အဆစ်မြစ်နာကျင်ကိုက်ခဲမှု့ကင်းဝေးစေသော ရုံးပတေသီးအစွမ်း

အဆစ်မြစ်နာကျင်ကိုက်ခဲမှု့ကင်းဝေးစေသော ရုံးပတေသီးအစွမ်း



ရုံးပတေသီး ရေနွေးဖျော် သောက်တာ အခုဆို တစ်လပြည့်သွားပါပြီ။ အကျိုးအာနိသင်ကတော့ ဒူးနာတယ်ခြေထောက်နာတယ် ကြာကြာမရပ်နိုင်ဘူး ကြာကြာလမ်းလျှောက်နိုင်ဘူး ကြာကြာမထိုင်နိုင်ဘူး ထလည်းနာထိုင်လည်းနာ တကျွတ်ကျွတ် အော်နေရတဲ့ ဟာတွေပါးစပ်က ယောင်ပြီးတောင် "နာတယ်"လို့ မထွက်လာတော့ဘူး။အသက်ငါးဆယ်ကျော်ရင် ရုံးပတေသီးကို မချစ်တောင်မှမုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။ ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့ အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။ ပေါင်းနိုင်သလောက်လည်း ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။ ဒီအသီးလေးက အရိုးအဆစ်နာကျင် ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်းရှိတာကတော့ အလွန်ကို အံ့သြသွားစေပါလိမ့်မယ်။

အသုံးပြုနည်း

➡ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး အဖုံးပါတဲ့ခွက်ထဲထည့် ရေနွေးပူပူလောင်းထည့်ပြီး အဖုံးပြန်အုပ်ထားပါ။အေးသွားမှ အရေလည်းသောက် အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။


အဓိကအရေးကြီးတဲ့အချက်က

အစာအိမ်ထဲ အစာမရှိတဲ့အချိန်မှာ စားရ သောက်ရမှာပါ။တခါထဲ ကုန်အောင်မသောက်နိုင်ရင် နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။ အစာအိမ်ထဲ အစာမရှိချိန်သောက်ဖို့ကအဓိကဖြစ်တယ်ဆိုတာ လေးကိုတော့ မမေ့စေချင်ပါဘူး။

ဒူးနာ ခြေနာ အဆစ်မြစ်နာ ဝေဒနာ ရှင်များအတွက်ကျေးဇူးများတဲ့ ဒီအသီးလေးကို ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံး ကြည့်ကြပါလို့ မေတ္တာဖြင့်တိုက်တွန်းလိုက်ပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ