တုပ်ကွေး ရောဂါ ပျောက်ကင်းစေတဲ့ အာနိသင်ရှိသော အစွမ်းထက် နာနတ်ပွင့်
တုပ်ကွေး ရောဂါ ပျောက်ကင်းစေတဲ့ အာနိသင်ရှိသော အစွမ်းထက် နာနတ်ပွင့်အကြောင်း တင်ပြလိုက်ပါတယ်
=================================
ယခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ကူးစက်ရောဂါတွေအတွက် အထူးကောင်းမွန်တဲ့ နာနတ်ပွင့်ပြုတ်ရေအကြောင်းပဲဖြစ်ပါတယ်။
နာနတ်ပွင့်ဟာ တုပ်ကွေးရောဂါကြောင့် ဖျားနာခြင်း၊အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများ၊ချောင်းဆိုးခြင်း၊နှာစေးခြင်း အစရှိတဲ့ ကူးစက်ရောဂါတွေအတွက်ဆေးစွမ်းကောင်းပါ။
အသုံးပြုပုံ
••••••••••••
ရေနွေးပွက်ပွက်ဆူအောင်တည်ပါ။ရေဆယ်ဖန်ခွက်ဆိုရင်နာနတ်ပွင့်(ပုံပြပါ)ကိုအပွင့်နှစ်ဆယ်ခန့်ထည့်ပါ။ပြီးရင်ငါးမိနစ်မှဆယ်မိနစ်လောက်ပြန်ပြုတ်ပေးပါ။
ထိုနာနတ်ပွင့်ပြုတ်ရည်ကိုလူကြီး၊ခလေးအားလုံးသောက်ပေးပါ။ဖန်ခွက်တဝက်စီလောက်သောက်ပေးပါ။ခလေးများကိုသကြားလေးအနဲငယ်ထည့်ပြီးဖျော်ရည်လေးသဖွယ်ဝင်အောင်တိုက်ပေးပါ။ယခုရောဂါဖြစ်ပွားနေချိန်တွင် တပတ်တခါလောက်သောက်ပေးပါ။ကြိုတင်ကာကွယ်ပါ။ထိုနာနတ်ပွင့်ပြုတ်ရည်သည် တုပ်ကွေးရောဂါအားလုံးကိုကာကွယ်ပေးပါသည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment