။ အခိုးထွက်သည့် ပိတ်စအကြမ်းကို အသုံးပြုပါ။ ဇက်ကျီး ပေါင်း၊ ခါးဆစ်ကျီးပေါင်းကို မိဿလင်ကြပ်ထုပ်ထိုး ပြီးလျှင် သင်္ဘောရွက်ကိုပျော့အောင် ရေနွေးခဏစိမ်ပြီးကပ်ပေးပါ။ ကျီးပေါင်းတဖြည်းဖြည်း ပါးသွားပါ လိမ့်မည်။ ဆေးပူတွေအမြဲမလိမ်းပါနှင့်။ ပရုတ်ဆီမလိမ်းပါနှင့်။ ပူလျှင်ယားလျှင် သနပ်ခါးမြစ် နှင့်သွေးလိမ်းပါ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Comments
Post a Comment