#အစာအိမ်သွေးကြောပေါက်ခြင်းနှင့် မြန်မာဆေးနည်းတို
# အစာအိမ်သွေးကြောပေါက်ခြင်းနှင့် မြန်မာဆေးနည်းတို
#"ဟင်းနုနွယ်ဆူးပေါက်နှင့်ဆင်နှာမောင်းပင်"
ဆေးနည်း
"ဟင်းနုနွယ်ဆူးပေါက်"
ဆေးအသုံး- ပဉ္စ(၅)ပါး၊အရွက်၊အမြစ်
ဆင်နှာမောင်းပင်(အရှင်နာဂသိန်ကျမ်း)
# အစာအိမ်သွေးကြောပေါက်နှင့် မြန်မာဆေးနည်းတို
#"ဟင်းနုနွယ်ဆူးပေါက်နှင့်ဆင်နှာမောင်းပင်"
=============================
အစာအိမ်သွေးကြောပေါက်ခဲ့ပါလျှင်
မြန်မာတိုင်းရင်းဆေးသည်ဆေးကောင်းက တစ်ခွက်ဖြင့်ပင် ရောဂါပျောက်ကင်းနိုင်၏။ ပါးစပ်မှသွေးများ တစ်စတစ်စပိုထွက်လာသည်ကို ကြည့်ရင်း ̏ဦးလေးဒီလိုဖြစ်တာဘာဆန်းလဲ… အရက်ပဲသောက်နေတာကိုး၊ ˝ စိတ်တိုတိုနှင့်ပြောမိသည်။
ဦးလေးထူး အစာအိမ်ရောဂါမှ အစာအိမ်သွေးကြောပေါက်လေခြင်းဖြစ်သည်။
အောက်ဖေါ်ပြပါဆေးနည်းဖြင့်ပျောက်ကင်းခဲ့သည်။
ဆေးနည်း
========
ဟင်းနုနွယ်ဆူးပေါက်ပင်
ဆင်နှာမောင်းပင် (၂)မျိုးစပ်သုံးရ၏။
အရွက်နှစ်မျိုးကိုဆတူခူးပြီး ပုဇွန်ခြောက်နှင့်ကြော်၍(၄)ရက် နံနက်ညစာပေးခြင်းဖြစ်သည်။ပေါက်နေသော အစာအိမ်၏ အမျှင်ဓာတ်ကို အမြန်ပိတ်အောင်ဖါထေးပေးသော စွမ်းအားရှိသည်။(၄)ရက် သောက်ပြီးက နားထားလိုက်ရမည်ဖြစ်သည်။
ထိုဆေးဖက်၀င်အစွမ်းထက်ဆေးရွက် နှစ်မျိုးအစွမ်း ကြောင့် ဦးလေးထူး အစာအိမ်သွေးကြောပေါက်ခြင်း ပျောက်ကင်းခဲ့သည်။ ဆေးလည်းဖြစ် အဟာရလည်းဖြစ်သွားသော ဟင်းနုနွယ်ဆူးပေါက်နှင့် ဆင်နှာမောင်းပင်သည် အရေးပေါ်အစာအိမ်သွေးကြောပေါက်၍ အခက်အခဲတွေ့သူများအတွက် အားကိုးဖွယ်သာ ဖြစ်မည်ထင်မိ၍ တင်ပြလိုက်ပါသည်။
"ဟင်းနုနွယ်ဆူးပေါက်"
===============
ရုက္ခဗေဒအမည်မှာ (Amaranthaceae)ဖြစ်သည်။ ဆူးရှိသောအပင်ငယ်မျိုးဖြစ်သည်။ရွက်မှာပျော့ပြောင်း နူးညံံ့ပြီး ရွက်ညှာရှည်သည်။ပန်းခိုင်ပေါ်တွင် အစိမ်းရောင်သန်းသောအဖြူပွင့်များပွင့်သည်။ ကဆုန်နယုန်လများတွင်ပွင့်လေသည်။
ဆေးအသုံး- ပဉ္စ(၅)ပါး၊အရွက်၊အမြစ်
➡ပဉ္စ(၅)ပါးကို ကြိတ်ချေညှစ်သောက်ပါက မြွေဆိပ်ကိုပြေစေနိုင်သည်ဟု ကျမ်းကဆိုသည်။
➡ပဉ္စ(၅)ပါးကို ပြုတ်သောက်သော ကိုယ်၀န်ပျက်ခြင်းမှကင်းဝေးသည်။
➡အရွက်ကို နှာခေါင်းသွေးလျံပါက အရွက်ကိုကြိတ်ချေပြီး မျက်နှာအထက်ပိုင်းကို လိမ်းပေးပါက နှာခေါင်းသွေးလျံသွေးကျပျောက်သည်။
➡အရွက်ကို ဟင်းချက်စားပါက ဆီအောင့်ကျောက် တည်ရောဂါပျောက်သည်။
➡အရွက်ညစ်ရည်ကို ပျားရည်နှင့်ရော၍ လျက်ပေးပါက သွေးအန်သွေးကျရော၊ မီးယပ်သွေးသွန်ခြင်း၊မီးယပ်ဖြူဆင်းခြင်း၊ညောင်းကျခြင်းနှင့် အဖုအပိမ့်များပေါက်ခြင်းတို့ကို ပျောက်သည်။
➡အမြစ်- ကင်းကိုက်သောနေရာအား အမြစ်ကိုရေနှင့်သွေးကာလိမ်းပါက ကင်းဆိပ်ပြေသည်။သွေးစုနာပေါ်လိမ်းပေးလည်း ပျောက်ကင်းစေသည်။
➡အကြောတက်သူတို့ အမြစ်ကိုသွေး၍လိမ်း ပေးက အကြောတက်ခြင်းပျောက်သည်။
➡အမြစ်ကို ရေနှင့်သွေးပြီး နံနက်တစ်ကြိမ် ညတစ်ကြိမ် သောက်ပေးပါက မီးယပ်လွန်ခြင်း ပျောက်သည်။
ဆင်နှာမောင်းပင်(အရှင်နာဂသိန်ကျမ်း) နှစ်မျိုးရှိသည်။ ဆင်းနှာမောင်းလေးနှင့်ဆင်နှာမောင်ကြီးဖြစ်သည်။
ဆင်နှာမောင်းကြီးသည် ခါးသောအရသာဖြစ်သည်။ပြင်းထန်သောအဖျားကို ပျောက်ကင်းစေသည်။နာကျင်ကိုက်ခဲမှုကို ပျောက်ကင်းစေသည်။အနာကိုသုတ်သင်နိုင်ပြီး အသားနုကိုတက်စေသည်။
➡အနာများရောင်တင်းသောအခါ ယင်းအရွက်ကိုပတ်တီးစည်းပေးပါက လျှင်မြန်စွာအရောင်လျော့သည်။
➡မျက်ရည်ယိုခြင်းနှင့်မျက်ခွံရောင်ခြင်း ယင်းသတ္တုရည် ကို သုတ်လိမ်းပေးပါက လျှင်မြန်စွာပျောက်ကင်းသည်။
စာကို း= အရှင်နာဂသိန်ဆေးကျမ်း/ မြန့်မာဆေးဝါးပင်များ/ရောင်ပြန်မဂ္ဂဇင်း
Crd -ရဲမျိုးသူ(ဗောဓိမြိုင်)
#thuyatun11363
Comments
Post a Comment