နှလုံးနဲ့ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ

 🇨🇭နှလုံးနဲ့ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ



(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်

အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့်နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ အိပ်မပျော်တာ၊နှစ်ခြိုက်စွာ အိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင်ပါတယ်။


(၂) သွေးအားကို ထိန်းညှိပေးတယ်

အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှုများတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရောဂါရှိတဲ့ သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။


(၃) ကျောက်ကပ်အားကောင်းစေတယ်

အာတာလွတ်ဥမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။


(၄) နှလုံးအားကောင်းစေတယ်

အာတာလွတ်ဥထဲမှာပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာနှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို လျှော့ချပေး ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားပြီး သတ္တုဓာတ် ကြွယ်ဝတာကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။


(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ်

အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။ကောင်းမွန်တဲ့ ကိုလက်စရောတွေ ပါဝင်တာကြောင့်နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ သွေးအားနည်းရောဂါအပြင်၊မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။


(၆) သွေးနီဥတိုးစေတယ်

Copper နဲ့ သံဓာတ်ဟာ သွေးနီဥ အသစ်တွေဖြစ်ပေါ်စေဖို့မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ အာတာလွတ်ဥထဲမှာဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေပါတယ်။


(၇) ဉာဏ်ရည်ထက်မြက်စေတယ်

အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှုအားကောင်းစေတဲ့ ဦးနှောက်ထဲကို အောက်စီဂျင်လုံလောက်စွာရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေပါတယ်။သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ