နှလုံးရောဂါနှင့်အသည်းရောင်အသားဝါရောဂါ တို့အတွက် ၀က်သားကြွက်နားရွက်းပေါင်း
နှလုံးရောဂါနှင့်အသည်းရောင်အသားဝါရောဂါ
တို့အတွက် ၀က်သားကြွက်နားရွက်းပေါင်း
=====================
တစ်မျိုးခြင်းပုံမှန်စွမ်းအား ကိုသာ ပေးစွမ်းနိုင်သော်လည်း အစားအစာ နှစ်မျိုးသုံးမျိုးပေါင်းစပ်လိုက်သောအခါယခင်က မပေါ်ထွက်ဖူးသေးသည့် စွမ်းအားသစ်ဖြစ် သော သဘာ၀သတ္တိထူးတစ်ခု ပေါ်ထွက်လာပါသည်။၀က်သားသည်အသည်းရောင်အသားဝါရောဂါတွင် အပူကြောင့်ဖြစ်သဖြင့် ၀က်သားသည် အကျိုးပြုနိုင်၏။နှလုံးရောဂါကို
အကျိုးပြုနိုင်၏။
ဝက််််သားကြွက်နားရွက်သည် ဒေါသသုံးပါးလုံးကို နိုင်၏။အသက်ကို ရှည်စေ၏။ကိုယ်ခံစွမ်းအားတို့ကို ကောင်းမွန်စေ၏။ထို့ကြောင့် ၀က်သားကြွက်နားရွက်ဟင်းလျာသည် နှလုံး။အသည်းရောဂါတို့အတွက် ကောင်းစွာ အကျိုးပြုနိုင်သည်။
ကြွက်နားရွက်မှို၀က်သားကြွက်နားရွက်ဟင်း(ပေါင်း)ပြုလုပ်ပုံ
======================
၀က်သားအသားသက်သက် ၁၀ ကျပ်သား
ကြွက်နားရွက် ၁ ကျပ်သား
တရုတ်ဆီးသီး (အနီ၊အမည်း) ၁ ကျပ်သား
ဆီ စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူနီ ၃ ဥ
ဆား၊ငံပြာရည်၊သကြား သင့်ရုံ
ငရုတ်ကောင်းမှုန့်
၀က်သားကို ရေဆေး၍ နုပ်နုပ်စင်းပါ။ကြက်သွန်ဖြူနီတို့ကိုလည်း စဥ်းပါ။ ကြွက်နား၇ွက်ကို လှီးထားပါ။ ဆားသကြား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်တို့ဖြင့် နှံ့အောင်နယ်ပါ။ တရုတ်ဆီးသီး အနီ၊အနက် ထည့်၍ အသားများအားလုံးအားပေါင်းအိုး (သို့ ) အဖုံးပါသော ခွက်(သို့)ချို င့်တွင်ထည့်ပြီး အဖုံးဖုံး၍ ရေနွေးအိုးအတွင်းထည့်၍ ပြုတ်ပါ။အသားများဆီသို့ ရေမ၀င်ရန်လိုသဖြင့် လေးသောပစ္စည်းတစ်ခုခုဖြင့် ဖိထားပါ။အသားကျက်လောက်လျှင် ချ၍ သုံးဆောင်နိုင်ပါသည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါသည်
Comments
Post a Comment