လူတိုင်းအသုံးပြုနေတဲ့ ဓာတ်ဆားများနှင့် ပက်သက်၍ သိထားရမည့် ဗဟုသုတများ
လူတိုင်းအသုံးပြုနေတဲ့ ဓာတ်ဆားများနှင့်
ပက်သက်၍ သိထားရမည့် ဗဟုသုတများ
🍶ဓာတ်ဆား
သင်မသိသေးသောအချက်များ
ယခင်က ၀မ်းပျက်၀မ်းလျှောဖြစ်တဲ့အခါမှာ ရွာလုံးကျွတ်သေကြတာတွေ ဖြစ်ဖူးပါတယ်။ တစ်ဦးနဲ့တစ်ဦးကူးစက်တာကြောင့်ပါ။သွေးပေါင်ချိန်ထိုးကျ (hypovolemic shock) ရပြီး သေသွားကြတာဖြစ်ပါတယ်။
ဒါကြောင့် ၀မ်းပျက်၀မ်းလျှောပါက အချိန်မီရေဓာတ်မဖြည့်ပေးနိုင်ပါက အသက်အန္တာရာယ်နှင့် နီးကပ်နေတာကိုတော့ သိစေချင်ပါတယ်။ ခပ်ပေါ့ပေါ့ မမှတ်စေချင်ပါဘူး။
ယနေ့ခေတ်မှာတော့ ဓာတ်ဆားထုတ်များအလွယ်တကူရနိုင်ပြီး သောက်ရကောင်းမှန်းသိလာတဲ့အတွက် ဆိုးဆိုးရွားရွားတွေတော့ အဖြစ်နည်းသွားပါပြီ။
ဒါကြောင့် မသိမဖြစ်သိသင့်တဲ့ ဓာတ်ဆားအကြောင်းကို သိထားသင့်ပါတယ်။
ဓာတ်ဆားဆိုတာဘာလဲ။ဘာအတွက်သုံးတာလဲ။
ဓာတ်ဆားဆိုတာ ကိုယ်ခနွာအတွက် လိုအပ်သော calcium, potassium နှင့် sugar တို့ကို အချိူးညီညီ ထည့်ပေးထားတာ ဖြစ်ပါတယ်။
ချွေးထွက်လို့ ဖြစ်စေ၊ဝမ်းပျက်ဝမ်းလျှောလို့ ဖြစ်စေ၊အူရောင်လို့ဖြစ်စေ အကြောင်းအမျိူးမျိူးကြောင့် ခနွာကိုယ်မှဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့အလိုအပ်ဆုံး ဖြည့်စွက်ဆေး တစ်မျိူး ဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာ ဓာတ်ဆားရည်သောက်ဖို့လိုမလဲ
နေ့စဉ်တိုင်းမှာ စားသုံးနေတဲ့အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓာတ်ဆားရည်သောက်ဖို့မလိုပေမယ့် ဒီလိုအခြေအနေမျိုးမှာ ဓာတ်ဆားရည်သောက်ဖို့လိုပါမယ်။
➡ဝမ်းပျက်ဝမ်းလျှောတဲ့အခါ၊
➡အော့အန်နေတဲ့အခါမျိုး၊
➡ဖျားနေတဲ့အခါမျိုး၊
➡ချွေးထွက်များတဲ့အခါမျိုး၊
➡တစ်နာရီကျော်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး၊
➡အချိန်အကြာကြီးနေပူထဲမှာ နေမိတဲ့အခါမျိုး၊
➡လှုပ်လှုပ်ရှားရှားလုပ်တာကြောင်းချွေးအရမ်းထွက်တဲ့အခါမျိုး၊
➡ရေဓာတ်ခမ်းခြောက်တဲ့အခါမျိုးနှင့်
➡ကြွက်တတ်တဲ့အခါမျိုး
စတာတွေမှာ ခန္ဓာကိုယ်က လျော့နည်းသွားတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ဓာတ်ဆားရည်ကို သောက်ပေးဖို့လိုအပ်ပါမယ်။
ဓာတ်ဆားက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ
➡ဓာတ်ဆားဓာတ်ဆိုတာက ကိုယ်တွင်းက အရည်ပမာဏကိုထိန်းညှိပေးတတ်တဲ့ သတ္တူဓာတ်တစ်မျိုးပါ။
➡ခန္ဓာကိုယ်ကျန်းမာနေစေဖို့နဲ့ ကောင်းမွန်စွာလှုပ်ရှားနိုင်စေဖို့အတွက် ဓာတ်ဆားဓာတ်ကမရှိမဖြစ်လိုအပ်တာပါ။
➡ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးတယ်
➡သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်
➡ကြွက်သားတွေကျုံ့ဆန့်မှုကို ကောင်းစေတယ်
➡နှလုံးကျန်းမာစေတယ်
➡သွေးတွင်း အက်ဆစ်ပမာဏကိုထိန်းညှိပေးတယ်။
ဓာတ်ဆားရည်မှာပါတဲ့ အခြေခံပါဝင်ပစ္စည်းတွေကဘာတွေလဲ
ဓာတ်ဆားရည်အများစုမှာ
(ဆိုဒီယမ်) သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ ကြွက်သားတွေကိုကျန်းမာစေပြီး အာရုံကြောစနစ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်အတွက် နေ့စဉ်စားသုံးပေးသင့်တဲ့ ဓာတ်တစ်မျိုးပါ။
(ပိုတက်ဆီယမ်) သွေးတွင်း အက်ဆစ်ပမာဏနဲ့ သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ ဆိုဒီယမ်များသွားတာကြောင်သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(မဂ္ဂနီဆီယမ်) သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကောင်းမွန်အောင်ထောက်ပံ့ပေးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ် စတဲ့ဓာတ်တွေပါဝင်နေတာပါ။
ဓာတ်ဆားရည် သောက်ပေးတာကြောင့် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေ
ဓာတ်ဆားရည် သောက်ပေးဖို့အချိန်တိုင်းမလိုအပ်ပေမယ့် အပေါ်မှာပြောခဲ့တဲ့အခြေအနေမျိုးဆိုရင်တော့ ဓာတ်ဆားရည်သောက်ပေးတာက အကောင်ဆုံးဖြစ်မှာပါ။
ဓာတ်ဆားရည်သောက်ပေးတာကြောင့်
➡ကိုယ်တွင်းရေဓာတ်ပြည့်ဝစေနိုင်တယ်၊
➡ခနွာကိုယ်အပူချိန်ကိုလျော့ကျစေနိုင်တယ်၊
➡လေ့ကျင့်ခန်းလုပ်ဆောင်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်တယ်၊
➡အပူရှပ်တာကို ကာကွယ်ပေးတယ်၊
➡အော့အန်တာ၊ ဝမ်းသွားတာကြောင့် ကုန်ဆုံးသွားတဲ့ရေဓာတ်ကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်တယ်၊
➡ကဖင်း၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေသောက်တာကြောင့်ရေဓာတ်ဆုံးရှုံးတာကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။
ဓာတ်ဆားဘယ်နှစ်မျိူးရှိသလဲ
➡လူကြီးသောက်တဲ့ဓာတ်ဆားနဲ့ကလေးသောက်တဲ့ဓာတ်ဆား ဆိုပြီးနှစ်မျိူးရှိပါတယ်။
လူကြီးသောက်ဓာတ်ဆားနဲ့ကလေးသောက်ဓာတ်ဆားကဘာတွေလဲ။
➡BPI ORS, MPF ORS တွေက လူကြီးသောက်တဲ့ ဓာတ်ဆားတွေဖြစ်ပြီး ကလေးတွေက တိုက်ရမဲ့ ဓာတ်ဆားတွေကတော့ Pharolit,Peditral တို့ ဖြစ်ပါတယ်။
ဓာတ်ဆားထုတ်ဝယ်ရင်ဘာတွေသိထားသင့်လဲ
ဓာတ်ဆားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက် (Expiry date) ပါ။
Date ကောင်းတာနဲ့တင်မပြီးပါဘူး လတ်ဆပ်မှု့ရှိနေရမယ်။အထဲကအမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။
ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ ။ ဘယ်ရေနဲ့ဖျော်ရမလဲ
➡သတိထားရမှာကရေနွေးနဲ့ မဖျော်ရသလို ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး။ ဓာတ်ပျယ်သွားတတ်ပါတယ်။
➡ဓာတ်ဆားထုတ်ကို အေးပြီး ခြောက်သွေ့တဲ့ နေရာမှာထားသိုရမှာဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ မထားသင့်ပါဘူး။
➡ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေ တလီတာ (1L) နဲ့ ဖျော်ရပါမယ်၊ တဝက်ထည့်လို့ မရပါ၊နည်းနည်းထည့်ချင်လို့မရပါ။ ငံနေလို့ဆိုပြီး အချိူလေး နည်းနည်းရောမယ်ဆိုလို့ မရပါ။အချိူထပ်ထည့်ပါက ဓာတ်ဆား၏ formula ပျက်သွားပြီး ၀မ်းပိုလွယ်သွား တတ်ပါတယ်။
➡➕➡သတိပြုရမှာကတော့ ကလေးများကိုတိုက်ရမယ့်ဓာတ်ဆားထုပ်များကိုတော့ ရေ ၂၀၀ မီလီလီတာ (200 ml) နဲ့ပဲ ဖျော်ရမှာ ဖြစ်ပါတယ်။
➡➕➡ဓာတ်ဆားကို ဖျော်ပြီး ၂၄ နာရီအတွင်း သောက်ရပါတယ်။ ဖျော်ပြီး ၂၄ နာရီ ကျော်သွားသော ဓာတ်ဆားကို မသောက်ရပါ။
ဓာတ်ဆားကိုဘယ်သူတွေ မသောက်ရဘူးလဲ
➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡➡
အလွန်ပျိူ့အန်နေသူများ၊အူလမ်းကြောင်းငြိမ်နေသူများ၊အူလမ်းကြောင်းပိတ်ဆို့နေသူများ တွင် သတိထားရှောင်ရှားသင့်ပါတယ်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Dr.Aung Lwin Phyo
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment