ညှင်း/တင်းတိပ် ပျောက်ကင်းစေသော ဆေးနည်းတိုများ

 ညှင်း/တင်းတိပ် ပျောက်ကင်းစေသော ဆေးနည်းတိုများ


ညှင်းပျောက်ကင်းစေသော ဆေးနည်းများ



➡ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်း၏။ 

➡ကန့်ကိုရေနံဆီဖြင့်သွေး၍ ညအိပ်ရာ၀င်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်း၏။

➡ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ 

➡လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။

➡လက်ချားမီးဖုတ်ပြီး သံပုရာရည်နှင့်ဖျော်လိမ်းပါက ညှင်းပျောက်ပါသည်။


တင်းတိတ်ပျောက် ဆေးနည်းတိုများ



➡ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်း၏။ 

➡လက်ပံပင်၏ဆူကို နို့ရည်နှင့်သွေး၍ တင်းတိတ်ရှိသော နေရာကို နေ့စဉ်ရက်ဆက် လိမ်းပေးပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်း၏။ 

➡ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။

➡ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။

➡နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ 

➡ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။

➡သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ 

➡ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏

Credit - Original Writer

တဆင့်ပြန်လည််မျှဝေပါသည်

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ