ဖီးကြမ်းငှက်ပျောရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
🇨🇭 ဖီးကြမ်းငှက်ပျောရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ
* * * * * * * * * * * * * * *
(၁).ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ။
(၂).အစာအိမ်ကင်ဆာသမားများနှင့်အရိုးကင်ဆာသမားများ ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ။
(၃).စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး၃-လုံးကို ပျားရည်နဲ့ကြော်စားပါ။
(၄).ကျောက်ကပ်အားနည်း ကျောက်ကပ်နာကျင်မှုအတွက် သဘာဝပိုတက်စီယမ် ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း)ငှက်ပျောသီးကိုသာစားပါ။
(၅).အူမကြီးမြန်ဆန်စွာအလုပ်လုပ်နိုင်ရန် နှင့်အူသန့်စင်စေရန် ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကိုဆားမီးလှော် /ဆားမီးဖုတ်နဲ့တို့စားပါ။
(၆).မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများအတွက် ငှက်ပျောသီး အသား ကို ချေပီး မျက်ကွင်းအောက်နားတဝိုက်ကို ၁၀မိနစ်ခန့်သုတ်ထားပြီး ရေနွေးနွေးနဲ့ပြန်ဆေးချပါ။
(၇).ဝမ်းချုပ်ပြီး အပူအပုတ် ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ။
(၈).ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို အုန်းနို့နဲ့ပေါင်းစားပါ။
(၉).လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေသူများ ငှက်ပျောသီးကို ထိပ်နဲ့ဖင် ဖြတ် အခွံကျွမ်းအောင် မီးကင် ၍ အထဲမှအသားကိုစားပါ။
(၁၀).တင်းတိပ်နဲ့အမည်းစက်များ မီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင် ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍ ပါးပါးလူးပေးပြီးဆယ်မိနစ်မှာရေနွေးနွေးနဲ့ဆေးချပါ။
ရင်ကျပ်နေချိန် မစားရ။
နေပူပူထဲသွားလာရင်းမစားရ။
ငှက်ဖျားဖြစ်ဖူးသူများ သီးမွှေး ငှက်ပျောသီးမတည့်ပါ။
ကိုယ်ပူနေချိန် ငှက်ပျောသီး ကိုအဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ။
ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန်စားလိုပါက သီးမွှေး၊ဖီးကြမ်း ၊ ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment