သွေးကျဲဆေး အစားထိုး သဘာဝဆေးနည်း

 ကြက်သွန်ဖြူစားတယ် ရေနွေးသောက်တယ် ခြေသလုံး လေ့ကျင့်ခန်းလုပ်တယ် 

*****************************************


#သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလိုပါ။



အခုတလောမှာကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရယ် ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။


သွေးမခဲအောင်ဆိုပြီးသွေးကျဲဆေးတွေသောက်ကြရတယ်။ ဒါကြောင့်သွေးကျဲဆေးဈေးတွေ မိုးပေါ်ရောက်သွားတယ်။


လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်လို့မရဘူးလားတဲ့။ ရပါတယ်။


သဘာဝနည်းနဲ့သွေးကျဲအောင်လုပ်တဲ့ နည်းကိုအခုပြောပြပါမယ်။


သွေးကျဲဆေးလိုပဲသဘာဝမှာသွေးကျဲအောင်လုပ်

ပေးနိုင်တာကတော့

#ကြက်သွန်ဖြူဖြစ်ပါတယ်။

#ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီးပိုကောင်းပါတယ်။ပြီးတော့ကမ္ဘာ့ကပ်ရောဂါ တစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်းကြက်သွန်ဖြူနဲ့ပဲအနိုင်ယူခဲ့ကြတာဖြစ်တယ်။ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက်စားပေးသင့်တယ်။


#သဘာဝမှာသွေးမခဲအောင်လုပ်ပေးနိုင်တာတစ်ခု

ရှိပါသေးတယ်။အဲဒါကတော့နနွင်းဖြစ်ပါတယ်။

နနွင်းကဆီနဲ့ဖျော်သောက်မှအူတွေကနေစုပ်ယူနိုင်

တာဖြစ်တယ်။အခုလိုအခါမှာ ဇွန်းသေးနဲ့မနက်တစ်

ဇွန်းညနေတစ်စွန်းသောက်သင့်တယ်။


နောက်တစ်ခုကတော့သံလွင်ဆီဖြစ်တယ်။ဆံချည်မျှင်

သွေးကြောလေးတွေအတွင်းထဲအထိရှင်းလင်းပေးနိုင်

တာကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။နနွင်းဖျော်

သောက်ရာမှာသံလွင်ဆီနဲ့ပဲဖျော်သောက်ကြပေါ့။


သွေးခဲတဲ့သူတွေရဲ့သွေးဟာပျစ်နေလေ့ရှိတယ်။သွေးခဲ

ခြင်းရခြင်းကသွေးပျစ်နေလို့။သွေးပျစ်ရတာ ရေသောက်

နည်းလို့။ရေများများသောက်မှသွေးကကျဲလာတာဖြစ်တယ်။ ဒါကြောင့်တစ်နေ့ကိုရေ၄လီတာလောက်သောက်ရမယ်။


#ရေ ခပ်နွေးနွေးသောက်တာအကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာအချဉ်ကြောက်ကြသူတွေများတယ်။

အချဉ်ဓါတ်စားပေးရင်သွေးကျဲတယ်။ဒါကြောင့်သံပရာရည်

ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။ အနောက်နိုင်ငံကတွေကတော့ သွေးကျဲဖို့ကီဝီသီးတွေစားလေ့ရှိပါတယ်။အခုမြန်မာပြည်မှာတော့ကင်ပွန်းချဉ်ဟင်းချိုသောက်ပြီးအဆင်ပြေနေကြပါတယ်။


သွေးထဲမှာရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကိုသွေးသည်းခြေလို့ခေါ်ပါတယ်။သွေးသည်းခြေနည်းနေရင်လည်း သွေးကပျစ်တတ်တယ်။


သွေးသည်းခြေဓါတ်အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး ၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။အခါးစားမှလည်း ဝါယောအားကောင်းပြီးသွေးလည်ပတ်မှုမှန်မှာဖြစ်တယ်။


အထိုင်များအအိပ်များရင်သွေးလေးပြီးသွေးခဲတတ်တယ်။ ဒါကြောင့် လမ်းလျှောက်ပေးရမယ်။ လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေ ညှစ်တော့မှသွေးကနှလုံးကိုတွန်းအားနဲ့ရောက်တာဖြစ်တယ်။ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေဖြစ်တယ်။ခပ်ဖြေးဖြေးလျှောက်ပေါ့။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363



Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ