ဆီးကျောက်တည်ခြင်းနှင့် မြန်မာဆေးနည်းတို
#ဆီးကျောက်တည်ခြင်းနှင့် မြန်မာဆေးနည်းတို
# ကျောက်ကပ်နှင့် ဆီးကျောက်တည်ရောဂါအတွက် မခွဲစိတ်ရပဲပျောက်ကင်းစေတဲ့ မြန်မာဆေးနည်းတို(လက်တွေ့ပျောက်ကင်းသောဆေးနည်းဖြစ်လို့ မျှဝေလိုက်ပါတယ်။)
ကျွန်တော်အမျိုးသမီး ၆.၂.၂၀၁၆ နေ့က မခံမရပ်နိုင်အောင် နာကျင်ဝေဒနါခံစားနေရလို့ ဆေးရုံပို့ အာထရာဆောင်းရိုက်လိုက်တော့ ကျောက်ကပ် ကျောက်တည်နေတယ် ပြောလာပါတယ်။
၇.၂.၂၀၁၆ နေ့ကစပြီး ဆေးနည်းအတိုင်း အုန်းသီးကိုစီမံပြီး မနက်တစ်လုံး ညတစ်လုံး အုန်းရေသောက်ခိုင်းတာ ၁၆.၂.၂၀၁၆ နေ့မှာတော့ လိမ္မော်သီးအစေ့ခန့်ရှိတဲ့ ကျောက်မနာမကျင်ပဲထွက်ကျလာပါတယ်။
ဆေးပြုလုပ်နည်း
➡ဆေးဖော်စပ်နည်းကတော့ အုန်းသီးကို အပေါ်ကအပေါက်သေးလေးဖောက်ပြီး ကျောက်ချဥ် ရွေးစေ့ သို့မဟုတ် သံပုရာစေ့ခန့် ထည့်ပြီး ဖောက်ထားတဲ့အခွံနဲ့ပြန်ပိတ်ထားပါ။ တစ်ညသိပ်ပြီး နောက်နေ့သောက်ရုံပါပဲ ၊ အုန်းသီးအနုဆိုပိုကောင်းပါတယ်။
ငွေးကြေးအကုန်ကြနည်းပြီး အမှန်တကယ်ပျောက်ကင်းလို့ ဆေးနည်းတိုဒါနပြုလိုက်ပါတယ်။
Credit - Ko Nyan
#thuyatun11363
Comments
Post a Comment