ဆားရည်နှင့် မိသားစုကျန်းမာရေး အန္တရာယ်ကာကွယ်ခြင်း

 ဆားရည်နှင့် မိသားစုကျန်းမာရေး အန္တရာယ်ကာကွယ်ခြင်း



တစ်နေ့တာကိုစတင်ပြီဆိုတာနဲ့ ချက်ဖို့​ပြုတ်ဖို့ဆိုတာကလည်း မလွဲပုံသေရှိနေရမှာပါ။ ကျန်းမာရေးမကောင်းရင်သာဆေးခန်းသွားကြရတာ ကိုယ်နေ့စဥ်စားသုံးနေတာတွေက ကျန်းမာရေးအတွက် အဓိကအန္တရာယ်ဖြစ်နေတယ်ဆိုတာ သတိမထားမိကြတာများပါတယ်။ စျေးကဝယ်လာတဲ့ အသားငါး ဟင်းသီးဟင်းရွက်​​​များမှာ ဓါတုဆေးဝါးတွေ များစွာကပ်ပါနေတာ အမှန်ပါ။ အဲ့ဒီ ဓာတုဆေးတွေကပဲ ခန္တာကိုယ်ကို အမြဲဒုက္ခဖြစ်စေနေတာပါ။ အဲ့တော့ ဟင်းချက်စရာတွေမှာကပ်ပါနေတဲ့ ဓာတုဆေးဝါးတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆားရည်ထဲမှာ ၁၅ မိနစ်လောက် စိမ်ပေးခြင်းပါပဲ။ ဓာတုဆေးဝါးတွေ အကုန်မသန့်စင်သွားတောင် အများစုကိုဖယ်ရှားပေးနိုင်ပါတယ်။ 

အဲ့ဒီလိုဆိုရင်တော့ စျေးမသွားခင်ကတဲက ရေဇလုံထဲကို ဆားတစ်ခုပ်လောက်ထည့်ဖျော်ခဲ့ပြီး စျေးကပြန်လာတာနဲ့ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေကို ဆားရည်နှင့်ဆေးခြင်း သိုမဟုတ် စိမ်ပေးခြင်းပြုလုပ်ပြီးမှ ချက်ပြုတ်စားသောက်ခြင်းဖြင့် ကျန်းမာရေးကို တတ်နိုင်သမျှကြိုတင်ကာကွယ်ဖို့လိုတယ်ဆို မှန် မမှန် အောက်ပါ အကြောင်းအရာများကိုသာဖတ်ကြည့်ပါတော့လေ။

ကျွန်တော်တို့⬇

သွေးပေါင်တက်လို့ သံပုရာရည်သောက်တယ်။ အရင်တုန်းက သောက်ရင် ချက်ချင်းပြန်ကျတယ်။ ခု မကျဘူး။ ဘာဖြစ်လို့လဲ လို့ သံပုရာခြံ သွားစုံစမ်းတော့ သံပုရာသေးသေးလေးတွေကို ဒီနေ့လို ဆေးနဲ့ တောက်ရင် နောက်နေ့ ရောင်းတန်းဝင်အလုံးကြီးတွေ ဖြစ်သွားတာကိုး။


ဪ သံပုရာသီးက အော်ဂင်းနစ်မှ မဟုတ်တော့ဘဲကိုး.....


ဒါနဲ့ ဈေးထဲသွားပြီး အော်ဂင်းနစ်အသီးအရွက် ရှာတယ်။ လောက်သေရွက်နဲ့၊ ပျဉ်းတော်သိမ်၊ အုန်းသီး၊ ပဲတွေ့တယ်။ ကျန်တာ ဆေး မလွတ်ဘူး။ ဆိုင်က နနွင်းမှုန့်၊ ငရုပ်သီးမှုန့်က အစ အရော။ ဒီတော့ ကျန်းမာရေးကောင်းအောင် အော်ဂင်းနစ်အသီးအနှံကို အိမ်နောက်ဖေးမှာ စိုက်ပြီး စားတယ်။ အော်ဂင်းနစ်က သွေးပေါင်ပိုတက်တယ်။


အိမ်ရှေ့မှာ ဒန့်သလွန်ပင်ကြီး စိုက်ထားသေးတယ်။ စည်ပင်က လာခုတ်လို့ အမေက ခေါင်းတုံးတုံးပစ်လိုက်တယ်။ အနုလေးတွေ ထွက်လာလို့ ဟင်းချက်စားလိုက်တာ သွေးပေါင်တက်လာလို့၊ဒန့်သလွန်စားပြီးသွေးပေါင်တက်တော့ ရှင်နာဂသိန်ရဲ့ဆေးကျမ်းတွေက မှားနေလားလို့ သံသယဝင်မိတယ်။


စီစစ်ကြည့်တော့ မဟုတ်ပြန်ဘူး။ ကျွန်တော်တို့ နေ့တိုင်း အချိုမှုန့်စားတယ်၊ လက်ဘက်ရည် သောက်တယ်၊ ရေနွေးကြမ်း သောက်တယ်၊ ထမင်း စားတယ်၊ ငှက်ပျောသီး စားတယ်၊ နွားနို့သောက်တယ်၊ ဘီယာ၊ အရက် သောက်တယ်။ စားသမျှ အစားအစာတွေက အမှန်တော့ ဓာတုဗေဒပစ္စည်းတွေ ပါဝင်ပြီးသား။


နို့ဆီဆိုပါစို့ ဘာနို့မှ မပါဘူး၊စားအုန်းဆီနဲ့ ချက်ထားတာ၊ဆိုင်က အထုပ်ကော်ဖီ၊ လက်ဘက်ရည်တွေကို ကြည့်တယ်။ တစ်ထုပ် ၂၀၀ ဆိုပါစို့၊ အိတ်ခွံခ၊ လုပ်အားခ၊ ပို့ဆောင်ခ၊ အစိုးရအခွန် စသည်ဖြင့် နှုတ်လိုက်ရင် အထဲက ကော်ဖီက ၅၀ ဖိုးလောက်ပဲ ရှိတော့တယ်။ ဒီ ၅၀ ဖိုးက ကော်ဖီအစစ်ဖြစ်နိုင်လား မဖြစ်နိုင်လား စဉ်းစားသာ ကြည့်။


ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေဟာ ပုံမှန်ဆို အော်ဂင်းနစ်အသီးအနှံစားလို့ သွေးပေါင်မတက်ဘူး။ ရှေးခေတ်က မြန်မာမုန့်ဆို အုန်းသီးကို မနည်းထည့်သုံးတာ၊ မင်္ဂလာဆောင် အုန်းနို့ခေါက်ဆွဲ ကျွေးတာ၊ အုန်းနို့ခေါက်ဆွဲဟင်းရည်က ဘဲသားနဲ့ ချက်တာနော်။ ဘာမှ မဖြစ်ဘူး။ အခု နည်းနည်းစားရင်တောင် ဖြစ်တယ်။ ​ကျွန်တော်တို့က နေ့စဉ် ဓာတုဗေဒပစ္စည်းပါတဲ့ အစားအစာတွေပဲ စားလို့ ဇီဝဖြစ်စဉ်တွေ အကုန်ပြောင်းလဲကုန်ပြီ။ ဒါ့ကြောင့် အော်ဂင်းနစ်နဲ့ မတည့် ဖြစ်ကုန်တာ၊ အော်ဂင်းနစ်စားပြီး သွေးပေါင်တက်တာ ကျနော်တို့ရဲ့ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေ ပြောင်းလဲကုန်လို့ပဲ။


မြန်မာလူမျိုးတွေ ခန္ဓာဖွဲ့စည်းပုံ ပိုညံ့လာပြီ ဆိုကတည်းက သိထားသင့်ပြီ။

စီးပွားရေးသမားတွေက နိုင်ငံ၊ လူမျိုး အနာဂတ် မတွက်ဘူး။ အဓိက က ချမ်းသာနေဖို့ပဲ ဆိုတော့ ဓာတုဗေဒပစ္စည်းတွေ သုံးနေဦးမှာပဲ။ အရက်တောင် မကောင်းတော့ဘူး။ မြန်မာဘီယာ အေးတာကနေ အအေးပြယ်တဲ့အချိန် သောက်ကြည့် ရေလောက်တောင် သောက်လို့မကောင်းဘူး။ မုယောစပါးနံ လုံးဝမရှိဘူး။ ဘီယာလည်း အမည်ခံပဲ။


ဘီယာစစ်စစ်၊ အရက်စစ်စစ်၊ ဝိုင်စစ်စစ်ဆို ကျန်းမာရေးတောင် ကောင်းသေး။ ‌ခုတော့ ကျွန်တော်တို့ဟာ သဘာဝ မဟုတ်တဲ့အရာတွေကို စားသုံးရင်း အဖက်ဖက်ကနိမ့်ကျ နေခဲ့ပြီ။ အသက်တိုတယ်၊ ရောဂါဒဏ် မခံနိုင်ဘူး၊ အရွယ်မတိုင်မီ အိုတယ်၊ ဦးဏှောက်ဥာဏ်ရည် ကျဆင်းလာတယ်၊ လူကောင်တွေ ညက်လာတယ်၊ စဉ်းစားဉာဏ်ကို ပါဝါမြှင့်သုံး မရဘူး၊ ရောဂါတွေ အစောကြီးဖြစ်တယ်။ ဒေါသတွေ ကြီးလာတယ်။


အမှန်တော့ ကျတော်တို့ မြန်မာတွေဟာ ဇီဝစစ်ပွဲ ဆင်နွှဲခြင်း ခံနေရတာပဲ။ ဇီဝစစ်ပွဲမှာ မြန်မာတွေ ရှုံးနေပြီ။ မျိုးဆက်တစ်ခုလုံး ပြင်ပစ်ဖို့လိုပြီ။

ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

Credit - Original Writer

thuyatun11363

Comments

Popular posts from this blog

ထိနံပင် (ခ) နတ်ဆေးပင် (ခ) ပြည့်စုံပင်

အမျိုးသားရောဂါ ပန်းသေ ပန်းညှိုးအတွက် ဆေးနည်းတိုများ စုစည်းမှု့

ဘောက်သီး(ခ)ဗောက်သီးပင်၏ ဆေးဖက်ဝင်အကျိုး ကျေးဇူးများ