အစာအိမ်နာရောဂါ အတွက် ဆေးနည်းကောင်း

 အစာအိမ်နာရောဂါ အတွက် ဆေးနည်းကောင်း



1-နာတာရှည် တစ်မျိုးလဲဖြစ်ပြီး အဖန်တလဲလဲ ထပ်ခါထပ်ခါဖြစ်လေ့ ရှိတတ်သော အစာအိမ် ပြည်တည်နာသည် ချက်ချင်းလက်ငင်း ဂရုတစိုက် ကုသခြင်း မရှိပါက သွေးထွက်ခြင်း ကဲ့သို့သော ဝေဒနာများနှင့် အခြားရောဂါများကိုပါ ထပ်တိုး ဖြစ်ပေါ်စေသည်။


2-အစာအိမ် အနာအတွက် သဘာဝဆေးနည်းဖြစ်သော အောက်ဖေါ်ပြပါ နည်းလမ်းများ ထဲမှ မိမိနဲ့ အဆင်ပြေရာကို ရွေးချယ်သုံးစွဲပါ။

ဗိုက်တာမင် အီး ၊ ငှက်ပျောသီး၊ ပျားရည် ၊ ကြက်သွန်ဖြူ ၊ ဂေါ်ဖီထုပ် ၊ နွယ်ချိုတို့ဖြစ်ကြပါတယ်။


3-ဗိုက်တာမင် အီး ၃၀၀ ဂရမ်ကို နေ့စဉ် ၇ ရက် သို့မဟုတ် ၁၀ ရက် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။


4-ငှက်ပျောသီးသည် အစာအိမ်လမ်းကြောင်း အတွင်းရှိ အချွဲရည်များကို တိုးပွားစေပြီး အစာအိမ်ကို ကာကွယ်ပေးသော အလွာတစ်ခုအဖြစ်တည်ရှိနေပြီး အနာဖြစ်ခြင်းကို ကာကွယ်ပေးသည်။ ရှိပြီးသားအနာကိုလဲ အလျှင်အမြန် ကျက်စေသည်။ တနေ့လျှင် အနဲဆုံး ၃ကြိမ် စားပါ။


5-ပျားရည်၏ အစွမ်းထက်ပုံ အမျိုးမျိုးကို သိရှိသူ အတော်များပါတယ်။ ဒီနေရာမှာတော့ ပျားရည်ဟာ အစာအိမ် အနာဖြစ်စေမဲ့ အန္တရယ်ဖြစ်စေသော ဘက်တီးရီးယားများကို သေစေပါတယ်။

ဝေဒနာ ခံစားနေရချိန်တွေမှာ ပျားရည်ကို တစ်နေ့လျှင် ထမင်းစားဇွန်း ၂ဇွန်းသောက်ပါ။ ဝေဒနာသက်သာလာလျှင် တစ်နေ့လျှင် တစ်ဇွန်းသာသောက်ပါ။


6-ကြက်သွန်ဖြူဟာလည်း အစာအိမ်အနာ ဖြစ်ပေါ်စေတတ်သော ဘက်တီးရီးယားများကို ထိန်းချုပ်နိုင်သည့် အတွက် နေ့စဉ်စားသောက်သည့် အစားအစာများတွင် ထဲ့သွင်းစားသုံးသင့်သည်။


7-ဂေါ်ဖီထုပ် ဖျော်ရည်ကို အစာအိမ် အနာနှင့် အူသိမ်ထဲတွင် ဖြစ်တတ်သော အနာများအတွက် သောက်သုံးသင့်သည်။ အစာခြေ အင်္ဂါစုအတွင်းတွင် အကျိုးပြုသော ဘက်တီးရီးယားများကို အားဖြည့်ပေးသည်။

အစာအိမ် အနာဖြစ်နေစဉ်အတွင်း နွယ်ချို အနည်းငယ်ကို ဝါး၍အရည်ကို မျိုချပါ။ (ကွမ်းဝါးသကဲ့သို့) အစာအိမ်အတွင်း အစာမရှိချိန် ဝါးလျှင်ပို၍ထိရောက်သည်။


8-အစာအိမ် အနာသက်သာလျှင် မလိုအပ်သော ဘေးထွက်ဆိုးကျိုးများ မခံစားစေရန်အတွက် နွယ်ချိုဝါးခြင်းကို ရပ်တန့်ရမည်။ သွေးတိုးရှိသူများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အသုံး မပြုပါနှင့်။

အစာအိမ် အနာကြောင့် ဝမ်းဗိုက်အတွင်းတွင် ပူလောင်သော ဝေဒနာ ခံစားရလျှင် သကြားမပါသော နွားနို့ကို သောက်နိုင်သည်။

နာကျဉ်နေသော ဝမ်းဗိုက်နေရာကို ရေနွေးအိပ်ဖြင့် ကပ်ပေးပါ။


ကျေးရွာများတွင် နေထိုင်သူများအတွက်ကတော့ ဆိတ်နို့ ရနိုင်လျှင် ကြိုချက်ခြင်း မပြုပဲ နေ့စဉ် အစာအိမ်နာ သက်သာသည် အထိသောက်ပေးပါ။


9-ဒန့်သလွန်ရွက် ၁၀ ဂရမ်ကို ထုချေ၍ ဒိန်ချဉ် ၁၀၀ ဂရမ်ခန့် ရောပြီး နေ့စဉ် အနည်းငယ် စားသုံးပါ။

အက်ဆစ်ဓာတ်များကို လျှော့ချပေးရန်အတွက် အစာအိမ် အနာခံစားရစဉ်အတွင် ရေများများသောက်ပါ။ ကော်ဖီပူ၊ လက်ဖက်ရည်ပူ၊ ကာဗွန်နိတ် ပါဝင်သော အချိုရည်များ သောက်သုံးခြင်းကို ရှောင်ရမည်။

စိတ်လှုပ်ရှားခြင်း ဒေါသထွက်ခြင်းတို့ကိုသည် အစာအိမ် အနာကို ဆိုးကျိုးသက်ရောက်စေနိုင်သဖြင့် ထိန်းချုပ်နိုင်ရန်အတွက် တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်းများ ပြုလုပ်ပေးပါ။


ဒါကြောင့် သဘာဝ ဆေးတွေကတော့ ဘေးထွက် ဆိုးကျိုးနဲနဲနှင့် အစာအိမ်နာကို သက်သာစေရန်၊ ပျောက်ကင်းစေရန်သာ မကပဲ ရေရှည်မှာပါ ကျန်းမာစွာဖြင့် နေထိုင်သွားနိုင်ပါကြောင်း ကုသိုလ်ဖြစ်မျှဝေလိုက်ပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ