ကျန်းမာရေးအတွက် စားပေးသင့်တဲ့ ဂွေးတောက်ရွက်၏ ဆေးဖက်ဝင်အသုံးများ
ကျန်းမာရေးအတွက် စားပေးသင့်တဲ့ ဂွေးတောက်ရွက်၏ ဆေးဖက်ဝင်အသုံးများ
ဂွေးတောက်ရွက်သည် သလိပ်ကပ်ခြင်း၊ ချွဲထခြင်း၊ လည်ချောင်းနာခြင်း၊ လေရောဂါ၊ ညောင်းကျနာ၊ ပန်းနာရင်ကျပ်၊ ဒူလာ နှင့် ကြွက် အဆိပ်သင့်နာများကို ပျောက်ကင်းစေ ပါသည်။ ထို့အပြင် ဝမ်းမီးကို ကောင်းစေခြင်း၊ အစာကြေလွယ်စေခြင်း၊ အမျိုးသားအားကို တိုးပွါးစေခြင်း၊ အမျိုးသမီးများ အတွက် သွေးသား မှန်ကန်စေခြင်းနှင့် စိတ်ရွှင်လန်းစေခြင်း တို့ကို ဖြစ်စေပါသည်။
ဂွေးတောက်ရွက်ကို ဆေးအဖြစ် အသုံးပြုပုံများ
၁။ ဂွေးတောက်ရွက်ကို ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေထိုးလေအောင့်၊ ဆီးချုပ်ရောဂါများ ပျောက်နိုင်ပါသည်။
၂။ ဂွေးတောက်ရွက်ကို ကြိတ်၍ ၄င်းအရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။
၃။ ထန်းရည်၊ အရက်ကြာရှည်စွာ သောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေပါသည်။
၄။ အရွက်ကို မီးကင်၍ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ အနာနုလျှင် ပိန်၍ အနာရင့်လျှင် ပြည်ပေါက်၍ ပျောက်သည်။
၅။ အရွက်ကို ကြိတ်၍ အုံစည်းပေးခြင်းဖြင့် အဖုအကျိတ် များလည်း ပျောက်ကင်းသည်။
၆။ ဂွေးတောက်ရွက် ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောအဆစ် လွဲခြင်း ပျောက်သည်။
၇။ ဂွေးတောက်ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အား တိုးပွားစေသည်။
၈။ ဂွေးတောက်ရွက်ကို ခွေးရူးပြန်ဆေး၊ အန်ဆေးနှင့် သလိပ်ရွှင်ဆေး များတွင် ထည့်သွင်း အသုံးပြုသည်။
၉။ ဂွေးတောက်ရွက်ကို ကြက်ရိုးနှင့် ဟင်းရည်ပြုတ် သောက်ပါက ကာမအား တိုးစေပါသည်။
၁၀။ ဒါဏ်ဖြစ်ပြီး မကြာခဏခါးနာနေသူများ ကြက်ခြေထောက် သုံးချောင်းကို နူးအိသည်အထိ ပြုတ်ပါ ။ ပြီးလျှင် အသင့်ပြင်ထားသည့်ဂွေးတောက်ရွက် လက်တစ်ဆုပ်ကို ထိုကြက်ခြေထောက်ပြုတ်အိုးထဲသို့ သုံးမိနစ်ခန့်ထည့်မွှေပြီး ကြွေပန်းကန်ထဲသို့ထည့်သောက်ပါ။သုံးကြိမ်သောက် ပျောက်ပါပြီ။
၁၁။ ဂွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment