ဇက်ကြောတက်ရောဂါအမျိုးမျိုးနှင့် အိမ်တွင်းဆေးနည်းတိုများ
ဇက်ကြောတက်ရောဂါအမျိုးမျိုးနှင့် အိမ်တွင်းဆေးနည်းတိုများ
➕ ခေါင်းငုံ့အလုပ်လုပ်သူ၊ စာရေး စာဖတ်များ သူတို့တွင် ဖြစ်လေ့ရှိသည်။ မျက်နှာသစ်လျှင် ရေကိုလက်ခုပ်ဖြင့်ယူပြီး ဇက်ပိုးတွင်ရိုက် ပေးလျှင် သက်သာသည်ဟု ရှေးလူကြီးများ ဆိုသည်။
➕ ကွမ်းရွက်ကို မီးကင်ပြီး ဇက်ကြောတွင်ကပ်ပေးပါ။ အာလူးကို ပါးပါးလှီးပြီး ဇက်ကြောတက်သည့်နေရာတွင် ကပ်ပေးပါ။
➕ ဗာဒံရွက်ကို မီးကင်ပြီး ဇက်ကြောတက်သည့်နေရာတွင် ကပ်ပေးပါ။
➕ကြေးဇွန်းကို နွေးအောင်မီးကင်ပြီး ဇက်ကြောတက်သည့်နေရာတွင် ဖိကပ်ပေးပါ။
➕ကျီးပေါင်းကြောင့် ဇက်ကြောတက်လျှင် နနွင်းမှုန့်၊ သက်ရင်းကြီးအမြစ်မှုန့်၊ နလင်ကျော်အခေါက်မှုန့်တို့ကို မီးကျီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျှင် သက်သာစေနိုင်သည်။
➕မိဿလင်အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ်ပြီး ရေနွေးငွေ့ခံကာ ဇက်ကြောတက်သည့်နေရာတွင် ကြပ်ထုပ်ထိုးပေးပါ။
➕လက်မနှင့် လက်ညှိုးခွကြားရှိ ကြွက်သားကို ကျန်လက်တစ်ဖက်၏ လက်ညှိုးလက်မဖြင့်ဖျစ်၍ ကိုယ်တိုင်နှိပ်ပေးလျှင် ဇက်ကြောတက် သက်သာသည်ဟု အနှိပ်ကျမ်း များကဆိုသည်။
ဇက်လေးလျှင်
➕မုန်ညင်းဆီနှင့် နှမ်းဆီကို မီးနွှေးပြီး ဇက်တွင်လိမ်း၍ ဘယ်ညာလှည့်ပေးပါက ဇက်လေး သက်သာစေသည်။
ဇက်ခိုင်(ဇတ္တုထမ္ဘ)ရောဂါ
➕တန်းလျားခုံတန်းများတွင် ဇက်တင်၍အိပ်သူများ၊ ခေါင်းအုံးအမာ အိပ်သူများတွင် ဖြစ်လေ့ရှိသည်။ ပရုတ်ဆီ၊ လေးညင်းဆီ၊ မင်သော်ဆီတို့ကို ပျားဖယောင်းနှင့် ရောစပ်ကျို ပြီး ဇက်တွင်လိမ်းပေးပါ။ ဆား ကို ရေနွေးနှင့် ဖျော်ပြီး မျက်နှာသုပ်ပဝါစိမ်၍ညှစ်ပြီး ဇက်ပေါ်တွင် တင်ပေးလျှင် ချက်ချင်းသက်သာ စေသည်။
ဇက်လှည့်မရ(အုံးလွဲ)
➕မုန်ညင်းဆီကို မီးနွေးပြီး ဇက်နှင့်လက် ပြင်တွင်လိမ်းပါ။ ဆားကို အဝတ်ဖြင့်ထုပ် အပူပေးပြီး ဆားကြပ်ထုပ် ထိုးပေးပါ။ ခေါင်းအုံးကို နေပူလှန်းပြီး တုတ်ဖြင့် (လက်ပြင်ငုပ်သူက) ရိုက်ပေးလျှင် သက်သာသည်။ (ရှေးထုံး) လက်ပြင်ပေါ်တွင် အဝတ်ပါးတင်ပြီး ကြောင်၏လက်သည်းဖြင့် အသားကို မထိအောင် ကုတ်ပေးလျှင် သက်သာသည်။ (ရှေးထုံး) ကြေးဖလားကို မီးကင်ပြီး ဇက်ပိုးတွင်အုပ်ပေး လျှင် အုံးလွဲ သက်သာစေသည်။
🏆ဇက်ကြောတက် ရောဂါသည် အထိုင်များခြင်း၊ မျက်စိ အသုံးချများခြင်း၊ ဝမ်းချုပ်ခြင်း၊ လမ်းလျှောက်နည်းခြင်း စသည့်အကြောင်း အရာများ ကို ပြုပြင်ပေးနိုင်မှသာ အကင်းသက်သာပျောက်ကင်း မည့် ရောဂါ မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment