နှစ်ရှည်လများ ဒူးနာ ၊ ခါနာ အဆစ်မြစ်နာကျင် ကိုက်ခဲဝေဒနာကို ပျောက်ကင်စေတဲ့ ဂွေးတောက်ရွက်နှင့် သနပ်ခါးဆေးအစွမ်း

 နှစ်ရှည်လများ ဒူးနာ ၊ ခါနာ အဆစ်မြစ်နာကျင် ကိုက်ခဲဝေဒနာကို ပျောက်ကင်စေတဲ့ ဂွေးတောက်ရွက်နှင့် သနပ်ခါးဆေးအစွမ်း

+++++++++++++++++++++++++++++++




➡အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူး ခါး လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမယ့် ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။ဂွေးတောက်ရွက် အနည်းငယ်ကိုထောင်း ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။

➡ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။

➡ကိုနိုင်ဆိုသူ ရဲ့ ဇနီးဖြစ်သူဟာ တစ်နေကုန်မိုးမိပြီး ဒူးအဆစ်ရောင်ပြီး ကိုက်ခဲသွားပါတယ်။ ဆေးပေါင်းစုံလိမ်း စမ်းကြည့်ပေမယ့်လည်း သက်သာသလိုလိုနဲ့ မကောင်းဘူး ဖြစ်နေခဲ့တယ်။

➡နောက်ဆုံး ရေအိမ်ဝင်တာတောင် မထိုင်နိုင် မထနိုင်နဲ့ တော်တော်လေး ဆိုးနေတာကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက် က ဂေါက်ရောဂါဖြစ်နေတဲ့ သူ့အမျိုးသမီးကို ထိုးဆေးနည်းနဲ့ ကုပေးရာက သက်သာပျောက်ကင်းသွားတယ်လို့ ပြောလာပါတယ်။

➡စမ်းကုကြည့်ပါဆိုတာနဲ့ ကုကြည့်လိုက်တာ တကယ် သက်သာပျောက်ကင်းလာတာကြောင့် အလားတူ ဝေဒနာရှင်များကို သက်သာစေချင်တာမို့ ဂွေးတောက် နဲ့ သနပ်ခါး ဆေးနည်း ကို တင်ပြပေးလိုက်ပါတယ်။


ဂေါက်ရောဂါ ဝေဒနာရှင်များအတွက် ခွေးတောက်နှင့် သနပ်ခါး

➡ဆေးနည်းမှာ ခွေးတောက်ရွက်ကို ရေအနည်းငယ်နှင့် ထောင်းပါ။ ၎င်းအရည်နှင့်သနပ်ခါးကို သွေး၍ ဒူးမှစ၍ ခြေဖျားထိ လိမ်းပေးရန် ဖြစ်ပါသည်။

➡ရောဂါ အနုအရင့်အလိုက် နေ့စဉ် ရေချိုးပြီး တစ်ကြိမ် ညအိပ်ယာဝင် တစ်ကြိမ် လိမ်းပေးပါ။ သိသာစွာ သက်သာ လာပါမည်။

ကိုယ်ကျန်းမာ စိတ်ချမ်းသားကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည်မျှဝေပါသည်

thuyatun11363


Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ