သင်္ဘောဖိုရွက်အစွမ်းနှင့် အစာအိမ်နာရောဂါ

 သင်္ဘောဖိုရွက်အစွမ်းနှင့် အစာအိမ်နာရောဂါ



ကျွန်တော်သည် အစာအိမ်ရောင်ရောဂါကို ခံစားရသည်မှာ ၃ လ နီးပါး ရှိပါပြီ။

အစားရှောင်သော်လည်း တခါတလေ မတည့်သည့် အရာများ စားမိလျှင်လည်း လူးလှိမ့်နေအောင် ခံစားခဲ့ရပါသည်။

ဆေးရုံ ဆေးခန်းများ ပြသပြီး ကုသမှုခံယူခဲ့သော်လည်း အနည်းငယ်မျှသက်သာပြီးလျှင် မကြာခဏ ပြန်ဖြစ်သောကြောင့် ခန္ဓာကိုယ် အလေးချိန်မှာ ၁၀၁ ပေါင်မျှသာ ကျန်ရှိပါသည်။ နိုင်ငံခြားထွက်ရန် နီးလာသဖြင့် စိတ်ဓာတ်များလည်းကျခဲ့ရပါသည်။

ယခု ကျွန်တော် ရောဂါပျောက်ကင်းပြီး ကျန်းမာလန်းဆန်းလာခဲ့ပါပြီ။

သင်္ဘော(ဖို) ရွက်ဟာ ဤမျှလောက် ဆေးစွမ်းထက်မည်လို့လည်း တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ပါ။

ထို့ကြောင့် ထပ်တူရောဂါခံစားနေရသော မိတ်ဆွေများကို ဆေးနည်းကို ဝေမျှပေးပါရစေ။

သင်္ဘောဖိုရွက် (ကြီးလျှင် ၃ ရွက် အနေတော်ဆိုလျှင် ၅ ရွက်) ကို ဆုံထဲတွင် ဆားမန်ကျည်းစေ့ခန့်မျှ ထည့်၍ ရေအနည်းငယ်စီထည့်ကာ လဖက်ရည်ပန်းကန် တစ်လုံးစာမျှရသည်ထိ ထောင်းပေးပါ။

ထို့နောက် အဝတ်သန့်သန့်ဖြင့် စစ်ချကာ မနက်တစ်ခွက် ညတစ်ခွက် (၅) ရက်ဆက် သောက်သုံးပေးပါ။


ရှောင်ရန် အစားအစာများ

- အရက် ၊ ဘီယာ ၊ ကွမ်း ၊ ဆေးလိပ်။

- လဖက်ရည် ၊ ကော်ဖီ။

- အုန်းနို့ ၊ မလှိုင် အခြားအဆီပြည့် နို့ထွက်ပစ္စည်များ

- ကြက်သွန်ဖြူ/နီ ၊ ဒညင်းသီး။

- အပူ ၊ အစပ် ၊ ငရုတ်ကောင်း။

- Gas ပါသော အချိုရည်များ။

- အရမ်းချဉ်သောအစားအစာများ/အရည်များ

- အကိုက်ခဲပျောက်ဆေး။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ