အသည်းကျွတ်ခြင်း၊အသည်းရောင်ခြင်း၊ရေဖျဉ်းနှင့်အဖျဉ်းရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည့် သပြုသီးနှင့် ၀က်နံရိုးဟင်းချို

 အသည်းကျွတ်ခြင်း၊အသည်းရောင်ခြင်း၊ရေဖျဉ်းနှင့်အဖျဉ်းရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းစေသည့် သပြုသီးနှင့် ၀က်နံရိုးဟင်းချို



======================================

ရင်၀ထိုးအောင့်သောရောဂါ၊မောပန်းခြင်း၊အပူပြင်းထန်သော အဖျား၊ချောင်းဆိုးရောဂါ၊အပူချောင်း၊

ချောင်းခြောက်ဆိုးခြင်း၊အပူလွန်အဖျား၊အဆိပ်သင့်သောအနာ၊ဒူလာသွေး၀မ်း၊မီးယပ်သွေး၀မ်း၊သွားကိုက်

သွားနာ၊ပွေးဝဲနှင်းခူများကို ပျောက်ကင်းစေသည်။အသည်းအဖျဉ်းရောဂါကိုလည်း ပျောက်ကင်းစေသည်။

အထူးခြားဆုံးအာနိသင်မှာ ခွေးရူးပြန်ရောဂါကို ပျောက်စေတတ်သည်။ခွေးကိုက်ခံရသည်နှင့် သပြုသီးကို

ဖြစ်စေ၊သပြုခေါက်ကိုဖြစ်စေ အနာပေါ်လိမ်းပေးခြင်း၊စားသောက်ခြင်းများပြုလုပ်ပါက အနာအမြန်ကျက်ပြီး

ခွေးရူးပြန်ခြင်းလုံး၀ မဖြစ်နိုင်ပါ။

လူသား၏ ခန္ဓာကိုယ်တွင် အဆိပ်အတောက်များကို အဓိက ဖယ်ရှားရသည့် အင်္ဂါအစိတ်အပိုင်းမှာ အသည်းဖြစ်သည်။

အသည်းထိခိုက်ပျက်စီးရမှု မှန်သမျှသည် ခန္ဓာကိုယ်တွင်း၀င်လာသည့် မလိုလားအပ်သော အဆိပ်အတောက်

ကို ဖယ်ရှားရခြင်းစသည့် ကြီးမားပြင်းထန်သော အလုပ်များကို လုပ်ကိုင်ရသောကြောင့် ဖြစ်၏။

နောက်ဆုံးအသည်းကောင်းစွာအလုပ်မလုပ်နိုင်သော အခါတွင်

➡အသည်းရောင်ခြင်း။

➡အသည်းကျစ်ခြင်း။

➡ရေဖျဉ်းဖြစ်ခြင်း 

- စသည့်ရောဂါဆိုးများ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုရောဂါများအတွက် သပြုသီးနှင့် ဝက်နံရိုးကိုဟင်းချိုချက်စားပါက ကောင်းကျိုးများစွာရပြီး ရောဂါသက်သာပျောက်ကင်းစေပါတယ်။

သပြုသီးနှင့် ဝက်နံရိုးဟင်းချို ပြုလုပ်နည်း


ဆေးဖက်ဝင် သပြုသီး


ဝက်နံရိိုး

=====================================

သပြုသီးမှည့်ရင့်ရင့် ၁ လုံး

ဝက်နံရိုး ၁၀ ကျပ်သား

ဆီ အနည်းငယ်

ကြက်သွန်ဖြူ၊နီ၊ဆား၊ချင်း သင့်ရုံ

ငရုတ်သီး လုံး၀မထည့်ရ

ဝက်နံရိုးများကို ကြေမွသွားအောင် ခုတ်စဉ်းထုထောင်း၍ အရွယ်တော်အတုံးများတုံးပါ။ ဆားနယ်ပါ။ ဆီ၊ကြက်သွန်ဖြူနီ၊ချင်းတို့ကို ထုထောင်းပြီးရောနယ်ပါ။ ဒယ်အိုးထဲထည့်ပြီး ရေသန့် ၁ လီတာဗူးနှစ်ဗူးထပြီးတည်ပါ။ ရေဆူပွက်လာလျှင် သပြုသီး အမှည့်များကို အမြှောင်းလိုက်လှီး၍ ထည့်ပါ။နူးပါက ကုန်အောင်စားပေးရပါမည်။ တစ်ပတ်ကို တစ်ကြိမ် သုံးပတ်လောက်စားပြီ ဓာတ်မှန်ပြန်ရိုက်ကြည့်ပါ။ အံ့သြဝမ်းသာဖွယ်ရာ အဖြေထွက်လာသည်ကိုမြင်ရပါလိမ့်မည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည်မျှဝေပါသည် ၊ မေတ္တာဖြင့်

thuyatun11363



Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ