လေဖျန်း/လေဖြတ်ရောဂါနှင့် ရှောက်ဘီလူး(ခ) ရှောက်နူသီး ရဲ့ဆေးဖက်ဝင်အသုံးပြုနည်း

 လေဖျန်း/လေဖြတ် ရောဂါနှင့် ရှောက်ဘီလူး(ခ) ရှောက်နူသီး ရဲ့ဆေးဖက်ဝင်အသုံးပြုနည်း



လေဖြတ်ထားသူများအတွက် ပကတိပြန်ကောင်းစေသော ဆေးနည်းလေး ဒါနပြုလိုက်ပါတယ်။


မှတ်ထားမိတာလေး ပြန်လည်မျှဝေတာပါ ၊ ကိုယ်တိုင်လည်း သောက်သုံးဖူးတယ်။ အရသာက တော့ တော်တော် ခါးတယ်ဗျ။ အဲ့လိုလွယ်လွယ်ကူကူ နဲ့ မှီဝဲရ တာလည်း ဝါသနာပါတယ် ။


လိပ်စာ အတိကျ တော့မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တရွာက တောကျောင်း ဘုန်းတော်ကြီးတပါးရဲ့ ဆေးနည်းလေးပါ။


ဖြစ်စဉ် ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေတဓူဝ ကားမောင်းရတဲ အဖြစ်ကနေ ကိုယ်တချမ်း သေပြီး လေဖြတ်ပါတယ် ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုသော်လည်း အကောင်းတိုင်ပြန်မဖြစ်တေ့ာပါဘူး ။ ဒီလိုနဲ တယောက် စကား တယောက်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိတဲ တောကျောင်းကို မျှော်လင်ချက်များစွာနဲ ရောက်သွားချိန်မှာတော ဆရာတော်ကြီး ပေးတဲ ဆေးနည်း ကို မယုံတဝက် ယုံတဝက် နဲ ဖော်စပ် ပီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါတယ်။ နှစ်လလောက်​ေသာက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက်နိုပြီး ရောဂါ ပျောက် သွားပါသတဲ ဆေးနည်းကတော့ အောက်ပါအတိုင်း အချိုးကျဖော်စပ်ရပါတယ်။


➡ဆင်တုံးမနွယ် အစိုလက်တဆစ်ဖြတ်(၅ကျပ် သား)


➡ရေကျက်အေး ငှက်ပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာ ပုလင်း ပုံစံမျိုးကို ) ငှက်ပျောဖူး ပုလင်းဟုခေါ်သည် ။


➡ထန်းလျက် ငါးကျပ် သား ဆားတဇွန်း


➡ရှောက်နူသီး နှစ်လုံး ရှောက်ဘီလူးသီး ဟုလည်းခေါ်ကြသည် ။ရှမ်းပြည်နယ်မှာ ပေါပါတယ် ။


ထိုင်းနိုင်ငံမှာ ထို ရှောက်ဘီးလူသီးများ အိမ်တိုင်းရှိကြသည် ။ဟင်းလျာထဲမှာ ထည်၍ ချက်​ကြသည်။


ထိုသုံးမျိုးကို ဆတူ ရော၍ တပတ်တိတိ အဖုံးလုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး တနေကို ညမအိပ်ခင်  စတီဇွန်း ၂ ဇွန်းစာ လောက် နေစဉ် သောက်သုံးရင်ဖြင့် မျက်စိမှုံခြင်း အကျောတက်ခြင်း ခြေလက်ညောင်းညာခြင်း မလန်းဆန်း၍ စိတ်မအီမသာဖြစ်ခြင်း အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့ကို လက်တွေ့ပျောက် ကင်းပါတယ် ။ သွေး လေ လည်ပတ် မျှတမှု့ ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက် လေဖြတ်တဲ့ ရောဂါ မဖြတော့ ကြောင်း ထိုဆရာတော်ကြီးက အာမခံပါတယ်။

ဝေဒနာ ရှင်ဟာ ၆လ လောက်ဆွဲသောက် လိုက်ရာ အရင်တိုင်းဘဲ ကားမောင်းတဲ အလုပ်ကို အကောင်းပကဓိအတိုင်း ပြန်လုပ်နိုင်ပြီး မိသားစုနှင့် ပျော်ရွှင်စွနေထိုနေပတော့တယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ